ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်တုန်းက ဆဲလ်တစ်အသင်းရဲ့နောက်ခံကစားသမား ဘိုလီဘလင်ကိုလီဟာ အသင်းဘက်ကနေ ချမှတ်ထားတဲ့ ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေ ချိုးဖောက်ပြီးတော့ စကော့တလန်နိုင်ငံ ဂလက်စကိုမြို့ကနေ ထွက်ခွာခဲ့ကာ စပိန်နိုင်ငံကို အလည်အပတ်သွားရောက်ခဲ့ပြီး သူရဲ့လုပ်ရက်တွေကြောင့် ဆဲလ်တစ်အသင်းမှာပါ စကော့တလန်အမှတ်ပေးပွဲ အနည်းငယ်ကို ရွှေ့ဆိုင်းလိုက်ရတဲ့အထိ အကျိုးသက်ရောက်ခဲ့ရတာကြောင့် အခုလက်ရှိမှာ ဒီကစားသမားကို စကော့တလန်ဘောလုံးအဖွဲ့ချုပ်ကနေ (၅)ပွဲပယ်ပြစ်ဒဏ်ကအထိ ချမှတ်လိုက်ပြီဖြစ်ပါတယ်။

Photo Credit : Sky Sports

အသက်(၂၅)နှစ်အရွှယ်ရှိ ဘယ်ဂျီယံနောက်ခံကစားသမား ဘလင်ကိုလီဟာ ဆဲလ်တစ်အသင်းရဲ့နည်းပြ နေးလ်လန်နွန်ရဲ့မှာကြားချက်တွေကို လိုက်နာခြင်းမရှိခဲ့ပဲ စပိန်နိုင်ငံကိုသွားရောက်ပြီး အမျိုးသမီးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့တဲ့အပြင် ဂလက်စကိုမြို့ကို ပြန်ရောက်တဲ့အခါမှာလည်း (၁၄)ရက် Quarantine ဝင်ခဲ့ခြင်းမရှိတာကြောင့် နောက်ပိုင်းမှ ဒီဖြစ်ရပ်တွေကို စစ်ဆေးသိရှိခဲ့ရတဲ့အတွက်စိန့်မာရင်း အဘာဒင်းအသင်းတွေနဲ့ ယှဉ်ပြိုင်ကစားသွားရမယ့် ဆဲလ်တစ်အသင်းရဲ့ စကော့လိဂ်ပွဲစဉ်တွေကိုပါ ရက်ရွှေ့ဆိုင်းခဲ့ရပါတယ်။

Photo Credit : The Scotsman

ဆဲလ်တစ်နည်းပြ နေးလ်လန်နွန်က ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ စကော့တလန်လိဂ်ပွဲစဉ်တွေ ပြန်လည်မစတင်ခင်မှာ ကစားသမားတွေကို နှစ်ရက်တာခန့် အနားပေးခဲ့ပေမယ့် ဂလက်စကိုမြို့အပြင်ဘက်ကို ဘာအကြောင်းနဲ့မှ မထွက်ခွာသွားဖို့ကိုတော့ ပြင်းပြင်းထန်ထန် တားမြစ်ထားခဲ့ရာ ဒီစည်းကမ်းတွေကို ဘလင်ကိုလီက သိသိကြီးနဲ့ ချိုးဖောက်ခဲ့ပြီး စပိန်နိုင်ငံအထိတောင် ခရီးနှင်ခဲ့တာကြောင့် စကော့တလန်ဘောလုံးအဖွဲ့ချုပ်နဲ့ စကော့တလန်လိဂ်အဖွဲ့ချုပ်တို့ကနေ စည်းကမ်းမလိုက်နာခဲ့တဲ့ ဘလင်ကိုလီအတွက် ဒီနေ့မှာပဲ (၅)ပွဲပယ် အမိန့်ကို ဒီနေ့မှာပဲ ချမှတ်လိုက်တာဖြစ်ပါတယ်။ ဘလင်ကိုလီ
ရဲ့လုပ်ရက်အပေါ်မှာလည်း ဆဲလ်တစ်နည်းပြ နေးလ်လန်နွန်က အကြီးအကျယ် စိတ်ပျက်လျက်ရှိနေပြီး အသင်းနဲ့ ပြန်လည်ပူးပေါင်းချိန်မှာတောင် သူ့ကို အရင်လိုမကြိုဆိုနိုင်တော့တာကြောင့် ဘလင်ကိုလီရဲ့အနာဂတ်ကလည်း မရေမရာ ဖြစ်လာခဲ့ရပါတယ်။ ဆဲလ်တစ်အသင်းဟာ လက်ရှိမှာ စကော့တလန်အမှတ်ပေးလိဂ် (၃)ပွဲသာ ကစားထားရသေးပြီး (၂)ပွဲနိုင်ကာ (၁)ပွဲကို သရေကျထားခဲ့ပြီး ရမှတ်(၇)မှတ်နဲ့ အဆင့်(၄)နေရာမှာ ရပ်တည်နေသလို ထိပ်ဆုံးနေရာက ရိန်းဂျားအသင်းနဲ့ (၂)ပွဲလျော့ (၆)မှတ်အထိကို ကွာဟလျက်ရှိနေတဲ့အပြင် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ခြေစစ်ပွဲဒုတိယအဆင့်မှာလည်း ဟန်ဂေရီကလပ် ရှံးနိမ့်ခဲ့တဲ့အတွက် ယူရိုပါလိဂ်ကိုသာ ဝင်ရောက်ယှဉ်ပြိုင်ရတော့မှာဖြစ်ပါတယ်။