မန္ခ်က္စတာယူႏုိက္တက္နဲ႔စပါးပြဲ လီဗာပူးလ္နဲ႔အဲဗာတန္အသင္းတုိ႔ရဲ႕မာေဆးဆုိဒ္ဒါဘီ ပြဲေကာင္းေတြနဲ႔အၿပိဳင္ ပရီးမီးယားလိဂ္ ေဘာလုံးပရိသတ္ေတြအတြက္ တနည္းတစ္ဖုံနဲ႔ စိတ္လႈပ္ရွားရင္ခုန္မႈတစ္မ်ိဴးကုိ ေပးစြမ္းႏုိင္ခဲ႔တဲ့ ခ်ယ္လ္ဆီးနဲ႔ အက္စတြန္ဗီလာအသင္းတုိ႔ရဲ႕ပရီးမီးယားလိဂ္ပြဲစဥ္(၁၅)ကေတာ့ ခ်ယ္လ္ဆီးဂႏၱဝင္ေတြျဖစ္ၾကတဲ႔ လမ္းပတ္နဲ႔တယ္ရီတုိ႔ ထိပ္တုိက္ရင္ဆုိင္တဲ႔ ပြဲျဖစ္တာနဲ႔အညီ အေတာ္ေလးၾကည့္ေကာင္းခဲ႔ၿပီး ခ်ယ္လ္ဆီးက ၂ဂုိး၁ဂုိးနဲ႔ အႏုိင္ရခဲ႔ကာ ရွုံးပြဲဆက္မႈကုိ ရပ္တန္႔သြားႏုိင္ခဲ႔ပါတယ္။

Photo Credit : Getty Images

ပရီးမီးယားလိဂ္မွာ ၂ပြဲဆက္တုိက္ အေရးနိမ့္ခဲ႔ရၿပီး ရမွတ္၆မွတ္ အလဟသာျဖစ္ခဲ႔ရတဲ႔ အိမ္ရွင္ခ်ယ္လ္ဆီးအသင္းကေတာ့ ဒီေန႔မွာ အသင္းရဲ႕အဓိကတုိက္စစ္ကစားသမား ေအဘရာဟမ္ကုိ ျပန္လည္အသုံးလာခဲ႔ႏုိင္တဲ႔အျပင္ ဝီလီယံ ကန္တီ ပူလီဆစ္ ကုိဗာဆစ္ ေမဆန္ေမာင့္ အက္စပီလီကြယ္တာတုိ႔လုိ အဓိက ကစားသမားအစုံအလင္နဲ႔အတူ ပြဲထြက္လာခဲ႔ပါတယ္။ ကစားသမားေကာင္းေတြ အစုံအလင္ျပန္လည္သုံးလာႏုိင္ခဲ႔တဲ႔ ခ်ယ္လ္ဆီးအသင္းဟာ ပထမပုိင္းပြဲကစားခ်ိန္အတြင္းမွာ ဗီလာအသင္းကုိ ဖိအားေပးကစားႏုိင္ခဲၿပီး ပြဲကစားခ်ိန္ ၂၄မိနစ္မွာပဲ မႏွစ္က ဗီလာအသင္းမွာ အငွားနဲ႔ လာရာက္ကစားခဲ႔တဲ႔ တုိက္စစ္မွဴးေအဘရာဟမ္က ရီဆီဂ်ိမ္းစ္ရဲ႕ျဖတ္တင္ေဘာေနတစ္ဆင့္ ေခါင္းတုိက္သြင္းယူခဲ႔တာျဖစ္ပါတယ္။ ဒါေပမယ့္ ခံစစ္လုိအပ္ခ်က္ေတြ ရွိေနခဲ႔ရတဲ႔ ခ်ယ္လ္ဆီးခံစစ္ပုိင္းေၾကာင့္ပဲ ဧည့္သည္ဗီလာအသင္းကုိ ၄၁မိနစ္မွာ ေခ်ပဂုိးျပန္လည္ခြင့္ျပဳလုိက္ရၿပီး ထရာဇီေဂးက သြင္းယူခဲ႔ပါတယ္။

