မနေ့ညကနေ ပြန်လည်ယှဉ်ပြိုင်ကစားခဲ့တဲဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့(၁၆)သင်းအဆင့် ရှံးထွက်အဆင့်ရဲဲ့ပထမအကျော့ပွဲစဉ်တွေမှာတော့ အိမ်ရှင်အသင်းတွေကပဲ အနိုင်ရရှိခဲ့ပြီး ရလဒ်တွေကတော့ မပြတ်သားခဲ့ပါဘူး။ ဒီနေ့ညမှာလည်း ချန်ပီယံလိဂ်ပွဲတွေကို ဆက်လက်ယှဉ်ပြိုင်ရဦးမှာဖြစ်ကာ စပါး လိုက်ပ်ဇစ် ဗလင်စီယာနဲ့ အတ္တလန်တာအသင်းတို့ရဲ့ပွဲစဉ်တွေဖြစ်နေတာကြောင့် ကြည့်ကောင်းနေဦးမှာ သေချာနေပါတယ်။ ကဲ…ဒီပွဲတွေအကြောင်းကို ဆွေးနွေးကြည့်ရအောင်လားဗျာ။

Photo Credit : The Guardian

အတ္တလန်တာ နဲ့ ဗလင်စီယာ (မနက်၂နာရီခွဲ)
(၁၆)သင်းအဆင့်ကို တတ်လှမ်းလာခဲ့တဲ့ အသင်းတွေထဲကမှ အင်အားအရ အားအနည်းဆုံးနဲ့ လျှော့တွက်လို့မရဆုံး အသင်းနှစ်သင်းရဲဲ့ထိပ်တိုက်ရင်ဆိုင်တွေ့ဆုံမှုပဲဖြစ်ပါတယ်။ ဒီနှစ်သင်းလုံးက အင်အားချင်းရော ခြေစွမ်းချင်းရော ညီမျှပါတယ်။ အတွေ့အကြုံပိုင်းမှာပဲ ဗလင်စီယာက ပိုမိုသာလွန်နေတာပါ။ ဒါပေမယ့် အတ္တလန်တာကလည်း တိုက်စစ်ဖွင့်ကစားတတ်တဲ့နေရာမှာ ကျွမ်းကျင်လွန်းတဲ့ အသင်းဆိုတာ သူတို့ရဲ့စီးရီးအေသွင်းဂိုးအရေအတွက်ကို ကြည့်ရင်သိနိုင်မှာပါ။ ဗလင်စီယာကလည်း အိမ်ကွင်းမှာ ကစားအားကောင်းတတ်ပေမယ့် အဝေးကွင်းရောက်ရင်တော့ ခြေစွမ်းက သာမာန်လောက်ပဲ ရှိသွားတတ်ပါတယ်။ ဒါကြောင့် ဒီပွဲမှာတော့ အတ္တလန်တာကို ပိုယုံကြည်ထားချင်မိပါတယ်။

Photo Credit : Libero

စပါး နဲ့ လိုက်ပ်ဇစ် (မနက်၂နာရီခွဲ)
ဒီပွဲမတိုင်ခင် ရက်ပိုင်းလေးအလိုမှာပဲ ဆွန်ဟောင်မင် ဒဏ်ရာရသွားခဲ့တာ စပါးအတွက် အရမ်းကို နစ်နာစေခဲ့ရပါတယ်။ အခြားသော ပရီးမီးယားလိဂ်အသင်းတွေထက်စာရင် ချန်ပီယံလိဂ်မှာ ပြိုင်ဘက်ချောင်တယ်လို့ ဆိုရမယ့် စပါးအသင်းဟာ လက်ရှိအနေအထားအရဆိုရင် လိုက်ပ်ဇစ်ထက်တောင် အင်အားလျှော့နည်းသွားပြီးလို့ ဆိုရမလို ဖြစ်နေရပါတယ်။ လိုက်ပ်ဇစ်က အဝေးကွင်းစွမ်းရည် သိပ်မညံလှတဲ့ အသင်းဆိုပေမယ့်လည်း နောက်ဆုံးအဝေးကွင်း၄ပွဲဆက်တိုက်တော့ နိုင်ပွဲပျောက်ထားရပါတယ်။ စပါးကတော့ ဆွန်မပါနိုင်လို့ ကွင်းလယ်မှာပဲ ကွင်းလယ်လူအများအပြားနဲ့ ပွဲထွက်လာနိုင်ပြီး ဒါမှမဟုတ် ဆွန်နေရာကို လာမယ်လာဝင်လာကာ လာမယ်လာ ဘာ့ဂ်ဝင်းချ် မော်ရာတို့ တိုက်စစ်အတွဲအဖက်နဲ့ ပွဲထုတ်လာနိုင်ပါတယ်။ လက်ရှိအခြေအနေနဲ့တော့ အိမ်ရှင်တို့ သရေလောက်ပဲ မျှော်မှန်းနိုင်လိမ့်မယ်လို့ ထင်မိပါတယ်။