ချဲလ်ဆီးအသင်း နဲ့ အာဆင်နယ်အသင်းရဲ့ ကစားသမားဟောင်း လက်ရှိ မိုနာကို ကွင်းလယ်လူ ဖာဘရီဂတ်စ်က မနက်ဖြန် စနေနေ့ည (၁၁) အချိန်မှာ ကစားမယ့် အာဆင်နယ်အသင်း နဲ့ ချဲလ်ဆီးအသင်းတို့ရဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲစဉ်မှာ အာဆင်နယ်အသင်းကို ဖလားရစေချင်တယ်လို့ ဆိုပါတယ်။ ကွင်းလယ်လူ ဖာဘရီဂတ်စ်ဟာ အာဆင်နယ်အသင်းမှာ (၈) နှစ်ကြာ ကစားခဲ့စဉ်က အက်ဖ်အေဖလားကို ရရှိခဲ့သလို ချဲလ်ဆီးအသင်းမှာ (၅) နှစ်ကြာ ကစားခဲ့စဉ်ကလည်း အက်ဖ်အေ ဖလားကို ရရှိခဲ့တာ ဖြစ်ပြီး လက်ရှိမှာကတော့ လီးဂူးဝမ်းက မိုနာကိုအသင်းမှာ ကစားနေလျက် ရှိပါတယ်။

Photo Credit: Dailymail

 

ကွင်းလယ်လူ ဖာဘရီဂတ်စ်ဟာ လက်ရှိရာသီမှာ မိုနာကိုအသင်းအတွက် လီးဂူးဝမ်း ပွဲစဉ် (၁၈) ပွဲ နဲ့ ပြိုင်ပွဲစုံ ပွဲစဉ် (၂၀) ပွဲ ကစားထားတာ ဖြစ်ပေမယ့်လည်း သွင်းဂိုးတစ်ဂိုးမှ မသွင်းနိုင်ခဲ့တာ ဖြစ်ပြီး သူ့ရဲ့ မိုနာကိုအသင်းကတော့ အဆင့် (၉) နေရာနဲ့ လက်ရှိရာသီကို ကုန်ဆုံးခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ အက်ဖ်အေ ဖလားကို အများဆုံး ရရှိထားတဲ့ အသင်း ဖြစ်ပေမဲ့လည်း ပြီးခဲ့တဲ့ နှစ် အနည်းငယ်အတွင်းမှာ ဆုဖလား ရရှိမှု မရှိခဲ့တာကြောင့် အသင်းရဲ့ ကွင်းလယ် ကစားသမား ဖာဘရီဂတ်စ်က အက်ဖ်အေ ဖလားကို ပို ရရှိစေချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

Photo Credit: Dailymail

 

Daily Telegraph မှာ ဖာဘရီဂတ်စ်က “အာဆင်နယ်အသင်းက ဒီဖလားကို ပို လိုအပ်နေတယ်။ ချဲလ်ဆီးအသင်းက တကယ် ပြောရမယ် ဆိုရင် နှစ်တိုင်းလိုလို ဆုဖလား တစ်ခုခု ရရှိနိုင်ပါတယ်။ ဒီတော့ ဒီကိစ္စမှာ ဆိုရင် ဒါက ခြားနားတဲ့ ဖြစ်စဉ် ဖြစ်ပါတယ်။ ဆုဖလားနဲ့ ပြောရမယ် ဆိုလည်း အာဆင်နယ်အသင်းက ဒီဖလားကို ပိုလိုအပ်ပါတယ်။ သူတို့ နောက်နှစ်မှာ ယုံကြည်မှု ရှိနိုင်ဖို့ နဲ့ ယူရိုပါလိဂ်ဝင်နိုင်ဖို့အတွက် ဒီဖလားကို လိုအပ်ပါတယ်။ ချဲလ်ဆီးအသင်းက ချန်ပီယံ ဝင်ခွင့်ကို ရရှိပြီးသား ဖြစ်ပြီး အာဆင်နယ်အသင်းက လက်ရှိ ဘာမှ မရသေးပါဘူး”လို့ ပြောသွားပါတယ်။ နည်းပြ အာတီတာရဲ့ အာဆင်နယ်အသင်းဟာ မန်စီးတီးအသင်းကို အနိုင်ရပြီး ဗိုလ်လုပွဲစဉ်ကို တက်လှမ်းလာခဲ့ပြီး နည်းပြ လမ်းပတ်ရဲ့ ချဲလ်ဆီးအသင်းကတော့ မန်ယူအသင်းကို အနိုင်ရပြီး ဗိုလ်လုပွဲစဉ်ကို တက်လှမ်းလာခဲ့ပြီး ဝင်ဘာလေကွင်းမှာ ဗိုလ်လုပွဲ ကစားသွားကြမှာ ဖြစ်ပါတယ်။