Photo Credit : Getty Images

ပထမပုိင္းမွာ ဖိအားေပးႏုိင္ခဲ႔သေလာက္ သေရရလဒ္ပဲ ရယူႏုိင္ခဲ႔တဲ႔ ခ်ယ္လ္ဆီးအသင္းဟာ ဒုတိယပုိင္း ျပန္လည္စတင္ၿပီး ၃မိနစ္အၾကာမွာ ဝီလီယံ ပူလီဆစ္ ေအဘရာဟမ္ ေမဆန္ေမာင့္တုိ႔ တြဲလုံးကေန ေမဆန္ေမာင့္က လွလွပပကန္သြင္းယူၿပီး ျပန္လည္ဦးေဆာင္ႏုိင္ခဲ႔ပါတယ္။ ပြဲေတာ္ေတာ္မ်ားမ်ားမွာ ပထမပုိင္းကစားပုံေကာင္းသေလာက္ ဒုတိယပုိင္းေရာက္တုိင္း ေျခက်သြားတတ္တဲ႔ ဗီလာကေတာ့ ထုံးစံအတုိင္းလုိပဲ ဒုတိယပုိင္းမွာ အိမ္ရွင္အသင္းကုိ လုံးဝယွဥ္မကစားႏုိင္ေတာ့ပဲ ခ်ယ္လ္ဆီးရဲ႕ဖိအားေပးမႈေအာက္မွာသာ အခ်ိန္ကုန္ေနခဲ႔ရပါတယ္။ ဘတ္ရွုအာယီ အုိဒြိဳင္းတု႔ိကုိ ထည့္သြင္းကစားခဲ႔ေပမယ့္ ခ်ယ္လ္ဆီးရဲ႕ထုိးေဖာက္မႈကေန သြင္းဂုိးေတြ ဆက္လက္ျမင္ေတြ႔ရျခင္းမရွိေတာ့ပဲ ၂ဂုိး၁ဂုိးနဲ႔သာ အႏုိင္ရသြားခဲ႔ရပါတယ္။

(Unicode)

အေဘရာဟမ် ပြန်လာမှုနဲ့အတူ နှစ်ပွဲဆက်အရှုံးကနေ လွတ်မြောက်လာခဲ့တဲ့ ချယ်လ်ဆီး

မန်ချက်စတာယူနိုက်တက်နဲ့စပါးပွဲ လီဗာပူးလ်နဲ့အဲဗာတန်အသင်းတို့ရဲ့မာဆေးဆိုဒ်ဒါဘီ ပွဲကောင်းတွေနဲ့အပြိုင် ပရီးမီးယားလိဂ် ဘောလုံးပရိသတ်တွေအတွက် တနည်းတစ်ဖုံနဲ့ စိတ်လှုပ်ရှားရင်ခုန်မှုတစ်မျိူးကို ပေးစွမ်းနိုင်ခဲ့တဲ့ ချယ်လ်ဆီးနဲ့ အက်စတွန်ဗီလာအသင်းတို့ရဲ့ပရီးမီးယားလိဂ်ပွဲစဉ်(၁၅)ကတော့ ချယ်လ်ဆီးဂန္တဝင်တွေဖြစ်ကြတဲ့ လမ်းပတ်နဲ့တယ်ရီတို့ ထိပ်တိုက်ရင်ဆိုင်တဲ့ ပွဲဖြစ်တာနဲ့အညီ အတော်လေးကြည့်ကောင်းခဲ့ပြီး ချယ်လ်ဆီးက ၂ဂိုး၁ဂိုးနဲ့ အနိုင်ရခဲ့ကာ ရှုံးပွဲဆက်မှုကို ရပ်တန့်သွားနိုင်ခဲ့ပါတယ်။

