ရပ်နားခြင်းမရှိပဲ ကြားရက်တွေအထိ ဆက်တိုက်ကို ကျင်းပလို့နေတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲကတော့ အခုကြားရက်မှာလည်း ပရီးမီးယားလိဂ် ပွဲစဉ်(၂၄)ကို ဆက်လက်ကျင်းပလို့နေပြီး ဒီပွဲစဉ်တွေအားလုံးထဲကမှ ဘောလုံးပရိသတ်တွေရဲ့ စိတ်အာရုံကို အဖမ်းစားနိုင်ဆုံးပွဲစဉ်ဖြစ်တဲ့ ချယ်လ်ဆီးအသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ လန်ဒန်ဒါဘီပွဲစဉ်ကတော့ လုံးဝကို ရင်ခုန်စိတ်လှုပ်ရှားစရာတွေ ပေးစွပ်နိုင်ခဲ့ပြီး တစ်ဖက်ကို ၂ဂိုးစီနဲ့ သရေကျခဲ့ရပါတယ်။

Photo Credit : Getty Images

ဒီပွဲစဉ်မှာတော့ အိမ်ရှင်ချယ်လ်ဆီးက အိုဒွိုင်း အေဘရာဟမ် ဝီလီယံ ကန်တီ ဂျော်ဂျင်ဟို ကိုဗာဆစ် ရူဒီဂါ အက်စ်ပလီကွယ်တာ အီမာဆင် ခရစ္စတန်ဆန် ကယ်ပါတို့နဲ့ ပွဲထွက်လာခဲ့တာဖြစ်ပြီး အာဆင်နယ်ကတော့ ပေပေ လာကာဇက် အိုဇေး မာတီနယ်လီ ချာကာ တော်ရဲရား မူစတာဖီ ဘယ်လာရင် ဒေးဗစ်လုဇ် ဆာခါ လေနိုတို့ကို အသုံးပြုလာခဲ့ပါတယ်။ ပွဲအစပိုင်းလောက်မှာပဲ ချယ်လ်ဆီးအသင်းက ဖိအားပေးတိုက်စစ်ဆင်မှုတွေကို ပြုလုပ်ခဲ့ပြီး ထိရောက်မှုလည်းရှိခဲ့ကာ အာဆင်နယ်ကလည်း ပုံစံတစ်မျိုးနဲ့ ချယ်လ်ဆီးကို ထိုးဖောက်ခဲ့ပေမယ့် သိပ်တော့ထိရောက်ခြင်း မရှိခဲ့ပါဘူး။ ပွဲကစားချိန် ၂၆မိနစ်မှာ ဖြစ်ခဲ့ရတဲ့ အနီကတ်ပြစ်ဒဏ်ကတော့ ဒီလန်ဒန်ဒါဘီပွဲရဲ့ ရလဒ်အတွက် အကြီးမားဆုံး အလှည့်အပြောင် ဖြစ်စေခဲ့ရပါတယ်။ မူစတာဖီရဲ့ ဆိုးရွှားလှတဲ့ လူပေးမှားမှုကနေ အေဘရာဟမ် ဘောလုံးရသွားတာကို လိုက်လံဟန့်တားရင်းနဲ့ ဒေးဗစ်လုဇ်ကစားပုံ ကြမ်းတမ်းခဲ့လို့ ချယ်လ်ဆီးကို ပင်နယ်တီကန်ခွင့် သတ်မှတ်ပေးခဲ့သလို လုဇ်ကိုလည် တိုက်ရိုက်အနီကတ်ပြကာ ထုတ်ပယ်ခဲ့ပါတယ်။ ကစားသမားတစ်ယောက်သာသွားတဲ့နောက်မှာ ချယ်လ်ဆီးက ပွဲကိုစိုးမိုးထားနိုင်ခဲ့ပေမယ့် လေနိုရဲ့ကာကွယ်မှုတွေကြောင့်သာ ဂိုးဆက်မပေးခဲ့ရတာဖြစ်ပါတယ်။

