ချဲလ်ဆီးအသင်းရဲ့ ကွင်းလယ် ကစားသမား မေဆင်မောင့်ကတော့ ယခုအပတ် လီဗာပူးလ်အသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မတိုင်ခင်မှာ လက်ရှိရာသီမှာ လီဗာပူးလ်အသင်းရဲ့ စိုးမိုးမှုက နောက်ရာသီမှာ သူတို့ကို မှီနိုင်ဖို့ စိတ်ခွန်အားပေးတယ်လို့ ပြောကြားသွားခဲ့ပါတယ်။ နည်းပြ လမ်းပတ်ရဲ့ ချဲလ်ဆီးအသင်းဟာ ယခုအပတ် ဗုဒ္စဟူးနေ့ည၊ ကြာသပတေးနေ့ နံနက် (၁:၄၅) အချိန်မှာ နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းနဲ့ လက်ရှိရာသီမှာ (၄) ကြိမ်မြောက် ကစားသွားမှာ ဖြစ်ပြီး လက်ရှိမှာတော့ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အဆင့် (၃) ရရှိထားပါတယ်။

Photo Credit: Goal

နည်းပြ လမ်းပတ်ရဲ့ ချဲလ်ဆီးအသင်းဟာ လီဗာပူးလ်အသင်းကို အနိုင်ရရှိမယ်ဆိုရင် ချန်ပီယံ လိဂ် ဝင်ခွင့် ရရှိဖို့ သေချာသွားတော့မှာ ဖြစ်ပြီး နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းကတော့ ချဲလ်ဆီးအသင်းနဲ့ ကစားမယ့် ပွဲစဉ်မှာ ပရီးမီးယားလိဂ် ဆုဖလား ကိုင်မြောက်မှာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ အက်ဖ်အေ ဖလား ပြိုင်ပွဲမှာ မန်ယူအသင်းကို အနိုင်ယူပြီး ဖိုင်နယ်အဆင့် တက်လှမ်းသွားခဲ့ပြီ ဖြစ်တာကြောင့် အက်ဖ်အေ ဆုဖလားကို ရရှိနိုင်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေပြီး မေဆင်မောင့်ကတော့ ချဲလ်ဆီးအသင်းရဲ့ နောက်နှစ် ရည်မှန်းချက်ကို ပြောပြခဲ့ပါတယ်။

Photo Credit: Goal

အသင်းရဲ့ ဝက်ဆိုဒ်မှာ မေဆင်မောင့်က “လီဗာပူးလ်က လက်ရှိရာသီမှာ စိုးမိုးနိုင်သလောက် စိုးမိုးထားပြီး ဒါက နောက်ရာသီမှာ သူတို့ကို မှီနိုင်ဖို့ ခွန်အားပေးပါတယ်။ ကျွန်တော်တို့အသင်း အနေနဲ့ လက်ရှိရာသီမှာ လီဗာပူးလ်အသင်းနဲ့ (၃) ကြိမ် ထိပ်တိုက်ရင်ဆိုင်ခဲ့ပြီး သူတို့အသင်းနဲ့ ကစားတိုင်း ပြိုင်ဆိုင်မှု ပြင်းထန်ပါတယ်။ ဆုဖလား ကိုင်မြှောက်တာကို ကြည့်ရတဲ့ အချိန်မှာ ဒါက နောက်ရာသီကို သွားဖို့ စိတ်ခွန်အားပေးပါတယ်။ ကျွန်တော်ကလည်း အနိုင်ရသူ ဖြစ်ပြီး အခြားသူတွေ အောင်ပွဲခံနေတာကို မကြည့်ချင်ပါဘူး။ အထူးသဖြင့် အခြားအသင်းတွေပေါ့။ ဘယ်သူမဆို ကိုယ့်အသင်းနဲ့ပဲ အနိုင်ရချင်ကြပါတယ်။ ဒီတော့ အခြားတစ်ဦး ဖလား ရတာကို ကြည့်ဖို့က ခက်ခဲပါတယ်။ ဒါပေမယ့် သူတို့က ဒီရာသီမှာ ကောင်းခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။