ယူရိုပါလိဂ်ပြိုင်ပွဲရဲ့(၁၆)သင်းအဆင့် ရှံးထွက်ပွဲစဉ်တွေ ပြီးဆုံးသွားပြီးနောက်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ (၁၆)သင်းအဆင့် ရှံးထွက်ဒုတိယအကျော့ပွဲစဉ်တွေကို ဆက်လက်ကျင်းပဦးမှာဖြစ်လို့ ဘောလုံးဝါသနာအိုးတွေအတွက် အိပ်ရေးပျက်ရမယ့်ညတွေကတော့ ဆက်တိုက်ဖြစ်နေရဦးမှာပါ။ ချန်ပီယံလိဂ်က ကွာတားဖိုင်နယ်ကို အသင်း(၄)သင်းတတ်ရောက်ထားပြီဖြစ်လို့ နောက်ထပ်(၄)နေရာအတွက် အဖြေရှာဖို့သာ ကျန်ရှိတော့တာဖြစ်ပြီး ဒီနေ့ညမှာ လက်ကျန်(၄)နေရာထဲက (၂)နေရာစာအတွက် အသင်း(၄)သင်းက အကြိတ်အနယ် ကြိုးပမ်းကြမှာဖြစ်ပါတယ်။

ဂျုဗင်တပ်စ် နဲ့ လိုင်ယွန် (မနက်၁နာရီခွဲ)

Photo Credit :ESPN

ပထမအကျော့ ပြင်သစ်မြေမှာ အရေးနိမ့်ထားခဲ့တာဖြစ်လို့ ဒီပွဲမှာ ဂျုဗင်တပ်စ်တို့ ဖိအားအနည်းငယ် ရှိနေပါလိမ့်မယ်။ ဒါ့အပြင် ဒဏ်ရာရရှိနေတဲ့ ဒီဘားလားသာ မပါဝင်လာနိုင်ခဲ့ဘူးဆိုရင် တိုက်စစ်ပိုင်း အားနည်းလာနိုင်ပါတယ်။ လိုင်ယွန်ကတော့ ပီအက်စ်ဂျီအသင်းနဲ့ ပြင်သစ်လိဂ်ဖလားဖိုင်နယ်မှာ ပုံစံကောင်းတစ်ခု ပြသထားနိုင်ပြီး ပထမအကျော့မှာ မပါဝင်နိုင်ခဲ့တဲ့ ဒီပိုင်းကိုလည်း ဒီပွဲမှာ ပြန်လည်အသုံးပြုနိုင်တော့မှာပါ။ ဂျုဗင်တပ်စ်ကတော့ နောက်တစ်ဆင့်တတ်ရေးအတွက် ပွဲအစကတည်းက ဂိုးရရေးကို အဓိကထား ကစားလာမှာဖြစ်သလို ခံစစ်ကလည်း ဂိုးမပေးရအောင် သတိထားကစားဖို့ လိုနေလို့ ဖိအားများနိုင်ပါတယ်။ တူရင်မှာတော့ အိမ်ရှင်အနိုင်ရဖို့ ဖြစ်နိုင်ခြေပိုများပြီး ဂိုးလည်းပြန်ပေးရနိုင်တာကြောင့် ကပ်ပြီးသာ နိုင်ဖွယ်ရှိပြီး လိုင်ယွန်လည်း ကွာတားကို တတ်လှမ်းသွားနိုင်ပါတယ်။

မန်စီးတီး နဲ့ ရီးရဲလ်မက်ဒရစ် (မနက်၁နာရီခွဲ)

Photo Credit : Manchester Evening News

မန်စီးတီးက ရီးရဲလ်ကို မက်ဒရစ်မှာတောင် အနိုင်ယူထားခဲ့ပြီး အဲ့ဒီပွဲမှာလည်း ရာမို့စ်အနီကတ်ထိခဲ့လို့ ဒီပွဲကိုပါ လွဲချော်တော့မှာဖြစ်တဲ့အတွက် မန်စီးတီးကို ပိုအားသာသွားစေတာ အမှန်ပါပဲ။ လာလီဂါချန်ပီယံဖြစ်ထားခဲ့တဲ့ ရီးရဲလ်ကလည်း ပထမအကျော့ ရှံးနိမ့်မှုကနေ အကောင်းဆုံးပြန်လာနိုင်ဖို့ အသေအချာ ကြိုးပမ်းလာမှာဖြစ်ပြီး (၁)ဂိုး(၂)ဂိုးနဲ့ ရှံးထားတာဖြစ်လို့ ဒုတိယအကျော့မှာ ပြန်လာနိုင်ဖို့ကလည်း အခွင့်အရေး ရှိနေဦးမှာပါ။ ရီးရဲလ်က ကိုဗစ်အလွန် ပြန်လည်ကစားခဲ့တဲ့ (၁၁)ပွဲအတွင်းမှာ (၁၀)ပွဲနိုင် (၁)ပွဲပဲ သရေကျထားခဲ့ပြီး ရှံးပွဲလုံးဝမရှိထားသလို မန်စီးတီးကလည်း နောက်ဆုံးကစားခဲ့တဲ့ အိမ်ကွင်း(၇)ပွဲဆက်တိုက် အနိုင်ရထားခဲ့ပါတယ်။ မန်စီးတီးဘက်မှာ အဂူရို ပါဝင်နိုင်ဖို့ မသေချာသေးပေမယ့် အယ်တီဟတ်မှာတော့ ရီးရဲလ်ကိုု (၂)ဂိုးပြတ်လောက်နဲ့ မရှံးနိုင်လောက်ပါဘူး။ သရေလောက်ရအောင်တော့ ကစားနိုင်ပြီး မန်စီးတီး ကွာတားတတ်ပါမယ်။