ဒီနေ့ဇူလိုင်လ(၁၀)ရက်နေ့ ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် ရပ်နားထားခဲ့ရတဲ့ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်နဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်တွေအတွက် ကြိုတင်မဲခွဲမှု အစီအစဉ်တွေကို ပြုလုပ်လာခဲ့ရာမှာ

 

ကွာတားဖိုင်နယ်အဆင့် မဲခွဲမှုရလဒ်များ

ပွဲစဉ်(၁) – ရီးရဲလ်မက်ဒရစ်/မန်စီးတီး နဲ့ လိုင်ယွန်/ဂျုဗင်တပ်စ်

ပွဲစဉ်(၂) – လိုက်ပ်ဇစ် နဲ့ အသက်လက်တီကိုမက်ဒရစ်

ပွဲစဉ်(၃) – နာပိုလီ/ဘာစီလိုနာ နဲ့ ချယ်လ်ဆီး/ဘိုင်ယန်မြူးနစ်

ပွဲစဉ်(၄) – အတ္တလန်တာ နဲ့ ပီအက်စ်ဂျီ

ဆီမီးဖိုင်နယ်အဆင့် မဲခွဲမှုရလဒ်များ

ပွဲစဉ်(၁) Winner – ပွဲစဉ်(၃) Winner

ပွဲစဉ်(၂) Winner – ပွဲစဉ်(၄) Winner

ဖိုင်နယ်မှာတော့ ဆီမီးဖိုင်နယ်ပွဲစဉ်(၂)ကို အနိုင်ရထားတဲ့အသင်းက Home Team ပုံစံနဲ့ ကစားခွင့်ရရှိမှာဖြစ်ပါတယ်။ကွာတားဖိုင်နယ်ပွဲစဉ်တွေကို သြဂုတ်လ(၁၂)ရက်နေ့က (၁၅)ရက်နေ့အထိ ဆက်တိုက်ကျင်းပမှာဖြစ်ကာ ဆီမီးဖိုင်နယ်ပွဲစဉ်(၂)ပွဲကိုတော့ သြဂုတ်(၁၈)ရက်နဲ့(၁၉)ရက်နေ့တွေမှာ ကျင်းပမှာဖြစ်ပြီး ဖိုင်နယ်ပွဲကြီးကိုတော့ (၂၃)ရက်နေ့မှာ ကျင်းပမယ်လို့ သိရပါတယ်။ ပွဲစဉ်တွေကိုတော့ ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့အခြေစိုက် ဘင်ဖီကာနဲ့ လစ္စဘွန်းအသင်းတို့ရဲ့ကွင်းတွေမှာ တကျော့တည်းစီ ကျင်းပမှာဖြစ်ပါတယ်။