ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအသင်း တစ်သင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ဘက်အသင်း ဖြစ်တဲ့ လက်စတာအသင်းရဲ့ ဘယ်နောက်ခံလူ ဘန်ချီဝဲလ်ကို ပြောင်းရွှေ့ကြေး ပေါင် ၅၀သန်းဝန်းကျင်နဲ့ ခေါ်ယူဖို့အတွက် အလုံးစုံ သဘောတူညီမှု ရရှိသွားပြီလို့ အင်္ဂလန် သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ ချယ်လ်ဆီးအသင်းဟာ လက်ရှိမှာ အီမာဆန် ၊ မားကို့စ် အလွန်ဆို စတဲ့ ဘယ်နောက်ခံလူ နှစ်ယောက်ကို ပိုင်ဆိုင်ထားပေမယ့် နှစ်ယောက်စလုံးဟာ အမှားအယွင်းတွေကို မကြာခဏဆိုသလို ကျူးလွန်လေ့ ရှိတာကြောင့် ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်ဟာ ဘယ်နောက်ခံလူ တစ်ဦးကို ခေါ်ယူဖို့ ကြိုးစားနေတာ ဖြစ်ပြီး အခုချိန်မှာတော့ ဘန်ချီဝဲလ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားပြီပဲ ဖြစ်ပါတယ်။

Photo Credit: Goal

အသက်၂၃နှစ် အရွယ်သာ ရှိသေးတဲ့ ဘန်ချီဝဲလ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ နှစ်ခုမှာ လက်စတာအသင်းနဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့သူ ဖြစ်ပြီး လက်ရှိမှာတော့ ခြေထောက်ဒဏ်ရာကြောင့် အနားယူနေရသူပါ။ ယုံကြည် စိတ်ချရတဲ့ အင်္ဂလန် သတင်းမီဒီယာတွေရဲ့ ဖော်ပြချက် အရတော့ ချယ်လ်ဆီးအသင်းဟာ ဘန်ချီဝဲလ်ကို ပြောင်းရွှေ့​ကြေး ပေါင် ၅၀သန်းနဲ့ ခေါ်ယူဖို့ အတွက် လက်စတာအသင်းနဲ့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကာ မကြာမီမှာပဲ ဘန်ချီဝဲလ်ကို ဆေးစစ်သွားမယ်လို့ သိရပါတယ်။

 

Photo Credit: Goal

ဒါပေမယ့် လန်ဒန်အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက် အရတော့ ချယ်လ်ဆီးအသင်းဟာ ဘန်ချီဝဲလ်ကို သူ လက်ရှိ ရရှိထားတဲ့ ခြေထောက်ဒဏ်ရာ ပျောက်ကင်းသွားမှသာ ဆေးစစ်မှု ပြုလုပ်သွားမှာ ဖြစ်တာကြောင့် ဘန်ချီဝဲလ် တစ်ယောက် ချယ်လ်ဆီးအသင်းထံကို တရားဝင် ရောက်ရှိလာဖို့ဟာ အနည်းငယ် ကြန့်ကြာဖွယ် ရှိနေတယ်လို့ သိထားရပါတယ်။ လက်ရှိမှာ ဘန်ချီဝဲလ်ဟာ သူ့ရဲ့ ခြေထောက် ဒဏ်ရာကို ဆေးကုသမှုတွေ ပြုလုပ်နေပြီး မကြာမီမှာ ပြန်လည် သက်သာလာတော့မယ် လို့လည်း ဥရောပ အခြေစိုက် သတင်းမီဒီယာတွေက ဖော်ပြထားကြပါတယ်။

Photo Credit: Goal

ချယ်လ်ဆီးအသင်းဟာ လက်ရှိ နွေစျေးကွက် အတွင်းမှာ ဇီရက် ၊ တီမိုဝါနာ စတဲ့ ကစားသမား နှစ်ဦးကို ခေါ်ယူထားနိုင်ခဲ့တဲ့ အပြင် အခုချိန်မှာ ဘန်ချီဝဲလ်ကို ခေါ်ယူဖို့အတွက် သဘောတူညီမှု ရရှိခဲ့တာကြောင့် သူတို့အသင်းရဲ့ နွေရာသီ လှုပ်ရှားမှုဟာ အတော်လေး ကျေနပ်စရာကောင်းတာကို မြင်တွေ့ရပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးအသင်း နည်းပြဖြစ်သူ လမ်းပတ်ကတော့ သူတို့အသင်းရဲ့ ကစားသမားအင်အားကို ကျေနပ်ခြင်း မရှိသေးပဲ အက်သလက်တီကို မက်ဒရစ် အသင်းရဲ့ ဂိုးသမား အော့ဘလက်ကို ထပ်မံ ခေါ်ယူချင်သေးတယ် လို့ ဆက်စပ်သတင်းတွေအရ သိရှိရပါတယ် ခင်ဗျာ…။