မနေ့့ညက ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ရှံးထွက်ပွဲတွေရဲ့ပထမညပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားစေခဲ့ပြီး ပထမအကျော့မှာ ရလဒ်ကောင်းထားခဲ့ကြတဲ့ မန်စီးတီးနဲ့ လိုင်ယွန်အသင်းတို့ကသာ ရလဒ်ကောင်းတွေကို ထပ်မံဖော်ဆောင်ခဲ့ကြပြီး ကွာတားဖိုင်နယ်ကို တတ်လှမ်းသွားခဲ့ကြပါတယ်။ ဒီနေ့ညမှာ ကွာတားဖိုင်နယ်ရဲ့လက်ကျန်(၂)နေရာစာအတွက် အသင်း(၄)သင်းကနေ ဆက်လက်တိုက်ပွဲဝင်ကြရဦးမှာဖြစ်ပြီး ဘယ်အသင်းတွေ အခြေအနေကောင်းကြမလဲဆိုတာကို သုံးသပ်တင်ဆက်ပေးချင်ပါတယ်။

ဘာစီလိုနာ နဲ့ နာပိုလီ (မနက်၁နာရီခွဲ)

Photo Credit : Youtbue

ဘူးစကတ်နဲ့ ဗီဒယ်တို့ မပါဝင်လာနိုင်တဲ့ ဘာစီလိုနာကွင်းလယ်ပိုင်းက အနည်းနဲ့အများတော့ အားနည်းနေနိုင်မှာ သေချာနေသလို ဂရစ်ဇ်မန်းရဲ့အခြေအနေကလည်း မသေချာသေးတဲ့ အနေအထားသာ ရှိနေပါတယ်။ ဒါပေမယ့် ဘာစီလိုနာက အိမ်ကွင်းမှာဆိုရင် ရလဒ်ကောင်းတွေ ရယူတတ်ပြီး အထူးသဖြင့်တော့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေရဲ့အိမ်ကွင်းပွဲစဉ်တွေမှာဆို အနိုင်ရအောင် ကစားတတ်ပါတယ်။ နာပိုလီက ပထမအကျော့မှာ ဘာစီထက် ပိုကောင်းအောင်ကစားနိုင်ခဲ့တယ်ဆိုပေမယ့် ဒီနောက်ပိုင်းပွဲတွေမှာတော့ ခြေစွမ်းရော ရလဒ်တွေပါ မတည်ငြိမ်ပါဘူး။ ဖိအားဒဏ်ကို နာပိုလီထက် ဘာစီလိုနာက ပိုခံစားနေရမယ်ဆိုပေမယ့်လည်း နူးကမ့်မှာတော့ ဘာစီလိုနာပဲ အနိုင်ရပြီး ကွာတားတတ်ပါလိမ့်မယ်။

ဘိုင်ယန်မြူးနစ် နဲ့ ချယ်လ်ဆီး (မနက်၁နာရီခွဲ)

Photo Credit : Bwin

လန်ဒန်မှာ ကစားခဲ့တဲ့ ပထမအကျော့ပွဲမှာတောင် ဘိုင်ယန်က သက်တောင့်သက်သာကစားပြီး ဂိုးပြတ်အနိုင်ရထားတာဖြစ်လို့ ချယ်လ်ဆီးတို့ ပြန်လာဖို့ဆိုတာက ခက်ခဲသွားခဲ့ရပါပြီ။ ပူလီဆစ် အက်စ်ပီလီကွယ်တာတို့ ဒဏ်ရာရနေတဲ့အချိန် ဘိုင်ယန်ကို ယှဉ်ကစားဖို့က ခက်ခဲနေမှာဖြစ်သလို မှော်ဆန်တဲ့ အလှည့်အပြောင်းတစ်ခုကို လုပ်ပြနိုင်ဖို့ပဲ မျှော်လင့်ရဖွယ် ရှိနေပါတယ်။ ပထမအကျော့က (၃)ဂိုးပြတ်ထားခဲ့တယ်ဆိုပေမယ့်လည်း ဘိုင်ယန်ကတော့ ရလဒ်ကို ထိန်းကစားသွားတာထက် အိမ်ကွင်းမှာလည်း သွင်းဂိုးတွေ အရယူသွားဦးမှာပါ။ အားနည်းနေတဲ့ ချယ်လ်ဆီးခံစစ်ကြောင့် ဘိုင်ယန်တို့ အနည်းဆုံး(၂)ဂိုးပြတ်လောက်သွင်းယူပြီး ကွာတားတတ်လှမ်းနိုင်ပါလိမ့်မယ်။