MySport Myanmar

တပည့်ဟောင်း ရာဘီယူကို ချယ်လ်ဆီးအသင်းဆီ ခေါ်ဆောင်ချင်နေတဲ့ တူဟယ်လ်

ဒီနှစ် နွေရာသီ အပြောင်းအရွေ့ဈေးကွက်အတွင်းမှာ ကစားသမားသစ် ခေါ်ယူမှု မရှိသေးတဲ့ ချယ်လ်ဆီးအသင်းဟာ လက်ရှိမှာတော့ အသင်းနည်းပြ သောမတ်တူဟယ်လ်ရဲ့ တပည့်ဟောင်းတစ်ဦးဖြစ်တဲ့ ပြင်သစ်ကွင်းလယ်ကစားသမား အက်ဒီရီယန်ရာဘီယူကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ်လို့ အီတလီအခြေစိုက် Tuttosport ကနေ ဖော်ကြလာခဲ့ပါတယ်။

Photo Credit : Football Talk

အသက်(၂၇)နှစ်အရွယ် ၂၀၁၀ခုနှစ်ကမှ ပီအက်စ်ဂျီ လူငယ်အသင်းဆီကို ရောက်ရှိခဲ့တာဖြစ်ပြီး ၂၀၁၂-၂၀၁၃ ဘောလုံးရာသီမှာတော့ နည်းပြကြီး အန်စလော့တီက ရာဘီယူကို စီနီယာအသင်းအတွက် စတင်ခေါ်ဆောင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာ ပီအက်စ်ဂျီအတွက် ဘောလုံးရာသီ (၇)ရာသီအထိ ပါဝင်ခဲ့ရတဲ့ ရာဘီယူဟာ ၂၀၁၉ခုနှစ်မှာပဲ ပီအက်စ်ဂျီကနေ ဂျုဗင်တပ်စ်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့ရပြီး လက်ရှိမှာတော့ ဂျုဗင်တပ်စ်နဲ့ စာချုပ်သက်တမ်း (၁)နှစ်သာ ကျန်ရှိနေတော့အချိန် သူရဲ့ အနာဂတ်ပါ မရေမရာ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : We All Follow United

ရာဘီယူဟာ ဂျုဗင်တပ်စ်အသင်းအတွက် ပြီးခဲ့တဲ့ရာသီက စီးရီးအေပွဲပေါင်း (၃၂) အပါအဝင် ပြိုင်ပွဲစုံ (၄၅)ပွဲအထိ ပါဝင်ထားခဲ့ရပေမယ့်လည်း အသင်းဘက်က ၂၀၂၃ခုနှစ်မှာ အဆုံးသတ်တော့မယ့် သူရဲ့စာချုပ်သက်တမ်းကို ထပ်မံတိုးမြှင့်သွားဖို့ plan မရှိသလို ဖြစ်နေတဲ့အပေါ် ရာဘီယူကိုယ်တိုင် စိတ်ပျက်နေရပြီး တကယ်လို့ ဂျုဗီဘက်ကလည်း ရာဘီယူကို သက်တမ်းမတိုးတော့ဘူးဆိုရင် အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်မလွတ်ရဖို့အတွက် အခုဈေးကွက်ထဲမှာပဲ ရောင်းချလိုက်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ Transfermaket မှာ ဖော်ပြထားတဲ့ ရာဘီယူရဲ့ လက်ရှိတန်ကြေးကလည်း ယူရိုသန်း(၂၀)ဝန်းကျင်သာ ရှိနေတာကြောင့် ဒါကိုမှ cut-price တန်ကြေးနဲ့သာဆိုရင် ယူရို(၁၅)သန်းလောက်နဲ့ ခေါ်ယူနိုင်ဖွယ် ရှိနေတာကြောင့် တူဟယ်လ်က သူရဲ့ချယ်လ်ဆီးအသင်းဆီ ခေါ်ဆေင်ချင်နေတာ ဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ဈေးကွက်ထဲမှာ အသင်းအတွက် ခံစစ်နေရာကို ဖြည့်တင်းဖို့ အဓိက လိုအပ်နေတာဖြစ်ပေမယ့် လူကာကူသာ ထွက်ခွာသွားရင် တိုက်စစ်နေရာနဲ့ ကွင်းလယ်ပိုင်းအတွက်တို့အတွက်လည်း ကစားသမားတချို့ လိုအပ်နေပါသေးတယ်။ လက်ရှိမှာတော့ ချယ်လ်ဆီးဟာ တိုရီနို နောက်ခံလူ ဘရီမာ မန်စီးတီး တိုက်စစ်ကစားသမား စတာလင်နဲ့ ဂျုဗင်တပ်စ် ကွင်းလယ်လူ ရာဘီယူတို့ကို ခေါ်ယူသွားဖို့ ပစ်မှတ်ထားနေပါတယ်။

Exit mobile version