အာဆင်နယ် ကွင်းလယ်လူ ဆီဘာလို့စ်ဟာ Marca သတင်းနဲ့ အမေးအဖြေ ပြုလုပ်တဲ့ အချိန်မှာ နည်းပြ အမ်မရီကြောင့် လီဗာပူးလ်အသင်းကို မရွေးခဲ့ဘဲ အာဆင်နယ်အသင်းကို ရွေးခဲ့တာပါလို့ အခိုင်အမာ ပြောကြားသွားပါတယ်။ ဆီဘာလို့စ်ဟာ (၂၀၁၉) ခုနှစ် ဇူလိုင်လ (၂၅) ရက်နေ့က ရီးရဲလ် မက်ဒရစ်အသင်းကနေ အာဆင်နယ်အသင်းကို အငှားနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး ပရီးမီးယားလိဂ် ပွဲစဉ် (၁၁) ပွဲ ကစားထားရာမှာ ဂိုးဖန်တီးမှု (၂) ကြိမ် ပြုလုပ်ခဲ့ပြီ ဖြစ်ပါတယ်။

Photo Credit: Goal

အာဆင်နယ်အသင်းဟာ ကွင်းလယ်လူ အာရွန် ရမ်ဆေးလ်ကို အလွတ်နဲ့ ဂျုဗင်တပ်အသင်းကို ပေးခဲ့ရတာကြောင့် ကွင်းလယ်လူ ထပ်ဖြည့်ဖို့ လိုအပ်ခဲ့ပြီး ရီးရဲလ် ကွင်းလယ်လူ ဆီဘာလို့စ်ကို အငှားနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဆီဘာလို့စ်ဟာ အာဆင်နယ်အသင်းကို မပြောင်းလာခင်မှာ လီဗာပူးလ်အသင်းရဲ့ စိတ်ဝင်စားမှုကိုပါ ခံခဲ့ရပေမဲ့ အာဆင်နယ် နည်းပြဟောင်း အမ်မရီကြောင့် လီဗာပူးလ်အသင်းထက် အာဆင်နယ်အသင်းကို ရွေးချယ်ခဲ့တာပါလို့ ပြောခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

ဆီဘာလို့စ်က “လီဗာပူးလ်လို အသင်းက ကျွန်တော့်ကို စိတ်ဝင်စားခဲ့တာအတွက် ကျွန်တော် အလွန် ဂုဏ်ယူခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော် အာဆင်နယ်အသင်းကိုသာ ရွေးချယ်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုရင်တော့ နည်းပြ အမ်မရီကြောင့်ပါပဲ။ ကျွန်တော့်အပေါ်မှာ နည်းပြ အမ်မရီရဲ့ ဆက်မံမှုကြောင့်ပါ။ အခုအချိန်မှာတော့ ကျွန်တော် လီဗာပူးလ်အသင်းနဲ့ အံ့ဝင်ခွင်ကျတော့မှာ မဟုတ်ပါဘူး။ အူနိုင်းက အာဆင်နယ်မှာ ကျွန်တော် ကစားဖို့ အဓိကပါပဲ”လို့ ပြောခဲ့ပါတယ်။