ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်နားလိုက်ရတဲ့ ဥရောပပြိုင်ပွဲကြီးနှစ်ခုဖြစ်တဲ့ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေကို လာမယ့်သြဂုတ်လ (အမှတ်ပေးလိဂ်ပြိုင်ပွဲတွေ အားလုံးပြီးဆုံးသွားချိန်)မှာ ကျင်းပမှာဖြစ်ပြီး အခု ကျင်းပမယ့်နေ့ရက်တွေကို ထုတ်ပြန်လာခဲ့ရာ ပြိုင်ပွဲ(၂)ခုလုံးကို (၃)ပတ်တာအတွင်းမှာပဲ အပြီးအစီး ကျင်းပမှာဖြစ်ကာ အချိန်ဇယားရေးဆွဲထားမှုအရ နေ့ရက်တိုင်းလိုလိုမှာ ပွဲစဉ်တွေရှိနေတဲ့အတွက်ကြောင့် ကစားသမားတွေအနေနဲ့ကတော့ ပွဲပန်းမှုဒဏ်တွေကို အလူးအလဲ ခံစားရနိုင်ပါတယ်။

Photo Credit : AS English

ချန်ပီယံလိဂ်ပြိုင်ပွဲကတော့ (၁၆)သင်းအဆင့် ရှံးထွက်ပွဲစဉ်(၄)ပွဲ ဆက်လက်ကျင်းပဖို့ ကျန်ရှိနေသေးတာဖြစ်ပြီး အဲ့ဒီ(၄)ကို လာမယ့်သြဂုတ်လ (၇)ရက်နဲ့(၈)ရက်နေ့တွေမှာ ကျင်းပမှာဖြစ်ကာ ကွာတားဖိုင်နယ်ပွဲစဉ်တွေကိုလည်း သြဂုတ်လ(၁၂)ရက်နေ့က (၁၅)ရက်နေ့အထိ ဆက်တိုက်ကျင်းပမှာဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်ပွဲစဉ်(၂)ပွဲကိုတော့ သြဂုတ်(၁၈)ရက်နဲ့(၁၉)ရက်နေ့တွေမှာ ကျင်းပမှာဖြစ်ပြီး ဖိုင်နယ်ပွဲကြီးကိုတော့ (၂၃)ရက်နေ့မှာ ကျင်းပမယ်လို့ သိရပါတယ်။ ပွဲစဉ်တွေကိုတော့ ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့အခြေစိုက် ဘင်ဖီကာနဲ့ လစ္စဘွန်းအသင်းတို့ရဲ့ကွင်းတွေမှာ တကျော့တည်းစီ ကျင်းပမှာဖြစ်ပါတယ်။

Photo Credit : Media Marketing

ယူရိုပါလိဂ်ပြိုင်ပွဲကလည်း (၁၆)သင်းအဆင့်ရဲ့ ဒုတိယအကျော့ပွဲစဉ်တွေကို ကျင်းပဖို့ကျန်နေသေးတာဖြစ်လို့ အဲ့ဒီပွဲစဉ်(၈)ပွဲကို သြဂုတ်(၅)ရက်နဲ့(၆)ရက်နေ့တွေမှာ ကျင်းပသွားမှာဖြစ်ကာ ကွာတားဖိုင်နယ်ကို သြဂုတ်(၁၀)နဲ့(၁၁)ရက်နေ့ ဆီမီးဖိုင်နယ်ကို (၁၆)နဲ့(၁၇)ရက်နေ့တွေမှာ ဆက်လက်ကျင်းပမှာဖြစ်ပါတယ်။ ဖိုင်နယ်ပွဲစဉ်ကိုတော့ သြဂုတ်(၂၁)ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး ပွဲစဉ်တွေအားလုံးကိုတော့ ဂျာမနီနိုင်ငံက အနောက်ပိုင်းမှာရှိတဲ့ ဘောလုံးအသင်းတွေရဲ့ကွင်းတွေမှာ ကျင်းပမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ ချန်ပီယံလိဂ်ဘက်ကပဲ အသင်း(၄)သင်းက ကွာတားဖိုင်နယ်ကို တတ်လှမ်းထားခဲ့တာဖြစ်ပြီး ဒီအသင်းတွေကတော့ အတ္တလန်တာ လိုက်ပ်ဇစ် ပီအက်စ်ဂျီနဲ့ အသက်လက်တီကိုမက်ဒရစ်အသင်းတို့ဖြစ်ပြီး ယူရိုပါလိဂ်ဘက်မှာကတော့ (၁၆)သင်းအဆင့်တောင် မကန်ရသေးတဲ့ အသင်းတွေရှိနေသေးပြီး ဆီဗီလာနဲ့ရိုးမား အင်တာနဲ့ဂီတာဖေးတို့ကတော့ တစ်ခါတည်းပဲ တစ်ကျော့တည်းကစားကာ အနိုင်အရှံးကို အဆုံးအဖြတ်ခံရမှာဖြစ်ပါတယ်။