လီဗာပူးလ် နဲ့ မန်ယူ တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်က နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ် အသင်းဟာ လက်ရှိရာသီမှာ ချန်ပီယံလိဂ် ဆုဖလား ပြန်ရနိုင်တယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ လက်ရှိရာသီမှာ တစ်ကြိမ်မှ မရဖူးသေးတဲ့ ပရီးမီးယားလိဂ် ဆုဖလားကို ရရှိဖို့ သေချာနေတာကြောင့် ချန်ပီယံလိဂ် ဖလားကို ပြန်ရဖို့ ဦးတည်လာမှာ သေချာနေပါတယ်။ လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ ရာသီမှာ ချန်ပီယံလိဂ် ဆုဖလားကို ရရှိခဲ့တာကြောင့် ဒီရာသီမှာ ချန်ပီယံလိဂ် ဆုဖလားကို ပြန်ရရင် (၂) နှစ်ဆက်၊ (၇) ကြိမ်မြောက် ရရှိသွားမှာ ဖြစ်ပါတယ်။

Photo Credit: Goal

လီဗာပူးလ်အသင်းဟာ အင်္ဂါနေ့ညက ကစားပြီးသွားခဲ့တဲ့ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ပထမ အကျော့ ပွဲစဉ်မှာ အက်သလက်တီကို မက်ဒရစ်အသင်းကို (၁-ဝ) ရလဒ်နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်မှာ ရလဒ် ဆိုးရွားသွားခဲ့ပေမဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာတော့ ခြေစွာနေပြီး ရမှတ် (၇၆) မှတ်နဲ့ ထိပ်ဆုံးကနေ ဦးဆောင်နေလျက် ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း အိုဝင်က လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် ဖလားကို ရရှိပြီးလို့ သဘောထားပြီး ချန်ပီယံလိဂ် ဆုဖလားကို ရယူသင့်တယ်လို့ တိုက်တွန်းခဲ့ပါတယ်။

Photo Credit: Goal

မိုက်ကယ် အိုဝင်က “ရာသီမစခင်ကတည်းက ပရီးမီးယားလိဂ် ဖလားက လီဗာပူးလ်အသင်းရဲ့ ပရိသတ်တွေအတွက် ဖြစ်နေခဲ့ပြီ ဖြစ်လို့ ဒီအကြောင်းက မေးရမယ့် မေးခွန်း မဟုတ်တော့ဘူး။ ပြီးခဲ့တဲ့ နှစ်ကမှ ချန်ပီယံလိဂ် ဖလားကို ရရှိထားတာ ဆိုတော့ ဒီနှစ်ကတော့ ပရီးမီးယားလိဂ်ကို ရရှိဖို့ပဲ ရှိတာပါ။ ရှုံးပွဲမရှိ ပရီးမီးယားလိဂ် ဖလားကို ရချင်လား ဒါမှမဟုတ် ချန်ပီယံလိဂ် ဖလားရချင်လားလို့ အမေးခံရမယ် ဆိုရင် ချန်ပီယံလိဂ်လို့ ပြောမှာပါ။ ချန်ပီယံလိဂ်ကို နှစ်ဆက်တိုက် ရချင်မှာပါ။ ဒါဟာ ကြီးမားတဲ့ အောင်မြင်မှု ဖြစ်ပါလိမ့်မယ်။ ဆုဖလား နှစ်ခုစလုံးကို ရရှိနိုင်တဲ့ အခွင့်အရေးရှိပါတယ်။ ပရီးမီးယားလိဂ် ဖလားကို ရပြီးသားလို့ သတ်မှတ်ပြီးတော့ ချန်ပီယံလိဂ် ဆုဖလားကို ရရှိဖို့ပဲ ကျန်ပါတော့တယ်”လို့ BBC Radio 5 Live မှာ ပြောသွားတာ ဖြစ်ပါတယ်။