Photo Credit : Getty Images

ဒုတိယပိုင်းမှာတော့ ချယ်လ်ဆီးအသင်းက လက်ရှိရလဒ်ကို ပိုမိုပြတ်သားစေနိုင်ဖို့အတွက် တောက်လျှောက်တိုက်စစ်ဆင် ကစားခဲ့ရာ ၆၃မိနစ်မှာ မာတီနယ်လီက ကောင်တာတိုက်စစ်ကနေတစ်ဆင့် ဘောလုံးဆွဲယူလာခဲ့ရင်း သူ့ကိုဟန့်တားကြိုးစားဖို့ အသင့်ရှိနေတဲ့ ကွင်းလယ်လူကန်တီက ချော်လဲသွားခဲ့တာကြောင့် မာတီနယ်လီအတွက် လမ်းကြောင်းရှင်းပေးလိုက်သလို ဖြစ်သွားခဲ့ကာ ဒါကိုလည်း မာတီနယ်လီက အကောင်းဆုံးအသုံးချပြီး ချေပဂိုးပြန်လည်သွင်းယူခဲ့ပါတယ်။ ချေပဂိုးပေးလိုက်ရပြီးတဲ့နောက်မှာ ချယ်လ်ဆီးက အနိုင်ဂိုးပြန်ရအောင် ကြိုးပမ်းခဲ့ပေမယ့် လေနိုကြောင့် ဂိုးရဖို့ခဲယဉ်းနေခဲ့ရပြီး ပွဲချိန်၈၄မိနစ်မှာပဲ အသင်းခေါင်းဆောင် အက်စ်ပလီကွယ်တာက အိမ်ရှင်အတွက် ဦးဆောင်ဂိုးကို အိုဒွိုင်းရဲ့ဖြတ်တင်ဘောကနေတဆင့် သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ၄မိနစ်အကြာမှာ ဘယ်လာရင်က ဂိုးဧရိယာအပြင်ဘက်က ညာခြမ်းကနေ အမှတ်မထင် ကန်သွင်းခဲ့ရာမှာ ကယ်ပါကာကွယ်နိုင်ခြင်းမရှိပဲ နောက်ထပ်ချေပဂိုး ပြန်လည်ခွင့်ပြုပေးခဲ့ရပါတယ်။

(Zawgyi)

စတမ္းဖုိဒ့္ဘရစ္ခ်္မွာ တစ္ေယာက္ေလ်ာ့ အာဆင္နယ္ကုိ အႏုိင္မရခဲ႔တဲ႔ ခ်ယ္လ္ဆီး

ရပ္နားျခင္းမရွိပဲ ၾကားရက္ေတြအထိ ဆက္တုိက္ကုိ က်င္းပလုိ႔ေနတဲ႔ ပရီးမီးယားလိဂ္ၿပိဳင္ပြဲကေတာ့ အခုၾကားရက္မွာလည္း ပရီးမီးယားလိဂ္ ပြဲစဥ္(၂၄)ကုိ ဆက္လက္က်င္းပလုိ႔ေနၿပီး ဒီပြဲစဥ္ေတြအားလုံးထဲကမွ ေဘာလုံးပရိသတ္ေတြရဲ႕ စိတ္အာရုံကုိ အဖမ္းစားႏုိင္ဆုံးပြဲစဥ္ျဖစ္တဲ႔ ခ်ယ္လ္ဆီးအသင္းနဲ႔ အာဆင္နယ္အသင္းတုိ႔ရဲ႕ လန္ဒန္ဒါဘီပြဲစဥ္ကေတာ့ လုံးဝကုိ ရင္ခုန္စိတ္လႈပ္ရွားစရာေတြ ေပးစြပ္ႏုိင္ခဲ႔ၿပီး တစ္ဖက္ကုိ ၂ဂုိးစီနဲ႔ သေရက်ခဲ႔ရပါတယ္။

