ချန်ပီယံလိဂ်ညချမ်းတွေ ပြန်လည်ရောက်ရှိလာပါပြီ။ ဒီတစ်ခေါက်ကတော့ (၁၆)သင်းအဆင့်ရဲ့ ဒုတိယအကျော့ပွဲစဉ်တွေဖြစ်လို့ ကွာတားဖိုင်နယ်တတ်လှမ်းနိုင်ရေးအတွက် အသည်းအသန်ကြိုးစားကြရတော့မှာပါ။ ဒီလိုအချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ဂယက်ကလည်း ဥရောပမှာ အတော်လေးပျံနှံနေတာကြောင့် တချို့ပွဲတွေမှာတော့ ကွင်းပိတ်ကစားရမှာဖြစ်ပြီး ပရိသတ်တွေမပါဝင်နိုင်ပေမယ့်လည်း ချန်ပီယံလိဂ်ဇာတ်ရှိန်ကတော့ ကျဆင်းဖွယ်မရှိလောက်ပါဘူး။ ကဲ ဒါဆိုဒီညပွဲတွေအကြောင်း ဆွေးနွေးကြည့်ရအောင်။

Photo Credit :

လိုက်ပ်ဇစ် နဲ့ စပါး (ည၂နာရီခွဲ)
(ပထမအကျော့ရလဒ် – စပါး 0-1 လိုက်ပ်ဇစ်)
ကိန်းနဲ့ဆွန်တို့လို အသင်းရဲ့အဓိက တိုက်စစ်ကစားသမားတွေ ဒဏ်ရာရနေချိန်မှာ အခု ကစားသမားသစ် ဘာ့ဂ်ဝင်းပါ ထပ်မံဒဏ်ရာရသွားခဲ့လို့ စပါးအတွက် ခေါင်းခဲစေနိုင်ပါတယ်။ နောက်ပြီး အခု ဒုတိယအကျော့ပွဲကို ဂျာမန်မြေမှာ ကျင်းပမှာဖြစ်လို့လည်း စပါးအသင်းအတွက်က ပိုလို့တောင် ခက်ခဲစေနိုင်ပါတယ်။ လိုက်ပ်ဇစ်ကလည်း ပြီးခဲ့တဲ့နှစ် အောက်တိုဘာလနောက်ပိုင်းကတည်းက ပြိုင်ပွဲစုံမှာ အိမ်ကွင်းရှံးပွဲ လုံးဝမရှိထားတာဖြစ်လို့ ဒီပွဲမှာ စပါးအသင်းကို အကောင်းဆုံးဧည့်ခံကစားပြီး ရလဒ်ကောင်းတစ်ခုကို ယူဆောင်သွားနိုင်ပါလိမ့်မယ်။ ပထမအကျော့ရလဒ်လိုပဲ ကပ်နိုင်မယ်။ လိုက်ပ်ဇစ်ကွာတားတတ်ပါမယ်။

Photo Credit :

ဗလင်စီယာ နဲ့ အတ္တလန်တာ (မနက်၂နာရီခွဲ)
(ပထမအကျော့ရလဒ် – အတ္တလန်တာ 4-1 ဗလင်စီယာ)
အီတလီမြေမှာ ကျင်းပခဲ့တဲ့ ဒီပွဲရဲ့ပထမအကျော့မှာတော့ စီးရီးအေကလပ်အသင်းက အတ္တလန်တာအသင်းက ဂိုးပြတ်အနိုင်ယူထားခဲ့လို့ ဗလင်စီယာတို့ ဒုတိယအကျော့မှာ ပြန်လာနိုင်ဖို့က အခွင့်အရေးတောင် အတော်လေးနည်းပါးသွားခဲ့ရပါတယ်။ ပိုဆိုးတာကတော့ အခု စပိန်မြေမှာ ကစားမယ့်ပွဲက ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကွင်းပိတ်ကစားမှာဖြစ်တဲ့အပြင် အသင်းရဲ့အဓိက ကစားသမားတွေဖြစ်တဲ့ ဂေဘရီရယ် မက်စီဂိုးမက်ဇ် ရိုဒရီဂိုတွေကလည်း ဒီပွဲကို လွဲချော်ရမှာဖြစ်လို့ နောက်ပိုင်းပွဲတွေမှာ ခြေမှန်လျက်ရှိနေတဲ့ အတ္တလန်တာကို ဂိုးပြတ်အနိုင်ယူဖို့ဆိုတာ ခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် မက်စ်တဲလားမှာတော့ အိမ်ရှင်အတွက် အနည်းဆုံးသရေပါ။ ကွာတားဖိုင်နယ်ကိုတော့ အတ္တလန်တာပဲ တတ်လှမ်းပါမယ်။