မနေ့က ချန်ပီယံလိဂ် အုပ်စု(A)က အသင်း(၄)သင်းရဲ့အလားအလာတွေရဲ့အကြောင်းတွေကို ဖော်ပြပြီးတဲ့နောက်မှာ ဆက်လက်ပြီး အုပ်စု(B)ရဲ့ အသင်းတွေကို ဖော်ပြပေးသွားပါမယ်။ ဒီအုပ်စုကတော့ စိတ်ဝင်စားဖို့လည်းကောင်းပါတယ်။ အုပ်စု(B)ထဲမှာ ပါဝင်နေတဲ့ ကလပ်အသင်းတွေကတော့ ရီးရဲလ်မက်ဒရစ် အင်တာမီလန် ရှက်တာဒိုးနက်နဲ့ မိုချန်ဂလာဘတ်ချ်ဆိုတဲ့ ထိပ်တန်းအသင်းတွေဖြစ်လို့ အတော်လေးကို စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒါဆို ဒီအုပ်စုအကြောင်းကို အသေးစိတ် ဆက်လေ့လာအောင်ဗျာ။

Photo Credit : Youtube

ဒီအုပ်စုက အုပ်စု(A)လိုပဲ အသင်းကြီး(၂)သင်းဖြစ်တဲ့ ရီးရဲလ်နဲ့ အင်တာတို့ပဲ နောက်တစ်ဆင့်တတ်သွားမယ်လို့ ယူဆနိုင်ပေမယ့် သူတို့ရင်ဆိုင်သွားရမယ့် ကလပ်အသင်းတွေက ဥရောပရဲ့အသင်းကောင်းတွေဖြစ်တဲ့ မိုချန်ဂလာဘတ်နဲ့ ရှက်တာဒိုးနက်တို့ဆိုတော့ မမျှော်လင့်ထားတဲ့ အတိမ်းအစောင်းလေးတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ်ရဲ့ဘုရင်တစ်ပါးဖြစ်တဲ့ ရီးရဲလ်ကလည်း လက်ရှိအချိန်မှာ အကောင်းဆုံးအနေအထားကို မရောက်သေးပဲ ရုန်းကန်နေရသလို အင်တာကလည်း တိုက်စစ်က အားကောင်းသလောက် ခံစစ်ကတော့ ပွဲတိုင်းနီးပါး ဂိုးတွေခွင့်ပြုထားခဲဲ့ရပါတယ်။

Photo Credit : Yahoo! Sports

ဆိုတော့ ဒီအသင်း(၂)သင်းမှာ ဘယ်သူက အုပ်စုဗိုလ်အဖြစ် ရပ်တည်နိုင်မလဲဆိုတာ အရမ်းစိတ်ဝင်စားဖို့ကောင်းနေပါတယ်။ လူအများစုကတော့ ရီးရဲလ်ကိုပဲ အုပ်စုဗိုလ်အဖြစ် ယူဆထားကြမှာတော့ သေချာနေပါတယ်။ ဂျာမန်ကလပ် မိုချန်ဂလာဘတ်ကတော့ လက်ရှိမှာ ဘွန်ဒစ်လီဂါ(၃)ပွဲကစားထားပြီး ရမှတ်(၄)မှတ်လေးပဲ ရရှိလို့ထားတဲ့အပြင် အသင်းမှာက ကစားသမားကောင်းတွေကို သိပ်များများစားစား ရှိမနေလို့ ရီးရဲလ်နဲ့ အင်တာတို့ ဟန့်တားဖို့ဆိုတာ ခက်ခဲနိုင်တယ်။ ယူကရိန်းကလပ် ရှက်တာဒိုးနက်ကလည်း လက်ရှိ ယူကရိန််းလိဂ်မှာ ရှံးပွဲမရှိသေးပေမယ့် (၅)ပွဲကစားပြီး (၃)ပွဲထိတောင် သရေကျထားတာမို့ ရလဒ်ပိုင်းက အားရစရာ အနေအထားမှာ ရှိမနေပါဘူး။ ဒါပေမယ့် ရှက်တာဒိုးနက်ရဲ့ အိမ်ကွင်းကစားအားနဲ့ ဥရောပအတွေ့အကြုံကတော့ ရီးရဲလ် အင်တာမီလန်တို့နဲ့ နည်းတူလောက်ရှိနေသလို မိုချန်ထက်လည်း ပိုသာလွန်နေပါတယ်။ ဒါပေမယ့် လိဂ်ပြိုင်ပွဲတွေမှာ ထင်သလောက်မဖြစ်သေးတဲ့ ကလပ်အသင်းတွေက ဒီလိုဥရောပပွဲတွေမှာ မထင်ထားလောက်အောင် ရလဒ်ကောင်းတတ်တာလည်း ရှိတတ်တာဖြစ်လို့ ဒီအုပ်စုကလည်း စိတ်လှုပ်ရှားဖို့ကောင်းမှာပါ။ ဆိုတော့ ဒီအုပ်စုမှာ
အုပ်စုပထမ – ရီးရဲလ်မက်ဒရစ်
အုပ်စုဒုတိယ – အင်တာမီလန်
အုပ်စုတတိယ – ရှက်တာဒိုးနက်
အုပ်စုစတုတ္ထ – မိုချန်ဂလာဘတ်တို့ဖြစ်လိမ့်မယ်လို့ ထင်မိပါတယ်။