Photo Credit : Getty Images

ပရီးမီးယားလိဂ်မှာ ၂ပွဲဆက်တိုက် အရေးနိမ့်ခဲ့ရပြီး ရမှတ်၆မှတ် အလဟသာဖြစ်ခဲ့ရတဲ့ အိမ်ရှင်ချယ်လ်ဆီးအသင်းကတော့ ဒီနေ့မှာ အသင်းရဲ့အဓိကတိုက်စစ်ကစားသမား အေဘရာဟမ်ကို ပြန်လည်အသုံးလာခဲ့နိုင်တဲ့အပြင် ဝီလီယံ ကန်တီ ပူလီဆစ် ကိုဗာဆစ် မေဆန်မောင့် အက်စပီလီကွယ်တာတို့လို အဓိက ကစားသမားအစုံအလင်နဲ့အတူ ပွဲထွက်လာခဲ့ပါတယ်။ ကစားသမားကောင်းတွေ အစုံအလင်ပြန်လည်သုံးလာနိုင်ခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ ပထမပိုင်းပွဲကစားချိန်အတွင်းမှာ ဗီလာအသင်းကို ဖိအားပေးကစားနိုင်ခဲပြီး ပွဲကစားချိန် ၂၄မိနစ်မှာပဲ မနှစ်က ဗီလာအသင်းမှာ အငှားနဲ့ လာရာက်ကစားခဲ့တဲ့ တိုက်စစ်မှူးအေဘရာဟမ်က ရီဆီဂျိမ်းစ်ရဲ့ဖြတ်တင်ဘောနေတစ်ဆင့် ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ခံစစ်လိုအပ်ချက်တွေ ရှိနေခဲ့ရတဲ့ ချယ်လ်ဆီးခံစစ်ပိုင်းကြောင့်ပဲ ဧည့်သည်ဗီလာအသင်းကို ၄၁မိနစ်မှာ ချေပဂိုးပြန်လည်ခွင့်ပြုလိုက်ရပြီး ထရာဇီဂေးက သွင်းယူခဲ့ပါတယ်။

Photo Credit : Getty Images

ပထမပိုင်းမှာ ဖိအားပေးနိုင်ခဲ့သလောက် သရေရလဒ်ပဲ ရယူနိုင်ခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ ဒုတိယပိုင်း ပြန်လည်စတင်ပြီး ၃မိနစ်အကြာမှာ ဝီလီယံ ပူလီဆစ် အေဘရာဟမ် မေဆန်မောင့်တို့ တွဲလုံးကနေ မေဆန်မောင့်က လှလှပပကန်သွင်းယူပြီး ပြန်လည်ဦးဆောင်နိုင်ခဲ့ပါတယ်။ ပွဲတော်တော်များများမှာ ပထမပိုင်းကစားပုံကောင်းသလောက် ဒုတိယပိုင်းရောက်တိုင်း ခြေကျသွားတတ်တဲ့ ဗီလာကတော့ ထုံးစံအတိုင်းလိုပဲ ဒုတိယပိုင်းမှာ အိမ်ရှင်အသင်းကို လုံးဝယှဉ်မကစားနိုင်တော့ပဲ ချယ်လ်ဆီးရဲ့ဖိအားပေးမှုအောက်မှာသာ အချိန်ကုန်နေခဲ့ရပါတယ်။ ဘတ်ရှုအာယီ အိုဒွိုင်းတို့ကို ထည့်သွင်းကစားခဲ့ပေမယ့် ချယ်လ်ဆီးရဲ့ထိုးဖောက်မှုကနေ သွင်းဂိုးတွေ ဆက်လက်မြင်တွေ့ရခြင်းမရှိတော့ပဲ ၂ဂိုး၁ဂိုးနဲ့သာ အနိုင်ရသွားခဲ့ရပါတယ်။