MySport Myanmar

စတာလင်ကို ရီးယဲလ် ချယ်လ်ဆီးအသင်းတွေနဲ့အပြိုင် ဘိုင်ယန်ကပါ စိတ်ဝင်စားနေ

မန်ချက်စတာစီးတီးအသင်းမှာ ဆက်လက်ရှိနေဖို့ မသေချာတော့တဲ့ အင်္ဂလန်တောင်ပံကစားသမား ရာဟင်စတာလင်ကို ကမ်းလှမ်းသွားကြဖို့ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့က အပြိုင်စိတ်ဝင်စားနေကြသလို ဂျာမန်ဘွန်ဒစ်လီဂါ ထိပ်တန်းကလပ်အသင်းကြီး ဘိုင်ယန်မြူးနစ်ကလည်း စတာလင်ကို စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : Eurpsport

မန်စီးတီးအသင်းဟာ အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် အာလင်းဟော်လန်းနဲ့ ယူလီယန်အဲလ်ဗာရက်ဇ်တို့ နှစ်ဦးကို ခေါ်ယူထားခဲ့တာကြောင့် အသင်းတိုက်စစ်ကစားသမားတွေဖြစ်တဲ့ စတာလင် မာရက်ဇ်တို့ရဲ့ အနာဂတ် အခြေအနေတွေက လှုပ်ခတ်လာခဲ့ရသလို ဒီကစားသမားနှစ်ဦးလုံးဟာလည်း စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့တာ ဖြစ်ပါတယ်။ ကစားသမားနှစ်ယောက်လုံးဟာလည်း လက်ရှိအချိန်ထိ အသင်းနဲ့ သက်တမ်းတိုးဖို့က ကြန့်ကြာနေတဲ့ အခြေအနေသာ ရှိနေတာကြောင့် ဒီလိုအခြေအနေမျိုး ရှိနေတဲ့ စတာလင်ကို ကလပ်အသင်းတွေဘက်က စတင် စိတ်ဝင်စားလာခဲ့ကြတာ ဖြစ်ပါတယ်။

Photo Credit : The Sun

မန်စီးတီးအသင်းနဲ့ တစ်နှစ်သာ ကျန်ရှိနေတော့တဲ့ စတာလင်ကို စီးတီးရဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက် ချယ်လ်ဆီးအသင်းက ခေါ်ယူချင်နေသလို ကီလီယန်အမ်ဘာပေကို မခေါ်ယူနိုင်ခဲ့တဲ့ ရီးယဲလ်အသင်းနဲ့ လီဝန်ဒေါစကီးကို သေချာပေါက် လက်လွတ်သွားရတော့မယ့် ဘိုင်ယန်မြူးနစ်အသင်းတို့က အပြိုင်အဆိုင် အလိုရှိနေကြပြီး စတာလင်ကိုယ်တိုင်ကလည်း သူ့ကို စီးတီးအသင်းက ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် နှစ်ကျောလုံးအပြင် အက်စတွန်ဗီလာအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်မှာလည်း အသင်းရဲ့ ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတာကြောင့် အသင်းနဲ့ ဆက်လက် လက်တွဲသွားဖို့ ဆန္ဒသိပ်မရှိတော့ပဲ လက်တွဲဖြုတ်သွားချင်နေတာ ဖြစ်ပါတယ်။ အသက်(၂၇)နှစ်အရွှယ် အင်္ဂလန်လက်ရွေးစင် တောင်ပံကစားသမား စတာလင်ဟာ လာမယ့် နိုဝင်ဘာလ ကာတာနိုင်ငံမှာ ကျင်းပသွားမယ့် ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း အင်္ဂလန်လက်ရွေးစင်အသင်းအတွက် သေချာပေါက် ပါဝင်ကစားရဖို့ ကလပ်အသင်းမှာ ပွဲကစားခွင့် ရရှိနိုင်ဖို့အတွက် မန်စီးတီးမှာ ပွဲကစားခွင့် အကန့်အသတ်နဲ့ ကစားရတာထက် သူ့ကို နေရာပိုပေးနိုင်မယ့် အသင်းတစ်သင်းကိုသာ ပြောင်းရွှေ့ချင်နေသလို ပရီးမီးယားလိဂ် အသင်းတွေထက် ပြည်ပကလပ်အသင်းတွေကိုပဲ ဦးစားပေး ပြောင်းရွှေ့ဖွယ် ရှိနေရပါတယ်။

Exit mobile version