ချယ်လ်ဆီးအသင်းဟာ အခု ဇန်နဝါရီဈေးကွက်အတွင်းမှာပဲ အသင်းရဲ့ တတိယမြောက် ကစားသမား ခေါ်ယူမှုအဖြစ် မိုနာကိုအသင်းရဲ့ ဗဟိုခံစစ်ကစားသမားလေး ဘာဒီအက်ရှီလီကို ထပ်မံ ခေါ်ယူသွားနိုင်ဖို့အတွက် အနီးစပ်ဆုံး အခြေအနေ ဖြစ်နေပြီလို့ နာမည်ကျော် ဘောလုံးဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုကနေ ဖော်ပြလာခဲ့ပါတယ်။

Credit

ချယ်လ်ဆီးအသင်းဟာ အခု ဆောင်းဈေးကွက်အတွင်းမှာပဲ နော်ဝေကလပ် မိုလ်ဒီအသင်းရဲ့ အိုင်ဗရီကို့စ် တိုက်စစ်ကစားသမား ဒေးဗစ်ဒါထရိုဖိုဖားနားနဲ့ ဘရာဇီးလ်ကလပ် ဗက်စကိုဒါဂါးမားအသင်းရဲ့ ဘရာဇီးလ် ကွင်းလယ်ကစားသမားလေး အန်ဒရီဆန်းတို့စ်တို့ကို ခေါ်ယူထားပြီးနောက် လက်ရှိမှာလည်း မိုနာကိုအသင်းရဲ့ ပြင်သစ်ခံစစ်ကစားသမားလေး ဘာဒီအက်ရှီလီကိုပါ ထပ်မံ ချိန်ရွယ်လာခဲ့တာ ဖြစ်ပါတယ်။ အသက်(၂၁)နှစ်အရွယ်သာ ရှိနေသေးတဲ့ Centre-back ကစားသမား ဘာဒီအက်ရှီလီဟာ မိုနာကို လူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့တဲ့ အရည်အသွေး ကစားသမားကောင်းတစ်ဦးဖြစ်ပြီး ချယ်လ်ဆီး အပါအဝင် ဥရောပ ထိပ်သီးကလပ်တွေက စိတ်ဝင်စားလျက် ရှိနေပါတယ်။

Photo Credit : Goal

ချယ်လ်ဆီးအသင်းဟာ နွေဈေးကွက်မှာတုန်းက ခံစစ်ပိုင်းအတွက် နာပိုလီခံစစ်မှူး ကူလီဘလီ ၊ လက်စတာခံစစ်မှူး ဖိုဖာနာနဲ့ ဘယ်ခြမ်းခံစစ်ကစားသမား ကူကူရယ်လာတို့အတွက် ပြောင်းရွှေ့ကြေး ယူရို(၁၈၃)သန်းအထိ သုံးစွဲထားခဲ့ပေမယ့် လက်စတာကနေ ယူရိုသန်း(၈၀)နဲ့ ခေါ်ယူထားခဲ့တဲ့ ဝက်စလေဖိုဖာနာဟာ ဒဏ်ရာပြသာနာတွေနဲ့ ရုန်းကန်နေရပြီး သီယာဂိုဆေးလ်ဗားဟာလည်း လာမယ့်နှစ် နွေဈေးကွက်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်လို့ ဗဟိုခံစစ်နေရာအတွက် ဘာဒီအက်ရှီလီကို ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ချယ်လ်ဆီးဟာ ဘာဒီအက်ရှီလီကို အသင်းဆီ အရ ခေါ်ဆောင်နိုင်ဖို့အတွက် နောက်ဆုံးအဆင့်ထိ ရောက်ရှိလာခဲ့ရပြီဖြစ်ပြီး ကစားသမားကိုယ်တိုင်ကလည်း ချယ်လ်ဆီးကို ပြောင်းရွှေ့ကစားဖို့အတွက် သဘောတူညီထားခဲ့ပါတယ်။ အပြောင်းအရွှေ့ အထမြောက်သွားဖို့အတွက် ချယ်လ်ဆီးနဲ့ မိုနာကိုတို့ကြား ဘာဒီအက်ရှီလီရဲ့ ပြောင်းရွှေ့ကြေးအတွက်ကိုသာ သဘောတူညီမှု ရယူနိုင်ဖို့သာ ကျန်ရှိနေပါတော့တယ်။ ဘယ်ခြေအားသန်တဲ့ ပြင်သစ်-ကွန်ဂိုနွယ်ဖွား ဘာဒီအက်ရှီလီဟာ အရပ်(၆)ပေ(၄)လက်မထိ မြင့်မားတဲ့ ခံစစ်ကစားသမားဖြစ်ပြီး ဒီနှစ် စက်တင်ဘာလအတွင်းမှာလည်း ပြင်သစ်လက်ရွေးစင်အသင်းအတွက် စတင် ကစားပေးခွင့် ရရှိလာခဲ့ပါတယ်။