MySport Myanmar

လာမယ့် ၄၈နာရီအတွင်း ချယ်လ်ဆီးရဲ့ ကစားသမား ဖြစ်လာတော့မယ့် ဖိုဖာနာ

ပရီးမီးယားလိဂ်ရဲ့ ဖျက်မြင်းအသင်း တသင်း ဖြစ်တဲ့ လက်စတာ စီးတီးက သူတို့အသင်းရဲ့ အဓိက ဗဟိုနောက်ခံလူ ဝက်စ်လေ ဖိုဖာနာကို လန်ဒန်မြို့ခံ အင်အားကြီးကလပ် ချယ်လ်ဆီးထံ ရောင်းချဖို့ သဘောတူလိုက်ကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

ချယ်လ်ဆီးက သူတို့အသင်းရဲ့ အားနည်းနေတဲ့ ခံစစ်ပိုင်း အတွက် ဖိုဖာနာကို ခေါ်ယူဖို့ ယခုလ တလလုံး အပြင်းအထန် ကြိုးပမ်းခဲ့တာ ဖြစ်ပြီး ယခုအချိန်မှာတော့ သူတို့ရဲ့ ကြိုးစား အားထုတ်မှုတွေ အရာထင်ခဲ့ပြီလို့ ပြောနိုင်ပါတယ်။

Photo Credit: Sky Sports

အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ ပြင်သစ် ယူ-၂၁ လက်ရွေးစင် ဗဟိုနောက်ခံလူ ဖိုဖာနာက လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး လူငယ်ခံစစ်မှူးတွေထဲက တဦး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး ချယ်လ်ဆီးနည်းပြ တူဟယ်လ်ကတော့ သူ့ကို အသင်းရဲ့ အနာဂတ် အဖြစ် ရှုမြင်ထားပါတယ်။

နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက ဖိုဖာနာကို စုစုပေါင်း ပြောင်းရွှေ့ကြေး ပေါင် ၇၅သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီး ဖိုဖာနာဟာ ယခု သီတင်းပတ်ကုန် အတွင်း ချယ်လ်ဆီးရဲ့ ကစားသမားသစ် ဖြစ်လာတော့မယ်လို့ သိရပါတယ်။

Photo Credit: Sky Sports

ချယ်လ်ဆီးက ဖိုဖာနာအတွက် လက်စတာ စီးတီးထံ စုစုပေါင်း ပြောင်းရွှေ့ကြေး ပေါင် ၇၅သန်း ပေးချေခဲ့ရသလို ဖိုဖာနာကိုလည်း တပတ် လုပ်ခလစာ ယူရို ၂သိန်း ဝန်းကျင်နဲ့ ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုဖို့ ရှိနေပါတယ်။

Exit mobile version