နာမည်ကျော် စကော့တလန်ထိပ်သီး ဘောလုံးအသင်းတစ်သင်းဖြစ်တဲ့ ဆဲလ်တစ်အသင်းကတော့ မနေ့ညက ယှဉ်ပြိုင်သွားခဲ့တဲ့ ချန်ပီယံလိဂ် ခြေစစ်ပွဲ ဒုတိယအဆင့်ပွဲစဉ်မှာ မထင်မရှား ဟန်ဂေရီချန်ပီယံအသင်း ဖယ်ရန်ဆီဗာရိုဆိုတဲ့အသင်းကို အိမ်ကွင်းမှာ (၁)ဂိုး(၂)ဂိုးနဲ့ အရေးနိမ့်ခဲ့ရတဲ့အတွက် (ခြေစစ်ပွဲများကို ကိုဗစ်ဂယက်ကြောင့် တစ်ကျော့တည်းသာကျင်းပ) ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်ဆင်နွဲရတော့မှာမဟုတ်ပဲ ယူရိုပါလိဂ်ပြိုင်ပွဲကိုသာ ဆင်နွဲရတော့မှာဖြစ်တယ်လို့ သိရှိရပါတယ်။

Photo Credit : Sky Sports

ဆဲလ်တစ်အသင်းဟာ အသင်းကြီးတစ်သင်းမဟုတ်ပေမယ့်လည်း နှစ်စဉ်နှစ်တိုင်းတော့ ချန်ပီယံလိဂ်ဝင်ခွင့်တွေ အရပိုင်ဆိုင်ထားနိုင်တတ်တဲ့ စကော့ထိပ်သီးအသင်းဖြစ်ပြီး ဒီနှစ်မှာလည်း သူတို့အသင်းရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကို သွားရောက်ရမယ့်လမ်းကြောင်းကလည်း ထင်သလောက် မခက်ခဲတာကြောင့် ဆဲလ်တစ်ရဲ့ချန်ပီယံလိဂ်ဝင်ခွင့်အိမ်မက် သေချာလောက်ပြီလို့ ထင်မှတ်ခဲ့ရပါတယ်။ ဒါပေမယ့် ဥရောပအတွေ့အကြုံ နုနယ်လွန်းနေသေးတဲ့ ဟန်ဂေရီကလပ်အသင်းကို အိမ်ကွင်းမှာ အရေးနိမ့်ခဲ့ရင်း ဆဲလ်တစ်ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အိမ်မက်က Shock ရလဒ်နဲ့ အဆုံးသတ်သွားခဲ့ပါတယ်။

ချန်ပီယံလိဂ် ခြေစစ်ပွဲ ဒုတိယအဆင့်ရလဒ်များ

လူဒိုဂိုရက်ဇ် ၀-၁ မစ်ဂျေးလန်း

ကလုချ် ၂-၂ ဒိုင်နမိုဇာဂရက်ဇ် (ပင်နယ်တီမှာ ဇာဂရက်ဇ်အနိုင်ရ)

ဒိုင်နမိုဘရက်စ် ၂-၁ ဆာရာယေဗို

လီဂီယာဝါဆော ၀-၀ အိုမိုနီးယားနီကိုးရှား (အချိန်ပို လီဂီယာ ၀-၂ အိုမိုနီးယား)

ယန်းဘွိုင်း ၃-၁ KI/ဆလိုဗန်

ဆဲလ်တစ် ၁-၂ ဗယ်ရန်ဆီဗာရို

ကာရာဘတ် ၂-၁ ရှာရစ်ဖ်

တီရာနာ ၀-၁ ဇဗက်ဒါ

PAOK ၃-၁ ဘက်ဆစ်တက်

အယ်ခမာ ၃-၁ ဗစ်တိုရီးယားပါလ်ဇန်

ဆယ်ယီ ၁-၂ မိုလ်ဒီ

ဆူဒူဗာ ၀-၃ မက္ကာဘီတဲလ်အဗစ်

လိုကိုမိုတီဗာဇာဂရက်ဇ် ၀-၁ ရက်ပစ်ဝီအန်