MySport Myanmar

အဲဗာတန်ရဲ့ ဂေါ်ဒွန်နဲ့ အိုနာနာတို့ နှစ်ဦးကို ပစ်မှတ်ထားလာပြန်တဲ့ ချယ်လ်ဆီး

ဒီနှစ်ဘောလုံးရာသီ ဈေးကွက်နှစ်ခုလုံးမှာ ကစားသမား ခေါ်ယူမှုတွေများစွာ ပြုလုပ်ထားလျက် ရှိနေတဲ့ ချယ်လ်ဆီးအသင်းဟာ လက်ရှိအချိန်မှာလည်း အဲဗာတန်အသင်းရဲ့ တောင်ပံကစားသမား အန်တိုနီဂေါ်ဒွန်နဲ့ ကွင်းလယ်လူ အမ်မာဒူအိုနာနာတို့ နှစ်ဦးလုံးကို ပစ်မှတ်ထားလာခဲ့တယ်လို့ Daily Telegraph ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Sports Illustrated

နွေဈေးကွက်တုန်းက စတာလင် ကူလီဘလီ ကူကူရယ်လာ ဖိုဖာနာ အူဘာမီယန်းတို့ကို ခေါ်ယူထားခဲ့သလို အခု ဆောင်းဈေးကွက်ထဲမှာလည်း မာဒရစ်ခ် ဂျာအိုဖီးလစ် ဒါထရိုဖိုဖာနာ ဘာဒီအက်ရှီလီနဲ့ ဆန်းတို့စ်တို့ကို ထပ်မံ ခေါ်ယူထားခဲ့သလို ဈေးကွက်မပိတ်ခင်မှာ နောက်ထပ် ခေါ်ယူမှုတွေပါ လုပ်ဆောင်သွားဖွယ် ရှိနေတဲ့ ချယ်လ်ဆီးအသင်းဟာ အခုလည်း ပရီးမီးယားလိဂ်မှာ အခြေအနေ အတော်လေး ဆိုးရွားနေတဲ့ အဲဗာတန်အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်သော အန်တိုနီနဲ့ အိုနာနာတို့ နှစ်ယောက်လုံးကို ခေါ်ယူသွားဖို့ စိတ်ဝင်စားလာခဲ့ပြန်ပါတယ်။

Photo Credit : The Sun

အသက်(၂၁)နှစ်အရွယ်သာ ရှိနေသေးတဲ့ အဲဗာတန် အကယ်ဒမီထွက် ကစားသမားလေး ဂေါ်ဒွန်ဟာ ၂၀၂၀ခုနှစ်မှာပဲ အဲဗာတန် စီနီယာအသင်းအတွက် စတင် ပွဲထွက်ခွင့် ရရှိခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီမှာ အဲဗာတန်အတွက် ပရီးမီးယားလိဂ်ပွဲပေါင်း (၃၅)ပွဲအထိကို ပါဝင်နိုင်ခဲ့ရသလို (၄)ဂိုးလည်း သွင်းယူနိုင်ခဲ့ပါတယ်။ အဲဗာတန်အတွက် ခြေစွမ်းကောင်းတွေ ပြသလာနိုင်ခဲ့တဲ့ ဂေါ်ဒွန်ကို ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေက စိတ်ဝင်စားလာခဲ့ပြီး အဲ့ဒီအသင်းတွေထဲမှာ ချယ်လ်ဆီးလည်း ပါဝင်လာခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းက ဂေါ်ဒွန်ကို နွေဈေးကွက်မှာကတည်းက ခေါ်ယူချင်ခဲ့တာဖြစ်ပြီး အခုလည်း ချယ်လ်ဆီးက လာမယ့်နွေမှာ ဂေါ်ဒွန်ကို ခေါ်ယူသွားဖို့အတွက် ထပ်မံ စီစဉ်လာခဲ့ပြန်ပါတယ်။ ဒါ့အပြင် ချယ်လ်ဆီးက အခုနှစ် နွေဈေးကွက်မှ လိုင်လီကနေ ခေါ်ယူထားတဲ့ အဲဗာတန်အသင်းရဲ့ ဘယ်လ်ဂျီယံ ကွင်းလယ်လူ အိုနာနာကို ဂေါ်ဒွန်နဲ့ တစ်ပါတည်း ခေါ်ယူသွားချင်နေပါတယ်။ ချယ်လ်ဆီးအနေနဲ့ ဂျော်ဂျင်ဟို ကန်တေတို့ထဲက အနည်းဆုံး တစ်ဦးဦးကို အလွတ်နဲ့ ဆုံးရှုံးရနိုင်တာမို့ ဘရိုက်တန်ရဲ့ ကွင်းလယ်လူ ကိုင်စီဒိုကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားနေတဲ့အပြင် အဲဗာတန် ကွင်းလယ်လူ အိုနာနာကိုပါ စောင့်ကြည့်လို့နေတာပဲ ဖြစ်ပါတယ်။

Exit mobile version