MySport Myanmar

ချယ်လ်ဆီး ဝုလ်ဗ်တို့ရဲ့ ပစ်မှတ် ဂိုးသမား ဆလိုနီနာ ရီးယဲလ်ကိုသာ ပြောင်းရွှေ့ချင်နေ

ပရီးမီးယားလိဂ် ကလပ်အသင်းတွေဖြစ်တဲ့ ချယ်လ်ဆီး ဝုလ်ဗ်အသင်းတွေရဲ့ ပစ်မှတ်ကစားသမားဖြစ်တဲ့ အမေရိကန် မေဂျာလိဂ်ကလပ် ချီကာဂိုဖိုင်းယားအသင်းရဲ့ အမေရိကန်ဂိုးသမား ဂါဘရီရယ်ဆလိုနီနာက အင်္ဂလန်ကလပ်အသင်းတွေထက် ဒီရာသီမှာ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးထားခဲ့တဲ့ လာလီဂါကလပ် ရီးယဲလ်မက်ဒရစ်အသင်းဆီကိုသာ ပြောင်းရွှေ့ကစားချင်နေတယ်လို့ သိရှိရပါတယ်။

Photo Credit : Goal

အသက်(၁၈)နှစ်အရွှယ်သာ ရှိနေသေးတဲ့ ဆယ်ကျော်သက်အရွှယ် အမေရိကန်ယူ-၂၀ ဂိုးသမား ဆလိုနီနာဟ ၂၀၁၆ခုနှစ်ကတည်းက ချီကာဂိုဖိုင်းယားအသင်းရဲ့ လူငငယ်အကယ်ဒမီကို စတင်ရောက်ရှိလာခဲ့ပြီး ၂၀၁၉ခုနှစ်မှာပဲ အသင်းနဲ့ ပရော်ဖက်ရှင်နယ်စာချုပ်ကို ချုပ်ဆိုခဲ့ပါတယ်။ အရပ်အမောင်း (၆)ပေနဲ့(၄)လက်မလောက်အထိကို မြင့်မားတဲ့ ဆလိုနီနာဟာ ပြိုင်ဘက်ကစားသမားရဲ့ 1-by-1 အခြေအနေမျိုးတွေမှာ ဂိုးကာကွယ်မှုကို အကောင်းဆုံး ပြုလုပ်နိုင်သူ ဖြစ်သလို အမှတ်မထင် ကန်သွင်းမှုတွေအတွက် သူရဲ့ တုံ့ပြန်မှုတွေက အထူးကောင်းမွန်လို့ ဒီအသက်အရွှယ်နဲ့ပင် ချီကာဂိုအသင်းရဲ့ ဦးစားပေး ဂိုးသမားအဖြစ်နဲ့ပါ ပါဝင်ခွင့် ရရှိနေတာ ဖြစ်ပါတယ်။

Photo Credit : Yahoo! Sport

ဒီလို လက်စွမ်းကောင်းတွေ ပြသလို့နေတဲ့ ဂိုးသမားဆလိုနီနာကို ဥရောပ ကလပ်အသင်းတွေက စတင်စိတ်ဝင်စားလာခဲ့ပြီး လက်ရှိမှာလည်း ရီးယဲလ် ချယ်လ်ဆီး ဝုလ်ဗ်အသင်းတွေက ဆလိုနီနာကို ခေါ်ယူသွားဖို့အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်လျက် ရှိနေသလို ရီးယဲလ်ဆိုရင်လည်း ဆလိုနီနာအတွက် ကမ်းလှမ်းမှုတစ်ရပ်ပါ လုပ်ဆောင်ထားပြီး ပယ်ချထားခံခဲ့ရပါတယ်။ ဒါပေမယ့် ရီးယဲလ်အသင်းဘက်ကတော့ ဆလိုနီနာအတွက် ကမ်းလှမ်းမှုတွေကို ထပ်မံလုပ်ဆောင်သွားဖို့ ရှိနေသလို ချယ်လ်ဆီးနဲ့ ဝုလ်ဗ်အသင်းတို့ကလည်း ဆလိုနီနာကို ခေါ်ယူနိုင်ဖို့ ဆက်တိုက် ဖိအားပေး လုပ်ဆောင်လျက် ရှိနေပါတယ်။ ဂိုးသမားလေးဆလိုနီနာကတော့ သူ့ကို စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေ အားလုံးထဲကမှ ဥရောပရဲ့ အင်အားအကြီးမားဆုံး အအောင်မြင်ဆုံး ကလပ်အသင်းဖြစ်တဲ့ ရီးယဲလ်အသင်းဆီကိုသာ ပြောင်းရွှေ့သွားချင်နေပြီး ရီးယဲလ်ဘက်က နောက်တစ်ကြိမ် ကမ်းလှမ်းမှုတွေ ထပ်မံလုပ်ဆောင်လာဖို့ပါ မျှော်လင့်လို့နေပါတယ်။ ရီးယဲလ်ဘက်ကလည်း ဆလိုနီနာကို အသင်းရဲ့ ဦးစားပေး ဂိုးသမားဖြစ်တဲ့ ကော်တိုအာရဲ့နောက် back-up ကစားသမားအဖြစ် ထားရှိဖို့အတွက် ခေါ်ယူသွားချင်နေတဲ့အပြင် ရေရှည် စီမံကိန်းအဖြစ် ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။

Exit mobile version