ချန်ပီယံလိဂ် အုပ်စု(A)နဲ့(B)တို့ကို ဖော်ပြပြီးခဲ့နောက်မှာ ဆက်လက်ပြီးတော့ အုပ်စု(C)အသင်းတွေရဲ့ အလားအလာကို ဖော်ပြသွားချင်ပါတယ်။ ဒီအုပ်စုကတော့ အရှေ့ကအုပ်စုတွေနဲ့မတူပဲ အုပ်စုဗိုလ်ဖြစ်နိုင်မယ့် အသင်းက သေချာနေပြီး အုပ်စုဒုတိယနေရာနဲ့ ဘယ်အသင်းက နောက်တစ်ဆင့်ကို တတ်လှမ်းသွားနိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ ဒီအုပ်စုမှာတော့ မန်စီးတီး မာဆေးလ် အိုလံပီယာကော့စ်နဲ့ ပေါ်တိုအသင်းတို့ ပါဝင်လို့နေပါတယ်။

Photo Credit : Daily Mail

ချန်ပီယံလိဂ် အုပ်စု(C) ကို ရုတ်တရက်ကြည့်လိုက်မယ်ဆိုရင် ဒီအုပ်စုမှာ မန်စီးတီးအသင်းက အုပ်စုပထမနေရာနဲ့ နောက်တစ်ဆင့်ကို တတ်လှမ်းနိုင်လိမ့်မယ်လို့ အားလုံးယူဆကြမှာပါ။ ဒါပေမယ့် လက်ရှိအချိန်မှာ မန်စီးတီးအသင်းက ခြေစွမ်းပိုင်း အနည်းငယ်ကျဆင်းမှုတွေ ရှိနေတဲ့အပြင် အသင်းမှာကလည်း ဒဏ်ရာတွေ ကိုဗစ်ကူးစက်မှုတွေ ရှိနေတဲ့အတွက် ပရီးမီးယားလိဂ်မှာ (၃)ပွဲကစားပြီး (၁)ပွဲပဲ အနိုင်ရထားပါသေးတယ်။ ဒီလို အခြေအနေတွေ ရှိနေတယ်ဆိုပေမယ့် ဂွာဒီယိုလာအနေနဲ့ အသင်းကို ချန်ပီယံလိဂ်မှာ အောင်မြင်မှုရယူဖို့ကို အဓိကထား စွမ်းဆောင်သွားမှာဖြစ်လို့ ဒီအုပ်စုမှာ မန်စီးတီးကိုပဲ အုပ်စုဗိုလ်အဖြစ်နဲ့ ရွေးချယ်ထားရပါလိမ့်မယ်။

Photo Credit :

ဒါပေမယ့် ဒီအုပ်စုကနေ မန်စီးတီးကို ဖယ်ထားလိုက်မယ်ဆိုရင် အုပ်စုဒုတိယနေရာနဲ့ ဘယ်အသင်းက နောက်တစ်ဆင့်တတ်သွားမလဲဆိုတာကို အရမ်းကို စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ အသင်း(၃)သင်းလုံးက ဥရောပအတွေ့အကြုံတွေ အထိုက်အလျောက်ရှိနေကြတဲ့ အသင်းတွေဖြစ်လို့ ဒီအသင်းတွေရဲ့ပြိုင်ဆိုင်မှုက ဒီအုပ်စုအတွက် စိတ်လှုပ်ရှားစရာ အကြောင်းအရာဖြစ်လာနိုင်ပါတယ်။ လက်ရှိအချိန်မှာတော့ ဒီအသင်းတွေထဲမှာ ဒီနှစ်ဘောလုံးရာသီရဲ့လိဂ်ပွဲအများဆုံး ကစားထားရတဲ့ မာဆေးလ်က လီဂူးအမှတ်ပေးဇယားရဲ့ အလယ်အလတ်နေရာကို ရောက်ရှိလို့နေပြီး အသင်းကလည်း သရေပွဲတွေသာ ရရှိလို့နေပါတယ်။ ပေါ်တူဂီကလပ် ပေါ်တိုနဲ့ ဂရိကလပ် အိုလံပီယာကော့စ်တို့ကတော့ လိဂ်ပွဲ(၃)ပွဲစီသာ ကစားထားရသေးပြီး ရာနှုန်းပြည့်နိုင်ပွဲတွေ မရှိသေးပဲ အကောင်းဆုံးပုံစံ ပြသနိုင်ဖို့ ရုန်းကန်နေရပါတယ်။ ဒီအသင်း(၃)သင်းလုံးမှာ ပေါ်တိုနဲ့ မာဆေးလ်တို့က ချန်ပီယံလိဂ်မှာ ဗိုလ်စွဲတဲ့အထိ အောင်မြင်ခဲ့တဲ့အသင်းတွေဖြစ်ပေမယ့် သူတို့အောင်မြင်ခဲ့တာက လွန်ခဲ့တဲ့နှစ်(၂၀)ဝန်းကျင်ကဖြစ်နေပြီး အိုလံပီယာကော့စ်ကလည်း ယူရိုပါလိဂ်နဲ့ ချန်ပီယံလိဂ်မှာ ပါဝင်ကစားခဲ့ရသလောက် ဘာလောက်လောက်ငှာငှာ အောင်မြင်မှုမှ မရခဲ့ပါဘူး။ လက်ရှိ ကစားသမားအင်အားအရ ပေါ်တိုနဲ့မာဆေးလ်တို့က အတောင့်တင်းဆုံးလို့ ဆိုနိုင်ပြီး ပေါ်တိုက စျေးကွက်အတွင်းမှာ ဖီလစ်ပီအန်ဒါဆန် မာလန်ဆားလ် ဂရူးလစ်တို့ကို အားဖြည့်ထားခဲ့သလို မာဆေးလ်ကလည်း လိုင်ယွန်ကို သရေကစားပြီး ပီအက်စ်ဂျီကို အနိုင်ယူထားခဲ့ပါတယ်။ ဆိုတော့ ကျွန်တော်ကတော့ ဒီအုပ်စုမှာ
အုပ်စုပထမ – မန်စီးတီး
အုပ်စုဒုတိယ – မာဆေးလ်
အုပ်စုတတိယ – ပေါ်တို
အုပ်စုတစတုတ္ထ – အိုလံပီယာကော့စ်