ဒီနေ့ အင်္ဂါနေ့ညမှာတော့ အက်အေဖလားပြိုင်ပွဲတွေကို ဆက်လက်ကျင်းပဖြစ်ခဲ့ပြီး အက်အေဖလားရဲ့ ပဥ္စမအဆင့်ပွဲစဉ်တွေကို ကျင်းပခဲ့ရာ ဒီပွဲတွေထဲမှ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ရလဒ်ဆိုးတွေ ကိုယ်စီပိုင်ဆိုင်ထားခဲ့ကြတဲ့ ချယ်လ်ဆီးအသင်းနဲ့ လီဗာပူးလ်အသင်းတို့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဉ်မှာတော့ အိမ်ရှင်ချယ်လ်ဆီးအသင်းက လီဗာပူးလ်ကို ၂ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိပြီး ကွာတားဖိုင်နယ်ကို တတ်လှမ်းနိုင်ခဲ့ပါတယ်။

Photo Credit : Getty Image

အက်အေဖလားပွဲစဉ်ဖြစ်ပေမယ့်လည်း အသင်းနှစ်သင်းလုံးကတော့ ကစားသမားတွေကို အရန်တွေပဲ ရွေးချယ်လာတာမဟုတ်ပဲနဲ့ အဓိက ကစားသမားအများစုကို အရန်ကစားသမားတချို့နဲ့ ပွဲထုတ်လာခဲ့ကြတာဖြစ်ပါတယ်။ အိမ်ရှင်ချယ်လ်ဆီးအသင်းက ဂျရှး ပတ်ဒရို ဝီလီယံ ဘာကလေ ကိုဗာဆစ် ဂီလ်မော ရူဒီဂါ အက်စပီလီကွယ်တာ ဇူးမား အလွန်ဆိုနဲ့ ကယ်ပါတို့ကို အသုံးပြုခဲ့သလို ဧည့်သည်လီဗာပူးလ်မှာလည်း မာနေး အော်ရီဂီ မီနာမီနို ဖာဘင်ဟို ကာတစ်ဂျုံးစ် ဝီလီယံစ် ဂိုးမက်ဇ် ဗန်ဒိုက် ရောဘတ်ဆန်နဲ့ အက်ဒရီယန်တို့ ပါဝင်ခဲ့ပါတယ်။ ပထမပိုင်းမှာ နှစ်သင်းလုံး ကစားအားကွာခြားချက် ကြီးကြီးမားမား မရှိခဲ့ပေမယ့် လီဗာပူးလ်ကွင်းလယ်လူ ဖာဘင်ဟိုရဲ့ပေါ့ဆမှုကြောင့် ဂိုးသမားအက်ဒရီယန်တို့ရဲ့ဂိုးဖမ်းပုံ မသေသပ်မှုကနေ ဝီလီယံက အဖွင့်ဂိုးရယူနိုင်ခဲ့ပြီး အသင်းရဲ့ဂိုးပေါက်မှာ ပြန်လည်တာဝန်ပေးခံခဲ့ရတဲ့ စပိန်ဂိုးသမားကယ်ပါမှာလည်း အတော်လေးကို လက်စွမ်းပြသနိုင်ခဲ့ပါတယ်။

Photo Credit : Getty Image

အဓိက ကစားသမား တော်တော်များများကို အသုံးပြုလာခဲ့တဲ့ ချယ်လ်ဆီးဟာ လူငယ်တွေ အရန်ကစားသမားတွေကို ပိုသုံးလာခဲ့တဲ့ လီဗာပူးလ်အသင်းထက် ကစားအားပိုင်းမှာ အနည်းငယ်သာလွန်ခဲ့ပြီ ဒုတိယပိုင်းမှာလည်း ဘာကလေရဲ့အဝေးကန်ချက်ကနေ ဒုတိယမြောက်သွင်းဂိုးကို ထပ်မံပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ၂ဂိုးပြတ်နဲ့ ရှံးနိမ့်နေခဲ့ရချိန်မှာ လီဗာပူးလ်ဘက်ကနေ မီနာ ဖာမီနိုတို့ လူစားဝင်လာခဲ့ပေမယ့်လည်း ချယ်လ်ဆီးကပဲ ဂိုးရဖို့နီးစပ်ခဲ့ပြီး ပတ်ဒရို ဂျရှးတို့အဆုံးသတ်တွေ မထိရောက်ခဲ့လို့သာ ဂိုးထပ်မရခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီး ဆာလာကိုပါ ထည့်သွင်းလာခဲ့ပေမယ့် ချေပဂိုးတောင် ပြန်မရတော့ပဲ ၂ဂိုးပြတ်နဲ့ ချယ်လ်ဆီးကို အရေးနိမ့်ကာ အက်အေဖလားကနေ ထွက်ခွာခဲ့ရပါတယ်။