ဒီနေ့ညမှာတော့ ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ရှံးထွက်ပွဲစဉ်တွေရဲ့ ဒုတိယအကျော့ ပထမညပွဲ(၂)ပွဲဖြစ်သော လိုက်ပ်ဇစ်အသင်းနဲ့ စပါးအသင်းတို့ပွဲ ဗလင်စီယာအသင်းနဲ့ အတ္တလန်တာအသင်းတို့ပွဲတွေ မနက်(၂)နာရီခွဲအချိန်မှာ တစ်ပြိုင်နက်တည်းကျင်းပခဲ့ပြီး ပထမအကျော့မှာ နိုင်ပွဲတွေရယူထားခဲ့တဲ့ လိုက်ပ်ဇစ်နဲ့ အတ္တလန်တာအသင်းတို့ကပဲ နိုင်ပွဲဆက်လက်ပိုင်ဆိုင်ခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်ကို အသီးသီးတတ်လှမ်းသွားနိုင်ခဲ့ပါတယ်။

Photo Credit : Getty Image

ကိုရိုနာပြသာနာကြောင့် ကွင်းပိတ်ကစားခဲ့ရတဲ့ ဗလင်စီယာအသင်းနဲ့ အတ္တလန်တာအသင်းတို့ရဲ့ပွဲမှာတော့ ဧည်သည့်အသင်း အတ္တလန်တာက ၃ဂိုး၄ဂိုးနဲ့ အနိုင်ယူခဲ့ပြီး ၂ကျော့ပေါင်းရလဒ် ၈ဂိုး၄ဂိုးနဲ့ ကွာတားဖိုင်နယ်အဆင့်ကို အသင်းရဲ့သမိုင်းတလျှောက် ပထမဆုံးတတ်လှမ်းသွားနိုင်ခဲ့ပါတယ်။ ပရိသတ်တွေမရှိခဲ့ပေမယ့်လည်း နှစ်သင်းလုံးက အပြန်အလှန်သွင်းဂိုးတွေနဲ့ အလွန်ကြည့်ကောင်းတဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ပြီး အတ္တလန်တာဘက်ကဆိုရင်လည်း အီလီချစ်က သွင်းဂိုး(၄)ဂိုးလုံး သူတစ်ဦးတည်းက ဒိုင်ခံသွင်းယူနိုင်ခဲ့ပြီး ဗလင်စီယာဘက်ကတော့ ဂွာရဲလ်ရိုးက (၂)ဂိုး တောရက်စ်က(၁)ဂိုး သွင်းယူခဲ့တာဖြစ်ပါတယ်။

Photo Credit : Getty Image

လန်ဒန်မြေမှာ ကျင်းပခဲ့တဲ့ ပထမအကျော့တုန်းက (၁)ဂိုးတည်းနဲ့ ကပ်အနိုင်ရခဲ့တဲ့ လိုက်ပ်ဇစ်အသင်းဟာ ဒုတိယအကျော့ ဂျာမန်မြေမှာ ပြန်လည်ကစားရတဲ့ပွဲစဉ်မှာလည်း စပါးအသင်းဘက်ကို ၃ဂိုး ဂိုးမရှိနဲ့ အပြတ်အသတ်အနိုင်ယူခဲ့ပြီး ကွာတားဖိုင်နယ်ကို သာသာယာယာ တတ်လှမ်းသွားခဲ့ပါတယ်။ အောက်တိုဘာလကတည်းက အိမ်ကွင်းမှာဆို ရှံးပွဲမရှိတော့တဲ့ လိုက်ပ်ဇစ်အသင်းဟာ အသင်းခေါင်းဆောင် ကွင်းလယ်ကစားသမား ဇာဘိုက်ဆာရဲ့သွင်းဂိုး(၂)ဂိုး လူစားဝင်ဝင်ပြီးချင်း သွင်းယူခဲ့တဲ့ ဖော့ဘတ်ချ်ရဲ့သွင်းဂိုး(၁)ဂိုးနဲ့ မနှစ်ကရာသီမှာ ချန်ပီယံလိဂ်ဖိုင်နယ်အထိ တတ်လှမ်းထားခဲ့တဲ့ စပါးအသင်းကို အပြတ်အသတ် အနိုင်ယူကျော်ဖြတ်သွားခဲ့တာပဲဖြစ်ပါတယ်။