ဒီနေ့ Super Sunday တနင်္ဂနွေနေ့ရက်မှာတော့ ဘောလုံးဝါသနာရှင်တွေအတွက် ဘောလုံးပွဲကောင်းတွေများစွာ ရှိလို့နေပြီး ဒီပွဲတွေထဲကမှ ဒီည ၈နာရီခွဲအချိန်မှာ ကျင်းပသွားခဲ့တဲ့ ချယ်လ်ဆီးအသင်းနဲ့ အဲဗာတန်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၂၉)ပွဲကလည်း ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီး အိမ်ရှင်ချယ်လ်ဆီးအသင်းက အထူးခြေစွမ်းပြသနိုင်ခဲ့ကာ ၄ဂိုး ဂိုးမရှိနဲ့ကို ဂိုးပြတ်နိုင်ပွဲတစ်ပွဲကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

Photo Credit : Getty Image

၄-၃-၃ ကစားကွက်နဲ့ပဲ ပွဲထွက်လာခဲ့တဲ့ ချယ်လ်ဆီးအသင်းရဲ့ လူစာရင်းမှာ ဂိုးသမားကယ်ပါ ပါဝင်လာခဲ့သလို အက်အေဖလားပွဲတုန်းက ခြေစွမ်းပြခဲ့သူ ဂေးလ်မောလည်း ပါဝင်လို့လာခဲ့ပါတယ်။ အသင်းရဲ့လူစာရင်းမှာ ဝီလီယံ ဂျရှး ပတ်ဒရို မေဆန်မောင့် ဘာကလေ ဂေးလ်မော အက်စ်ပီလီကွယ်တာ ရူဒီဂါ ဇူးမား အလွန်ဆိုနဲ့ ကယ်ပါတို့ ပါဝင်လာခဲ့ပါတယ်။ ဧည့်သည်အဲဗာတန်အသင်းကလည်း ရစ်ချာလီဆန် ကဲလ်ဗတ်လီဝင် ဆီဂတ်ဆန် ဒေးဗီစ် ဂိုးမက်စ် ဘားနတ် ဒစ်ဂ်နေး ဟိုးဂိတ် ကိန်း ဆီဒီဘီ ပစ်ဖိုဒ့်တို့ကို အသုံးပြုလာခဲ့ပါတယ်။ အန်စလော့တီနဲ့ သူရဲ့တပည့်ကျော်လမ်းပတ်တို့ ပရီးမီးယားလိဂ်မှာ ပြိုင်ဘက်တွေအဖြစ် ပြန်လည်တွေ့ဆုံကြတဲ့ ဒီပွဲမှာ ပထမပိုင်းမှာတော့ အဲဗာတန်က ဘာမှမလုပ်ဆောင်ပြနိုင်ပဲ Form အတော်လေးကို အောက်လို့နေပါတယ်။ ချယ်လ်ဆီးကတော့ ပွဲအစပိုင်း မိနစ်တွေမှာပဲ ပြိုင်ဘက်အသင်းကို ထိရောက်တဲ့ထိုးဖောက်မှုတွေ ပြုလုပ်ခဲ့ပြီး သွင်းဂိုးတွေလည်း ရယူနိုင်ခဲ့ပါတယ်။ ချယ်လ်ဆီးအတွက် သွင်းဂိုးတွေကို မေဆန်မောင့်နဲ့ ပတ်ဒရိုတို့က သွင်းယူခဲ့တာဖြစ်ပြီး မေဆန်မောင့်ရဲ့ကန်ချက်ကတော့ ဒီတစ်ပတ်ရဲ့အကောင်းဆုံးဂိုးတောင် ဖြစ်လာနိုင်ပါတယ်။

Photo Credit : Getty Image

ဒုတိယပိုင်းပြန်စပြီး မိနစ်အနည်းငယ်ကြာချိန်မှာလည်း အိမ်ရှင်အသင်းရဲ့ ထိုးဖောက်မှုတွေကနေတစ်ဆင့် နောက်ထပ်သွင်းဂိုး၂ဂိုးကို ထပ်မံပိုင်ဆိုင်ခဲ့လို့ အဲဗာတန်အတွက် မျှော်လင့်ချက်နည်းပါးသွားခဲ့ရပါတယ်။ ချယ်လ်ဆီးအတွက် တတိယဂိုးနဲ့ စတုတ္ထဂိုးတွေကိုတော့ ဝီလီယံနဲ့ ဂျရှးတို့က သွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။ ၄ဂိုးအထိ သွင်းယူခံရပြီးနောက်မှာ အဲဗာတန်ရဲ့ကစားအားက ပိုလို့တောင်ကျဆင်းခဲ့ရပြီး ချယ်လ်ဆီးကလည်း အနိုင်သေချာနေပြီမို့ ရီးစ်ဂျိမ်းစ်အပြင် အသက်၁၈နှစ်သာရှိသေးတဲ့ အန်ဂျိုရန်ကိုပါ ထည့်သွင်းလာခဲ့ပါတယ်။ ဒါ့အပြင် ပွဲပြီးခါနီးမှာလည်း နောက်ထပ် ၁၈နှစ်သားလေးတစ်ဦးကို ထည့်သွင်းခဲ့ပြန်ပြီး အနိုင်ရလဒ်ကို ဆက်လက်ထိန်းသိမ်းသွားနိုင်ခဲ့ပါတယ်။