မကြာခင်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲတွေ စတင်တော့မှာဖြစ်လို့ ကျွန်တော်တို့ရဲ့ အုပ်စုလိုက်ဖော်ပြပေးနေတဲ့ Group Preview အစီအစဉ်ကို နေ့စဉ်ဆက်တိုက် ပုံမှန်တင်ဆက်ပေးသွားပါတော့မယ်။ ဒီနေ့မှာတော့ အုပ်စု(D)က အသင်း(၄)သင်းရဲ့အကြောင်းကို ဖော်ပြပေးချင်ပါတယ်။ ဒီအုပ်စုအတွင်းမှာတော့ လီဗာပူးလ် အေဂျက်စ် အတ္တလန်တာနဲ့ မစ်ဂျေးလန်းအသင်းတို့ ပါဝင်လို့နေပြီး အရမ်းကိုလည်း စိတ်ဝင်စားစရာကောင်းနေပါတယ်ခင်ဗျာ။

Photo Credit : Sky Sports

ဒီအုပ်စုမှာ လီဗာပူးလ်အသင်းက ကျန်တဲ့အသင်းတွေအားလုံးထက် ဥရောပအတွေ့အကြုံရော ကစားသမားအင်အားပိုင်းမှာပါ သာလွန်လို့နေပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဘောလုံးရာသီ (၂)ရာသီဆက်တိုက် ချန်ပီယံလိဂ်ဖိုင်နယ်ကို တတ်လှမ်းထားတဲ့ အသင်းလည်းဖြစ်ပါတယ်။ ဒီလို အနေအထားတွေရှိနေတဲ့ လီဗာပူးလ်ကို အုပ်စု(D)ရဲ့ အုပ်စုပထမနေရာရမယ့် အသင်းအဖြစ် သတ်မှတ်ထားရတာဖြစ်ပါတယ်။ ဒါဆိုရင် အုပ်စု(D)ရဲ့ဒုတိယနေရာကို ဘယ်အသင်းက ရရှိသွားမလဲ။ ဒါက ဒီအုပ်စုအတွက် စိတ်ဝင်စားစရာ အကောင်းဆုံးအရာ ဖြစ်လာပါလိမ့်မယ်။

Photo Credit : 112 International

လီဗာပူးလ်ကိုဖယ်လိုက်ပြီး အုပ်စုဒုတိယနေရာနဲ့ နောက်တစ်ဆင့်ကို တတ်လှမ်းနိုင်မယ့်အသင်းအဖြစ် အတ္တလန်တာနဲ့ အေဂျက်စ်အသင်းတို့ကို ရွေးချယ်ထားရပါမယ်။ နော်ဝေကလပ် မစ်ဂျေးလန်းကတော့ ဒီအုပ်စုရဲ့ အဖြည်ခံအသင်းပဲဖြစ်ဖို့ အခြေအနေများနေပါတယ်။ ဆိုတော့ စီးရီးအေမှာ တိုက်စစ်အားကောင်းမောင်းသန်အသင်းအဖြစ် သတ်မှတ်ခံထားရတဲ့ အတ္တလန်တာအသင်းနဲ့ ကြယ်ပွင့်ကစားသမားကောင်းတွေကို တယောက်ပြီးတစ်ယောက် မွေးထုတ်ပေးနိုင်တဲ့ အေဂျက်စ်အသင်းတို့ကပဲ ဒုတိယနေရာကို အပြိုင်လုရတော့မှာဖြစ်ပါတယ်။ အေဂျက်စ်က ဒီနောက်ပိုင်းမှာ အသင်းရဲ့အဓိကကြယ်ပွင့်တွေကို ရောင်းထုတ်နေတာမို့ အသင်းရဲ့အင်အားက တဖြည်းဖြည်းကျဆင်းလာခဲ့ရပါတယ်။ တစ်ဖက်က အတ္တလန်တာအသင်းကတော့ တိုက်စစ်ပိုင်းက အားကောင်းနေပြီး မနှစ်က ဘောလုံးရာသီမှာလည်း ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်ထိ တတ်လှမ်းနိုင်ခဲ့ပါတယ်။ အေဂျက်စ်လောက် ဥရောပအတွေ့အကြုံ မများပေမယ့် အတ္တလန်တာအသင်းရဲ့ လက်ရှိအစုအဖွဲ့က အေဂျက်စ်ထက်တောင် ပိုမိုအင်အားတောင့်တင်းနေနိုင်ပါတယ်။ ဒါ့အပြင် အတ္တလန်တာနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ထိပ်တိုက်တွေ့ဆုံရမယ့်ပွဲစဉ်ကလည်း အတော်လေးကို စိတ်လှုပ်ရှားဖို့ကောင်းနေမှာပါ။ ဆိုတော့ ဒီအုပ်စုကို
အုပ်စုပထမ – လီဗာပူးလ်
အုပ်စုဒုတိယ – အတ္တလန်တာ
အုပ်စုတတိယ – အေဂျက်စ်
အုပ်စုစတုတ္ထ – မစ်ဂျေးလန်း