ဒီနှစ်ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲဝင်နေလျက်ရှိတဲ့ ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ဆောင်းရာသီစျေးကွက်တုန်းက ခေါ်ယူနိုင်ဖို့ ကမ်းလှမ်းခဲ့ရာ အောင်မြင်ခြင်းမရှိခဲ့တဲ့ အေဂျက်စ်အသင်းရဲ့မော်ရိုကို ကွင်းလယ်တိုက်စစ်ကစားသမား ဟာကင်ဇီယက်ရှ်ကို လာမယ့်နွေစျေးကွက်အတွင်းမှာ ခေါ်ယူဖို့အတွက် ထပ်မံကြိုးပမ်းလျက်ရှိခဲ့ရာ ဇီယက်ရှ်အတွက် ပြောင်းရွှေ့ကြေး ပေါင်၃၈သန်းနဲ့ ခေါ်ယူနိုင်ဖို့အတွက် သဘောတူညီမှု ရယူနိုင်ခဲ့ပြီဖြစ်တယ်လို့ နယ်သာလန်သတင်းမီဒီယာတစ်ခုဘက်ကန ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Getty Images

အသက်၂၆နှစ်အရွှယ် မော်ရိုကိုလက်ရွေးစင် ကွင်းလယ်တိုက်စစ်ကစားသမား ဇီယက်ရှ်ဟာ သူရဲ့စီနီယာကစားသမားဘဝကို နယ်သာလန်ဘောလုံးပြိုင်ပွဲမှာပဲ စတင်ခဲ့တာဖြစ်ပြီး ဟီရန်ဗင်း တွမ်တီးအသင်းတွေမှာ ဆက်တိုက်ပါဝင်ကစားခဲ့ကာ ၂၀၁၆ခုနှစ်မှာပဲ အေဂျက်စ်အသင်းဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ ဇီယက်ရှ်ဟာ မနှစ်တုန်းက ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဘောလုံးပြိုင်ပွဲအတွင်း အေဂျက်စ်အသင်းနဲ့အတူ ခြေစွမ်းတွေ ပြသနိုင်ခဲ့တာကြောင့် ကလပ်အသင်းပေါင်းများစွာနဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ရလာပြီး UEFA Champions League ရဲ့ အကောင်းဆုံးကစားသမားအယောက်၂၀စာရင်းမှာ ပါဝင်လာခဲ့ရပါတယ်။

Photo Credit : Getty Images

ဒါကြောင့်မို့ ဒီကစားသမားကို ချယ်လ်ဆီးအသင်းက ပြီးခဲ့တဲ့ ဆောင်းရာသီစျေးကွက်ကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းခဲ့ရာမှာ မအောင်မြင်ခဲ့တာကြောင့် လာမယ့်နွေစျေးကွက်မှာ သေချာပေါက်ခေါ်ယူနိုင်အောင် အသင်းဘက်ကနေ ထပ်မံကြိုးပမ်းလာခဲ့ပြီး ပြောင်းရွှေ့ကြေး ပေါင်၃၈သန်းနဲ့ ခေါ်ယူနိုင်ဖို့ နှုတ်အားနဲ့ ကြိုတင်သဘောတူညီမှု ရရှိထားနိုင်ပြီလို့ De Telegraaf သတင်းဌာနကနေ ဖော်ပြလာခဲ့ပါတယ်။ ဒါပေမယ့်လည်း ချယ်လ်ဆီးအသင်းအနေနဲ့ ဇီယက်ရှ်ကို ခေါ်ယူနိုင်ဖို့အတွက် လာမယ့်ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိနိုင်ဖို့ လိုအပ်လျက်ရှိနေပြီး တကယ်လို့များ ချယ်လ်ဆီးအသင်းဘက်ကနေ ဒီရာသီမှာ အဆင့်၄အတွင်း မဝင်ခဲ့ဘူးဆိုရင် ဇီယက်ရှ်ကို ခေါ်ယူဖို့ လက်လွတ်ရနိုင်ပါတယ်။ လက်ရှိမှာ ချယ်လ်ဆီးအသင်းက အမှတ်ပေးဇယားရဲ့ အဆင့်၄နေရာမှာ ရပ်တည်နေတယ်ဆိုပေမယ့်လည်း အဆင့်၅နေရာကို ရောက်ရှိနေတဲ့ ရှက်ဖီးယူနိုက်တက်အသင်းနဲ့ ၂မှတ်ပဲ ကွာဟနေတာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် စိတ်မချရတဲ့ အနေအထားမှာရှိနေရပါတယ်။