လက်ရှိရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲ နဲ့ ယူရိုပါလိဂ် ပြိုင်ပွဲကို ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် အခုနှစ် ဇူလိုင်လ နဲ့ သြဂုတ်လကို ရွေ့ဆိုင်းသွားခဲ့ပြီ ဖြစ်တယ်လို့ DailyMail သတင်းက ဖော်ပြသွားခဲ့ပြီး နိုင်ငံတကာ ဘောလုံး ပွဲစဉ်တွေကိုလည်း ဆောင်းရာသီအထိ ရပ်နားထားတယ်လို့ သိရှိရပါတယ်။ ယူရို ပြိုင်ပွဲ အပါအဝင် နိုင်ငံတကာ ဘောလုံး ပွဲစဉ်တွေ အားလုံးကို အစက ဇွန်လကနေ ပြန်စတင်နိုင်ချေ ရှိတယ်လို့ ဖော်ပြခဲ့တာ ဖြစ်ပေမဲ့လည်း DailyMail သတင်းက နိုင်ငံတကာ ပြိုင်ပွဲတွေကို ဆောင်းရာသီအထိ ရပ်နားလိုက်ပြီ ဖြစ်တယ်လို့ အခိုင်အမာ ရေးသားဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: DailyMail

ချန်ပီယံလိဂ် ပြိုင်ပွဲ၊ ယူရိုပါလိဂ် ပြိုင်ပွဲ နဲ့ နိုင်ငံတကာ ပြိုင်ပွဲတွေ အားလုံးကို ရပ်နားထားပြီးလို့ အရင်ဆုံး ဖော်ပြခဲ့တာကတော့ ဂျာမန် အခြေစိုက် ZDF သတင်းက အရင် ဖော်ပြခဲ့တာ ဖြစ်ပြီး သက်ဆိုင်ရာ ပြိုင်ပွဲရဲ့ တာဝန်ရှိတွေကတော့ အတည်ပြုထားခြင်း မရှိသေးလျက် ဖြစ်ပါတယ်။ ဥရောပ တစ်ခွင်က ဘောလုံး ပြိုင်ပွဲတွေ အားလုံးကို ကိုရိုနာ ဗိုင်းရပ်ကြောင့် ရပ်နားခဲ့တာ ဖြစ်ပြီး လုံခြုံမှု မရှိမချင်း ရပ်နားဖွယ် ရှိတာကြောင့် ဥရောပ လိဂ်ကြီး (၅) လိဂ်ကို ဘယ်ချိန်ပြန်စတင်နိုင်မလဲ ဆိုတာကိုလည်း အခုအချိန်အထိ အတိအကျ မသိနိုင်သေးတာ ဖြစ်ပါတယ်။

Photo Credit: DailyMail

Independent သတင်းကတော့ လက်ရှိရာသီ ဘောလုံး ပြိုင်ပွဲကို နောက်ရာသီ ပြန်မစခင်မှာ ပြီးဆုံးအောင် ကစားသွားနိုင်ချေ ရှိပြီး ချန်ပီယံလိဂ် ပြိုင်ပွဲ နဲ့ လိဂ်ကြီး (၅) လိဂ် ပြိုင်ပွဲတွေကို ပရိသတ် တစ်ယောက်မှ မပါဘဲ ကွင်းပိတ် ကစားသွားကြမှာ ဖြစ်တယ်လို့ ဖော်ပြသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္စဟူးနေ့မှာ ထွက်ပေါ်လာခဲ့တဲ့ သတင်းအရတော့ လက်ရှိရာသီ (၂၀၁၉-၂၀) ပြိုင်ပွဲကို ဖျက်သိမ်းသွားဖို့ အစီအစဉ် မရှိဘူးလို့ ဖော်ပြပြီး ဥရောပ ဘောလုံး အဖွဲ့ချုပ် (ယူအီအက်ဖ်အေ) နဲ့ ဥရောပ လိဂ် ပြိုင်ပွဲတွေက လက်ရှိရာသီ ပြိုင်ပွဲကို ပြီးဆုံးချင်လျက် ရှိနေတာပဲ ဖြစ်ပါတယ်။ ဘောလုံး အဖွဲ့ချုပ်အနေနဲ့ နောက်ထပ် ဗီဒီယို အစည်းအဝေး ကျင်းပမှာ ဖြစ်ပြီး ဘယ်အချိန်မှာ ရာသီ ပြီးဆုံးအောင် ကစားနိုင်မလဲ ဆိုတာကို ဆွေးနွေးသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။