အာဆင်နယ်အသင်းရဲ့ကွင်းလယ်ဖန်တီးရှင် ဂျာမန်ဘောလုံးကစားသမားဖြစ်တဲ့ အိုဇေးက သူနဲ့ပရိသတ်တွေနဲ့အတူ Twitter စာမျက်နှာပေါ်မှာ အမေးအဖြေအစီအစဉ် လုပ်ဆောင်နေစဉ်အတွင်း အာဆင်နယ်အသင်းရဲ့လန်ဒန်မြို့ခံအသင်းဖြစ်တဲ့ စပါးအသင်းနဲ့ပတ်သက်တဲ့ မေးခွန်းတစ်ခုကို မေးမြန်းခံလိုက်ရချိန်မှာ အိုဇေးဟာ ၂၀၀၈ခုနှစ်နောက်ပိုင်းကတည်းက ဖလားလက်မဲ့ ဖြစ်နေရတဲ့ စပါးအသင်းကို လှောင်ပြောင်ပြီး ပြန်လည်ဖြေဆိုသွားခဲ့ပါတယ်။

Photo Credit : Metro

အသက်(၃၁)နှစ်အရွှယ်ရှိ ဂျာမန်ကွင်းလယ်ကစားသမား အိုဇေးဟာ အာဆင်နယ်အသင်းမှာ (၇)နှစ်တာအထိ ဖြတ်သန်းခဲ့ပြီး အက်အေဖလား(၃)လုံးကို ပိုင်ဆိုင်ခဲ့ပေမယ့်လည်း အာဆင်နယ်ရဲ့လန်ဒန်ဒါဘီမြို့ခံအသင်း စပါးကတော့ ၂၀၀၈ခုနှစ်နောက်ပိုင်းကတည်းက ဘာဆုဖလားမှ မရရှိခဲ့ပဲ ဆယ်စုနှစ်တစ်ခုကြာလောက်တဲ့အထိကို ဖလားလက်မဲ့ ဖြစ်နေခဲ့ရပါတယ်။ ဒီအသင်းနှစ်သင်းဟာ တခြားလန်ဒန်ဒါဘီ ကလပ်အသင်းတွေနဲ့မတူ အမြဲတမ်းလိုလို ပြိုင်ဆိုင်မှုပြင်းထန်လေ့ရှိပြီး တစ်ခုခုဆိုရင်လည်း အသင်းနှစ်သင်းကြားမှာ အပြန်အလှန် လှောင်ပြောင်မှုတွေလည်း ပြုလုပ်ကြလေ့ရှိပါတယ်။

Photo Credit : AS English

အခုလည်း အိုဇေးကို သူရဲ့ပရိသတ်တွေက သူ့ကို “စပါးအသင်း ပြောင်းရွှေ့မလား ဘောလုံးသမားဘဝကနေ အနားယူမလားလို့ မေးမြန်းခဲ့ရာ အိုဇေးက “ကျွန်တော်အနေနဲ့သာ ဆုဖလားတွေကို မလိုချင်တော့ဘူးဆိုရင်တော့ အဲ့ဒီအသင်းဆီ ပြောင်းရွှေ့ဖြစ်မှာပါ” လို့ လှောင်ပြောင်ဖြေဆိုလိုက်ပါတယ်။ အိုဇေးရဲ့ဖြေဆိုမှုကို အာဆင်နယ်ပရိသတ်တွေက သဘောကျနေကြပေမယ့်လည်း စပါးအသင်းရဲ့ပရိသတ်တွေကတော့ အိုဇေးရဲ့ဖြေဆိုမှုအပေါ်မှာ အတော်လေး ဒေါသထွက်နေမှာတော့ သေချာပါတယ်။ စပါးအသင်းကလည်း ၂၀၀၈ခုနှစ်တုန်းက လိဂ်ဖလားကို ပိုင်ဆိုင်ခဲ့ပြီးနောက် နည်းပြဟောင်း ပိုချက်တီနိုရဲ့လက်ထက် လိဂ်ဖလားနဲ့ ချန်ပီယံလိဂ်ဆုဖလားတွေကိုလည်း ပိုင်ဆိုင်နိုင်ဖုုိ့အတွက် အနီးစပ်ဆုံးအခြေအနေထိ ရောက်ရှိခဲ့ပေမယ့် ဒုတိယနေရာတွေနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီနှစ်အနည်းငယ်အတွင်းမှာတော့ စပါးအသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားအတွင်း အာဆင်နယ်အသင်းရဲ့အထက်မှာ ရပ်တည်နိုင်ခဲ့ကာ ချန်ပီယံလိဂ်ဝင်ခွင့်ကိုလည်း ဆက်တိုက်ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ ဒီနှစ်ရာသီမှာတော့ အာဆင်နယ်ရော စပါးအသင်းတို့ဟာ ယူရိုပါလိဂ်ဝင်ခွင့်တွေကိုသာ ရရှိထားခဲ့ပြီး စပါးအသင်းကတော့ ခြေစစ်ပွဲဒုတိယအဆင့်ကနေ စတင်ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။