ချန်ပီယံလိဂ်ပြိုင်ပွဲ (၁၆)သင်းအဆင့် ရှုံးထွက်ပြိုင်ပွဲရဲ့ ဒုတိယမြောက်ရက်သတ္တပတ်ရဲ့ ဒုတိယမြောက်ညကိုတော့ ရောက်ရှိလာပါပြီ။ မနေ့ညကထိ ယှဉ်ပြိုင်သွားခဲ့တဲ့ ပွဲစဉ်၆ပွဲအတွင်းမှာတော့ ဂျာမန်ဘွန်ဒက်လီဂါအသင်းတွေပဲ ရလဒ်ကောင်းတွေ ဆက်တိုက်ရယူလို့နေပြီး ပရီးမီးယားလိဂ်အသင်းတွေက ရလဒ်ဆိုးနေသလို လာလီဂါမှာလည်း အသက်လက်တီကိုတစ်သင်းတည်းသာ ရလဒ်ကောင်းထားပါတယ်။ ဆိုတော့ ဒီညမှာရော ဘယ်ကလပ်အသင်းတွေ ရလဒ်ကောင်းတွေကို ရယူနိုင်ဦးမလဲဆိုတာ စိတ်ဝင်တစားနဲ့ စောင့်ကြည့်ရပါဦးမယ်။

Photo Credit : Match Day

လိုင်ယွန် နဲ့ ဂျုဗင်တပ်စ် (မနက်၂နာရီခွဲ)
လိုင်ယွန်က ပြင်သစ်လီဂူးမှာတောင် အဆင့်ရနေရာရောက်နေရတဲ့အထိ အခြေအနေအကောင်းကြီးမှာ ရှိမနေပဲ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ရနိုင်တဲဲ့ အခြေအနေမှာ ရှိလို့နေပါတယ်။ ဒါပေမယ့် နောက်ဆုံးကစားခဲ့တဲ့ အိမ်ကွင်းရပွဲဆက် အရေးမနိမ့်ခဲ့တာကိုတော့ သတိထားရပါမယ်။ ဂျုဗင်တပ်စ်ကလည်း စီးရီးအေမှာ တိမ်းစောင်းမှုတချို့ရှိခဲ့ပေမယ့် သူတို့ရဲ့အဓိကပစ်မှတ်ဖြစ်တဲ့ ချန်ပီယံလိဂ်ဖလားကိုတော့ အမှားခံဖွယ်မရှိတာ အုပ်စုအဆင့် ရလဒ်တွေကိုကြည့်ရင် သိနိုင်ပါတယ်။ ကစားသမားအင်အားပိုသာတဲ့ ဂျုဗင်တပ်စ်တို့ ပထမအကျော့မှာ သရေလောက်ရအောင် ကစားနိုင်မှာပါ။

Photo Credit : BettingTips4For

ရီးရဲလ်မက်ဒရစ် နဲ့ မန်စီးတီး (မနက်၂နာရီခွဲ)
အရမ်းကို စိတ်လှုပ်ရှားစရာကောင်းစေမယ့်ပွဲတစ်ပွဲပါ။ ဒီပွဲမတိုင်ခင်မှာ ရီးရဲလ်က လီဗန်တေးကို အရေးနိမ့်ပြီး လာလီဂါမှာ ဒုတိယနေရာ ဆင်းပေးလိုက်ရသလို မန်စီးတီးကလည်း ချန်ပီယံလိဂ် Ban ခံထားရတာကြောင့် နှစ်သင်းလုံးရဲ့ ပေါက်ကွဲအားတွေက ဒီပွဲမှာ စုပြုံလာနိုင်ပါတယ်။ ဒီပွဲမတိုင်ခင် ပရီးမီးယားလိဂ်အသင်း၃သင်းလုံး အရှေ့ကပွဲစဉ်တွေမှာ အကုန်အရေးနိမ့်ခဲ့တာကို မန်စီးတီးက ချေဖျက်ပြနိုင်ပါ့မလားဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ လက်ရှိ Form အရတော့ မန်စီးတီးတောင် ပိုသာနေတယ်လို့ ဆိုနိုင်ပြီး စတာလင်းပါ ပြန်ကစားလာနိုင်မယ်ဆိုရင် ရီးရဲလ်ခံစစ်အလုပ်ရှုပ်နိုင်ပါတယ်။ ဘရာဇီးနဲ့ စပိန်ကစားသမားအများစုရဲ့ အားပြိုင်ပွဲက ပြင်းထန်မှာဖြစ်ပြီး အပြန်အလှန်သွင်းဂိုးတွေကြားကနေ ဧည့်သည်တို့ ရလဒ်ကောင်းယူနိုင်မယ်လို့ ထင်မိပါတယ်။