Photo Credit : Getty Images

ဒီပြဲစဥ္မွာေတာ့ အိမ္ရွင္ခ်ယ္လ္ဆီးက အုိဒြိဳင္း ေအဘရာဟမ္ ဝီလီယံ ကန္တီ ေဂ်ာ္ဂ်င္ဟုိ ကုိဗာဆစ္ ရူဒီဂါ အက္စ္ပလီကြယ္တာ အီမာဆင္ ခရစၥတန္ဆန္ ကယ္ပါတုိ႔နဲ႔ ပြဲထြက္လာခဲ႔တာျဖစ္ၿပီး အာဆင္နယ္ကေတာ့ ေပေပ လာကာဇက္ အုိေဇး မာတီနယ္လီ ခ်ာကာ ေတာ္ရဲရား မူစတာဖီ ဘယ္လာရင္ ေဒးဗစ္လုဇ္ ဆာခါ ေလႏုိတုိ႔ကုိ အသုံးျပဳလာခဲ႔ပါတယ္။ ပြဲအစပုိင္းေလာက္မွာပဲ ခ်ယ္လ္ဆီးအသင္းက ဖိအားေပးတုိက္စစ္ဆင္မႈေတြကုိ ျပဳလုပ္ခဲ႔ၿပီး ထိေရာက္မႈလည္းရွိခဲ႔ကာ အာဆင္နယ္ကလည္း ပုံစံတစ္မ်ိဳးနဲ႔ ခ်ယ္လ္ဆီးကုိ ထုိးေဖာက္ခဲ႔ေပမယ့္ သိပ္ေတာ့ထိေရာက္ျခင္း မရွိခဲ႔ပါဘူး။ ပြဲကစားခ်ိန္ ၂၆မိနစ္မွာ ျဖစ္ခဲ့ရတဲ႔ အနီကတ္ျပစ္ဒဏ္ကေတာ့ ဒီလန္ဒန္ဒါဘီပြဲရဲ႕ ရလဒ္အတြက္ အႀကီးမားဆုံး အလွည့္အေျပာင္ ျဖစ္ေစခဲ႔ရပါတယ္။ မူစတာဖီရဲ႕ ဆုိးရႊားလွတဲ႔ လူေပးမွားမႈကေန ေအဘရာဟမ္ ေဘာလုံးရသြားတာကုိ လုိက္လံဟန္႔တားရင္းနဲ႔ ေဒးဗစ္လုဇ္ကစားပုံ ၾကမ္းတမ္းခဲ႔လို႔ ခ်ယ္လ္ဆီးကုိ ပင္နယ္တီကန္ခြင့္ သတ္မွတ္ေပးခဲ့သလုိ လုဇ္ကုိလည္ တုိက္ရုိက္အနီကတ္ျပကာ ထုတ္ပယ္ခဲ႔ပါတယ္။ ကစားသမားတစ္ေယာက္သာသြားတဲ့ေနာက္မွာ ခ်ယ္လ္ဆီးက ပြဲကုိစုိးမုိးထားႏုိင္ခဲ႔ေပမယ့္ ေလႏုိရဲ႕ကာကြယ္မႈေတြေၾကာင့္သာ ဂုိးဆက္မေပးခဲ႔ရတာျဖစ္ပါတယ္။

Photo Credit : Getty Images

ဒုတိယပုိင္းမွာေတာ့ ခ်ယ္လ္ဆီးအသင္းက လက္ရွိရလဒ္ကုိ ပုိမုိျပတ္သားေစႏုိင္ဖုိ႔အတြက္ ေတာက္ေလွ်ာက္တုိက္စစ္ဆင္ ကစားခဲ႔ရာ ၆၃မိနစ္မွာ မာတီနယ္လီက ေကာင္တာတုိက္စစ္ကေနတစ္ဆင့္ ေဘာလုံးဆြဲယူလာခဲ႔ရင္း သူ႔ကုိဟန္႔တားႀကိဳးစားဖုိ႔ အသင့္ရွိေနတဲ႔ ကြင္းလယ္လူကန္တီက ေခ်ာ္လဲသြားခဲ႔တာေၾကာင့္ မာတီနယ္လီအတြက္ လမ္းေၾကာင္းရွင္းေပးလုိက္သလုိ ျဖစ္သြားခဲ႔ကာ ဒါကုိလည္း မာတီနယ္လီက အေကာင္းဆုံးအသုံးခ်ၿပီး ေခ်ပဂုိးျပန္လည္သြင္းယူခဲ႔ပါတယ္။ ေခ်ပဂုိးေပးလုိက္ရၿပီးတဲ႔ေနာက္မွာ ခ်ယ္လ္ဆီးက အႏုိင္ဂုိးျပန္ရေအာင္ ႀကိဳးပမ္းခဲ႔ေပမယ့္ ေလႏုိေၾကာင့္ ဂုိးရဖုိ႔ခဲယဥ္းေနခဲ့ရၿပီး ပြဲခ်ိန္၈၄မိနစ္မွာပဲ အသင္းေခါင္းေဆာင္ အက္စ္ပလီကြယ္တာက အိမ္ရွင္အတြက္ ဦးေဆာင္ဂုိးကုိ အုိဒြိဳင္းရဲ႕ျဖတ္တင္ေဘာကေနတဆင့္ သြင္းယူႏုိင္ခဲ႔ပါတယ္။ ဒါေပမယ့္ ၄မိနစ္အၾကာမွာ ဘယ္လာရင္က ဂုိးဧရိယာအျပင္ဘက္က ညာျခမ္းကေန အမွတ္မထင္ ကန္သြင္းခဲ႔ရာမွာ ကယ္ပါကာကြယ္ႏုိင္ျခင္းမရွိပဲ ေနာက္ထပ္ေခ်ပဂုိး ျပန္လည္ခြင့္ျပဳေပးခဲ့ရပါတယ္။