ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့ ခံစစ်ပိုင်းကို အင်အားဖြည့်တင်းသွားဖို့အတွက် ဘာစီလိုနာအသင်းရဲ့ စွယ်စုံရ နောက်ခံအစွန်လူ ကစားသမား ဆာဂျီညိုဒက်စ်ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားမှုတွေ မြင့်တတ်လာခဲ့ပြီး ဘာစီလိုနာဘက်ကနေ အလိုရှိနေကြတဲ့ မားကို့စ်အလွန်ဆို အက်ဇ်ပီလီကွယ်တာတို့ နှစ်ယောက်ထဲက တစ်ဦးဦးကို အလိုက်ပေးပြီး ကမ်းလှမ်းသွားဖို့ ရှိနေတယ်လို့ သိရှိရပါတယ်။

Report: Barcelona's valuation of right-back Sergino Dest has been revealed  as Chelsea prepare a bid for the USMNT star, according to reports in Spain.  - Sports Illustrated Chelsea FC News, Analysis and

Photo Credit : Sport Illustrated

အသက်(၂၁)နှစ်အရွှယ်ရှိ အမေရိကန်လက်ရွေးစင် full-back ကစားသမား ဆာဂျီညိုဒက်စ်ဟာ ပုံမှန်ဆိုရင် ညာနောက်ခံကစားသမားအဖြစ် ပါဝင်ကစားသူ ဖြစ်ပေမယ့်လည်း ဘယ်ခြမ်းမှာပါ ကစားတတ်သူဖြစ်လို့ ချယ်လ်ဆီးနည်းပြ သောမတ်စ်တူဟယ်လ်က အလိုရှိလာခဲ့တာ ဖြစ်ပါတယ်။ ဆာဂျီညိုဒက်စ်က ၂၀၂ဝခုနှစ်ကမှ အေဂျက်စ်ကနေ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့ ဘောလုံးရာသီ (၂)ရာသီ ဖြတ်သန်းခဲ့ပြီးနောက်မှာ အသင်းအတွက် ပွဲပေါင်း (၇၂)ပွဲအထိ ပါဝင်ကစားနိုင်ခဲ့ပြီး အသင်းနဲ့လည်း ကိုပါဒယ်ရေး ဆုဖလားကိုလည်း ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။

Chelsea told Sergino Dest transfer fee as Bayern Munich join race for  Barcelona star - football.london

Photo Credit : Football London

ဆာဂျီညိုဒက်စ်က ဘာစီလိုနာအသင်းရဲ့ အဓိကကျတဲ့ ကစားသမားတစ်ဦး ဆိုပေမယ့်လည်း ဘာစီလိုနာအသင်းက အခုနှစ် နွေစျေးကွက်အတွင်းမှာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပိုလန်တိုက်စစ်ကစားသမား ရောဘတ်လီဝန်ဒေါစကီးကို အရခေါ်ယူသွားဖို့ စီစဉ်နေတဲ့အတွက် လီဝန်ကို ပိုင်ဆိုင်ရေးအတွက် အသင်းသားတွေရဲ့ လစာတွေကို ထပ်မံလျှော့ချခြင်းတွေ လုပ်ဆောင်လာနိုင်သလို ကစားသမား ရောင်းချမှုတွေပါ လုပ်ဆောင်လာဖို့ ရှိနေပါတယ်။ ဒါ့အပြင် ခံစစ်ပိုင်းအတွက်ကိုလည်း ချယ်လ်ဆီးအသင်းရဲ့ နောက်ခံအစွန်လူတွေဖြစ်တဲ့ အသင်းခေါင်းဆောင် အက်ဇ်ပီလီကွယ်တာနဲ့ အလွန်ဆိုတို့ကိုပါ ခေါ်ယူသွားချင်နေတာဖြစ်လို့ ချယ်လ်ဆီးဘက်က အဲ့ဒီကစားသမားနှစ်ဦးထဲကမှ တစ်ဦးဦးကို အသုံးချပြီး ဆာဂျီညိုဒက်စ်ကို ပြန်လည်ခေါ်ယူသွားဖို့ ချယ်လ်ဆီးအသင်း စီစဉ်လာနိုင်ပါတယ်။ ချယ်လ်ဆီးအသင်းက လာမယ့်နွေမှာ အသင်းရဲ့ ခံစစ်ပိုင်းက ရူဒီဂါ ခရစ္စတန်ဆန်တို့အပြင် အလွန်ဆိုနဲ့ အသင်းခေါင်းဆောင် အက်ဇ်ပီလီကွယ်တာတို့အထိ လက်လွတ်ရနိုင်တာကြောင့် သူတို့နေရာအတွက် ကစားသမားသစ်တွေ ပြန်လည်အလိုရှိနေပြီး ဗဟိုခံစစ်နေရာအတွက် ဆီဗီလာနောက်ခံလူ ခွန်ဒယ်ကို ခေါ်ယူချင်နေသလို full-back နေရာအတွက် ဘာစီလိုနာရဲ့ ဆာဂျီညိုဒက်စ်နဲ့ ပီအက်စ်ဂျီရဲ့ ဟာခီမီတို့ကို ခေါ်ယူသွားချင်နေပါတယ်။