MySport Myanmar

တိုက်စစ်မှူး လိုအပ်နေတဲ့ ချယ်လ်ဆီး ကစားသမားဟောင်း မိုရာတာကိုပါ ပြန်လည် ပစ်မှတ်ထားနေ

ဒီနွေဈေးကွက်အတွင်း ကစားသမား အဝင်အထွက် များနေတဲ့ ချယ်လ်ဆီးအသင်းဟာ ဈေးကွက်မပိတ်ခင်မှာ တိုက်စစ်မှူးတစ်ဦးခန့်လောက် ခေါ်ယူသွားဖို့ လိုအပ်နေတဲ့အတွက် ဘာစီလိုနာ တိုက်စစ်ကစားသမား အူဘာမီယန်းကို ကြိုးပမ်းလျက် ရှိနေရာ ခေါ်ယူနိုင်ဖို့က အဆင်မပြေနိုင်တဲ့ အခြေအနေမျိုး ဖြစ်နေတာကြောင့် အသင်းရဲ့ ကစားသမားဟောင်းဖြစ်သူ တိုက်စစ်မှူး အဲလ်ဗာရိုမိုရာတာကိုသာ ပြန်လည် ပစ်မှတ်ထားနေတယ်လို့ စပိန်အခြေစိုက် သတင်းမီဒီယာတွေက ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Daily Mail

လူကာကူနဲ့ တီမိုဗာနာတို့ တိုက်စစ်မှူးတွေကို သူတို့ရဲ့ သက်ဆိုင်ရာ ကလပ်အသင်းဟောင်းတွေဆီ ပြန်လည် စေလွှတ်ထားခဲ့တဲ့ ချယ်လ်ဆီးအသင်းက အခုချိန်ထိ no.9 role striker တစ်ဦးကို အစားထိုး ခေါ်ယူထားခြင်း မရှိသေးပဲ တောင်ပံတိုက်စစ် ကစားသမား ရာဟင်စတာလင်ကိုသာ ခေါ်ယူထားခဲ့ပါတယ်။ တိုက်စစ်မှူး လိုအပ်နေတဲ့ ချယ်လ်ဆီးဟာ မြို့ခံကလပ် အာဆင်နယ်ရဲ့ ကစားသမားဟောင်းဖြစ်သူ အူဘာမီယန်းကို ဘာစီလိုနာအသင်းကနေ ခေါ်ယူသွားဖို့အတွက် ကြိုးပမ်းမှုတွေ ဆက်တိုက် ပြုလုပ်ခဲ့ပေမယ့် သဘောတူညီမှု ရရှိဖို့က ကြန့်ကြာနေတာကြောင့် မိုရာတာကို ပစ်မှတ်ထားလာခဲ့တယ်လို့ သိရပါတယ်။

Photo Credit : Daily Mail

စပိန်အခြေစိုက် Sport သတင်းမီဒီယာရဲ့ ဖော်ပြချက်အရ အူဘာကို ခေါ်ယူနိုင်ဖို့ ခဲယဉ်းနေတဲ့ ချယ်လ်ဆီးဟာ အသင်းမှာ (၁)ရာသီခွဲ ပါဝင်ကစားခဲ့ရပြီး အသင်းအတွက် (၇၂)ပွဲ ကစားခဲ့ကာ (၂၄)ဂိုးထိ သွင်းယူနိုင်ခဲ့ပါတယ်။ ရီးယဲလ်ကနေ ပေါင်သန်း(၆၀)ထိ အသုံးပြုပြီး ခေါ်ယူခဲ့ရတဲ့ မိုရာတာဟာ ချယ်လ်ဆီးရဲ့ folp player ဖြစ်ခဲ့ရတာကြောင့် ၂၀၁၉ခုနှစ် ဆောင်းဈေးကွက်ထဲမှာပဲ အသက်လက်တီကိုအသင်းဆီ (၁၈)လ အငှားစာချုပ်နဲ့ အငှားချလိုက်ရတာ ဖြစ်ပါတယ်။ ကစားသမားဘဝအတွင်း ရီးယဲလ်မက်ဒရစ် ဂျုဗင်တပ်စ် ချယ်လ်ဆီးနဲ့ အသက်လက်တီကိုအသင်းတွေမှာ ပါဝင်ခဲ့ဖူးတဲ့ မိုရာတာဟာ လက်ရှိမှာတော့ အသက်လက်တီကိုအသင်းနဲ့ ဆက်လက် ပါဝင်နေတာဖြစ်ပေမယ့် သူရဲ့ အနာဂတ်က မရေမရာတဲ့ အခြေအနေမှာပဲ ရှိနေတာကြောင့် တိုက်စစ်မှူး လိုအပ်နေတဲ့ မန်ချက်စတာယူနိုက်တက်နဲ့ သတင်းထွက်ခဲ့သလို သူ့အသင်းဟောင်းတွေဖြစ်တဲ့ ဂျုဗင်တပ်စ်အပြင် ချယ်လ်ဆီးနဲ့ပါ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အသက်(၂၉)နှစ်အရွယ်ရှိ စပိန်လက်ရွေးူစင် တိုက်စစ်မှူး မိုရာတာဟာ လက်ရှိမှာ အသက်လက်တီကိုနဲ့ ၂၀၂၄ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေတာဖြစ်ပြီး အသင်းနဲ့ ဒီရာသီ လာလီဂါ (၂)ပွဲဆက် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့ရပေမယ့် သူ့အနာဂတ်က မသေချာသေးပဲ ကမ်းလှမ်းမှုတွေ ရှိလာနိုင်တာကြောင့် အပြောင်းအရွှေ့ ဈေးကွက်ပိတ်ချိန်ထိ မိုရာတာရဲ့ အနာဂတ်ကို ဆက်လက် စောင့်ကြည့်ရဖွယ် ရှိနေပါတယ်။

Exit mobile version