၂၀၂၁-၂၀၂၂ ဘောလုံးရာသီကတော့ မကြာခင်မှာ ပြန်လည်စတင်တော့မှာဖြစ်ပြီး ဒီလိုအချိန်မှာ ကလပ်အသင်းတွေရဲ့ ရာသီကြိုခြေစမ်းပွဲတွေအပြင် ဥရောပဝင်ခွင့် ရရှိထားတဲ့ ကလပ်အသင်းတွေရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ခြေစစ်ပွဲတွေကိုပါ ဆင်နွဲနေရပါတယ်။ လက်ရှိအချိန်မှာလည်း ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ခြေစစ်ပွဲတွေဟာ ဒုတိယအဆင့်ကို ရောက်ရှိနေပြီဖြစ်ပြီး ဒီရက်ပိုင်းအတွင်းမှာပဲ ဒုတိယအဆင့် ခြေစစ်ပွဲတွေရဲ့ ပထမအကျော့ပွဲစဉ်တွေကို ယှဉ်ပြိုင်သွားခဲ့ရပါတယ်။

Photo Credit : Vue

ချန်ပီယံလိဂ် ဒုတိယအဆင့် ပထမအကျော့ရလဒ်များ

PSV 5-1 ဂါလာတာစာရေး
အိုလံပီယာကော့စ် 1-0 နက်ဖ်ချီ
လီဂီယာဝါဆော 2-1 ဖလော်ရာ
ဆလိုဗန် 0-0 ယန်းဘွိုင်းစ်
မူရာ 0-0 လူဒိုဂိုရတ်စ်
မာလ်မို 2-1 HJK
ကိုင်ရတ် 2-1 ဇဗက်ဒါ
ဆဲလ်တစ် 1-1 မစ်ဂျီလန်း
ရက်ပစ်ဝီအန် 2-1 စပါတာပရပ်ဂ်
ဖယ်ရန်ဗာရို့စ် 2-0 ဇယ်ဂီရစ်
ဒိုင်နမိုဇာဂရက် 2-0 အိုမိုးနီးယားနီကိုးရှား

Photo Credit : UEFA

ကစားပြီးသွားခဲ့တဲ့ ပထမအကျော့ ရလဒ်တွေအရဆိုရင် နယ်သာလန်ထိပ်သီးကလပ် PSV အသင်း ဟန်ဂေရီကလပ် ဖယ်ရန်ဗာရို့စ်အသင်း ခရိုအေးရှားကလပ် ဇာဂရက်အသင်းတွေလောက်သာ ဂိုးပြတ်ရလဒ်တွေ ရယူနိုင်ခဲ့တာကြောင့် တတိယအဆင့်ကို တတ်လှမ်းဖို့ အခြေအနေ ကောင်းနေရတာ ဖြစ်ပေမယ့်လည်း ကျန်တဲ့အသင်းတွေကတော့ ပထမအကျော့အတွင်း ရလဒ်မပြတ်မသား ဖြစ်ထားတာမို့ ဒုကျော့အထိ အဆုံးအဖြတ် ခံယူရပါလိမ့်မယ်။ ဒုကျော့အထိ အဆုံးအဖြတ် ခံယူပြီးနောက် တတိယအဆင့်ဆီကို တတ်လှမ်းလာမယ့် အသင်း(၁၀)သင်းက တတိယအဆင့်ကနေ စတင်ကစားရမယ့် အသင်းတွေဖြစ်တဲ့ ဂျန့် မိုနာကို ဆလားဗီးယားပါရာဟာ ရိန်းဂျားစ် ရှက်တာဒိုးနက် စပါးတပ်မော်စကို ဘင်ဖီကာအသင်းတွေနဲ့ တွေ့ဆုံပြီး တတိယအဆင့် ခြေစစ်ပွဲတွေကို ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ တတိယအဆင့် ခြေစစ်ပွဲမှာတော့ Champions လမ်းကြောင်း League လမ်းကြောင်းတွေ ရှိနေတာဖြစ်လို့ ဒါကိုတော့ တတိယအဆင့် ခြေစစ်ပွဲရောက်မှ အကျယ်တဝင့် ထပ်မံတင်ဆက်ပေးပါမယ်ခင်ဗျာ။