အသင်းတိုက်စစ်ပိုင်းအတွက် လိုက်ပ်ဇစ်က အန်ကွန်ကူ နဲ့ ဗီလာရီးယဲလ်က နီကိုလပ်စ်ဂျက်ဆန်တို့ကို ခေါ်ယူထားခဲ့ပေမယ့်လည်း လူကာကူရဲ့ အခြေအနေတွေကြောင့် အထောင် တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူဖို့ လိုအပ်လာတဲ့ ချယ်လ်ဆီးအသင်းက ဂျုဗင်တပ်စ်ရဲ့ ဆာဘီးယား ကစားသမား ဒူဆန်ဗလာဟိုဗစ်ကို စိတ်အဝင်စားဆုံး ဖြစ်နေတယ်လို့ သိရပါတယ်။

Chelsea told they avoided £62.8m Dusan Vlahovic mistake as Romelu Lukaku  transfer eyed - Anita Abayomi - football.london

Photo Credit : Football London

လက်ရှိမှာတော့ ဂျုဗင်တပ်စ်ဘက်က ချယ်လ်ဆီးရဲ့ ဘယ်လ်ဂျီယံ တိုက်စစ်ကစားသမား လူကာကူကို ခေါ်ယူချင်နေသလို ချယ်လ်ဆီးကလည်း ဗလာဟိုဗစ်ကို အလိုရှိနေတာကြောင့် ဒီကစားသမား (၂)ယောက်နဲ့ ပတ်သက်ပြီး ချယ်လ်ဆီး နဲ့ ဂျုဗင်တပ်စ်တို့ကြား swap deal ဖြစ်လာနိုင်ဖွယ်ပါ ရှိနေပါတယ်။ ချယ်လ်ဆီးက လူကာကူကို အင်တာမီလန်ကနေ ပေါင် (၉၇.၅)သန်းလောက် သုံးစွဲပြီး ခေါ်ယူခဲ့ရတာ ဆိုပေမယ့်လည်း လူကာကူရဲ့ လက်ရှိ ခြေစွမ်းတွေကြောင့် ပေါင် သန်း(၄၀)လောက်နဲ့ပင် ရောင်းချသွားချင်နေပါတယ်။

Photo Credit : talkSPORT

ဂျုဗင်တပ်စ်ကတော့ သူတို့ရဲ့ တိုက်စစ်မှူး ဗလာဟိုဗစ်အတွက် ယူရို သန်း(၇၀)-သန်း(၈၀)လောက်အထိ အလိုရှိနေတာကြောင့် တကယ်လို့ ချယ်လ်ဆီးက ဗလာဟိုဗစ်ကို လူကာကူ အလိုက်ပေးပြီး ပြောင်းရွှေ့ကြေး တချို့နဲ့သာ ကမ်းလှမ်းလာမယ်ဆိုရင် ဒီကမ်းလှမ်းမှုကို ဂျုဗင်တပ်စ်အနေနဲ့ ဘယ်လို စဉ်းစားနိုင်မလဲဆိုတာ စိတ်ဝင်စားစရာပါ။ လတ်တလောမှာ ဗလာဟိုဗစ်ကို ချယ်လ်ဆီးလို မန်ယူနိုက်တက် နဲ့ စပါးတို့က စိတ်ဝင်စားနေတယ် ဆိုပေမယ့်လည်း ချယ်လ်ဆီးလောက်တော့ ထဲထဲဝင်ဝင် စိတ်ဝင်စားနေတာမျိုး မဟုတ်ပဲ ယူနိုက်တက်က ဟွိုင်လန်းကိုသာ လိုက်နေသလို စပါးကလည်း ကိန်းကို ရောင်းမိလိုက်မှသာ ဗလာဟိုဗစ်ကို ချဉ်းကပ်ဖွယ် ရှိနေပါတယ်။

ဒါကြောင့် ချယ်လ်ဆီး တစ်သင်းတည်းကပဲ ဗလာဟိုဗစ်ကို စိတ်အဝင်စားဆုံး ဖြစ်လို့နေပြီး အာဆင်နယ် လူငယ် ကစားသမား ဘာလိုဂန်နဲ့ပါ သတင်းထွက်နေသည့်တိုင် ချယ်လ်ဆီးက ဗလာဟိုဗစ်ကိုသာ main target အဖြစ် သတ်မှတ်ထားနေဆဲ ဖြစ်ပါတယ်။