မနေ့ညက ကျင်းပသွားခဲ့ကြတဲ့ ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ရှုံးထွက်ပွဲစဉ် ပထမအကျော့ပွဲများဖြစ်ကြတဲ့ နာပိုလီအသင်းနဲ့ ဘာစီလိုနာအသင်းတို့ပွဲဲ ချယ်လ်ဆီးအသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ပွဲတွေမှာ တစ်ပွဲလုံးအတိုင်းအတာအရ အကောင်းဆုံးကစားသမားဆုတွေကို ပွဲအပြီးမှာ ချီးမြှင့်ခဲ့ရာ နာပိုလီနဲ့ ဘာစီလိုနာအသင်းတို့ပွဲမှာတော့ ဘာစီလိုနာအသင်းရဲ့ ဝါရင့်ကွင်းလယ်ကစားသမား ဆာဂျီယိုဘူးစကတ်စ်က Man of the Match ဆုကို ရရှိခဲ့ပြပီး ချယ်လ်ဆီးနဲ့ ဘိုင်ယန်တို့ပွဲမှာတော့ သွင်းဂိုး၂ဂိုးရှင် ဘိုင်ယန်တိုက်စစ်ကစားသမား ဂါနာဘရီက MOTM ကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

Photo Credit : All Football

ဂျာမနီလက်ရွေးစင် တောင်ပံကစားသမား ဂါနာဘရီကတော့ မနေ့ည စတမ်းဖိုဒ့်ဘရစ်ချ်မှာ ကစားခဲဲ့တဲဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွင်း ဘိုင်ယန်မြူးနစ်အသင်းအတွက် သွင်းဂိုး၂ဂိုးကို ဒုတိယပိုင်းပွဲကစားချိန်အတွင်း ဆက်တိုက်သွင်းယူခဲ့တာဖြစ်ပြီး ခြေစွမ်းပြခဲ့တာဖြစ်လို့ အခုလို Man of the Match ဆုကို ပိုင်ဆိုင်နိုင်ခဲ့ရတာဖြစ်ပါတယ်။ အာဆင်နယ်အသင်းသားဟောင်း ဂါနာဘရီဟာ လန်ဒန်မြေမှာ ကစားသွားခဲ့တဲဲ့ စပါးအသင်းနဲဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့်ပွဲစဉ်မှာလည်း စပါးဘက်ကို ဟက်ထရစ်သွင်းယူပြီး ခြေစွမ်းပြခဲ့ပါသေးတယ်။

Photo Credit : Twitter

နောက်တစ်ပွဲဖြစ်တဲဲ့ နာပိုလီနဲ့ ဘာစီလိုနာအသင်းတို့ ကစားသွားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲဲစဉ်အတွင်းမှာတော့ ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ကစားသမား ဘူးစကတ်စ်က MOTM ဆုကို ပိုင်ဆိုင်နိုင်ခဲဲ့ပါတယ်။ ဘူးစကတ်စ်ဟာ ဘာစီလိုနာအသင်းအတွက် သွင်းဂိုးရယူပေးခဲ့ခြင်းမရှိပေမယ့်လည်း အသင်းရဲ့ကွင်းလယ်ပိုင်းမှာ အဓိကကျတဲ့ အပိုင်းကနေ ပါဝင်ကစားနိုင်ခဲ့တာကြောင့် အခုလို Man of the Match ဆုကို ပိုင်ဆိုင်နိုင်ခဲ့ရတာဖြစ်ပါတယ်။ ဘူးစကတ်စ်က ဘာစီလိုနာအသင်းရဲ့ အရေးပါတဲ့ ချေပဂိုးတွေအတွက် ဂရစ်ဇ်မန်းကို Assist လုပ်ပေးနိုင်ခဲဲ့တဲ့ ဆယ်မီဒိုဆီကို ဘောလုံးပေးပို့ခဲ့သူဖြစ်တာကြောင့် ဒီချေပဂိုးမှာလည်း သူရဲ့ပါဝင်ပတ်သက်မှုက အရေးပါနေပါတယ်။ ဒါပေမယ့် ဘူးစကတ်စ်ဟာ ပြိုင်ပွဲအတွင်း အဝါကတ်တစ်ကြိမ်ပြသလိုက်ခံလိုက်ရပြီး ယခင်ပွဲတွေမှာ အဝါကတ်တွေပြသခံထားရတာကြောင့်း ဒုတိယအကျော့ကိုလည်း လွဲချော်ရတော့မှာဖြစ်ပါတယ်။