လာမယ့်ဇွန်လ(၃၀)ရက်နေ့မှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဝါရင့်ဥရုဂွေးတိုက်စစ်မှူးကြီး အက်ဒီဆင်ကာဗာနီဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း နာမည်ကျော် အာဂျင်တီးနားထိပ်သီးအသင်း ဘိုကာဂျူနီယာကို ပြောင်းရွှေ့ကစားဖို့ နီးစပ်နေတယ်ဆိုပြီး ကောလဟာလသတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့်လည်း လက်ရှိမှာတော့ ကာဗာနီဟာ သူရဲ့ကလပ်အသင်းဟောင်း နာပိုလီအသင်းနဲ့ သတင်းတွေ ပြန်ထွက်လာခဲ့ကာ လာမယ့်နွေရာသီမှာ အသင်းဟောင်းနဲ့ ပြန်လည်ပူးပေါင်းဖွယ်ရှိနေပါတယ်။

Photo Credit : Getty Image

အသက်(၃၃)နှစ်အရွှယ်ရှိ ဥရုဂွေးလက်ရွေးစင် တိုက်စစ်ကစားသမား ကာဗာနီဟာ ပြီးခဲ့တဲ့ ၂၀၁၃ခုနှစ်ကမှ နာပိုလီအသင်းကနေ ပီအက်စ်ဂျီအသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့ (၆)နှစ်ကျော်လောက် ဖြတ်သန်းခဲ့ရာကနေ အခုဆိုရင် အသင်းရဲ့ အမြဲတမ်းဂိုးသွင်းအများဆုံးသူအဖြစ်တောင် ရပ်တည်လို့နေပါတယ်။ ဒါပေမယ့် ကာဗာနီဟာ သိပ်မကြာခင်မှာပဲ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာဖြစ်သလို ကစားသမားကိုယ်တိုင်ကလည်း အသင်းနဲ့ ဆက်လက်ပူးပေါင်းဖို့ ဆန္ဒမရှိတော့တဲ့အတွက် အသင်းနဲ့ လမ်းခွဲဖို့ သေချာနေသလို သူ့ကိုလည်း ကလပ်အသင်းပေါင်းများစွာကနေ ခေါ်ယူဖို့အတွက် ပစ်မှတ်ထားလို့နေပါတယ်။

Photo Credit : Getty Image

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကတော့ ကာဗာနီအနေနဲ့ ဘိုကာဂျူနီယာအသင်းကို ပြောင်းရွှေ့ကစားဖို့အတွက် အရမ်းကိုနီးစပ်နေပြီလို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့်လည်း ဘိုကာဂျူနီယာဘက်ကနေ ကစားသမားရဲ့ လစာက မြင့်မားလွန်းနေတာကြောင့် ခေါ်ယူဖို့ လက်လျှော့ခဲ့ရပြီး အခုဆိုရင် ကာဗာနီဟာ သူရဲ့အသင်းဟောင်း နာပိုလီအသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေတယ်ဆိုကာ သတင်းတွေ ထွက်လာခဲ့ရပြန်ပါတယ်။ နာပိုလီအသင်းဟာ သူတို့ရဲ့ ကြယ်ပွင့်ကစားသမားဟောင်းကို အသင်းဆီ ပြန်လည်ခေါ်ဆောင်ဖို့အတွက် တစ်ပတ်လုပ်ခ ပေါင်(၁၁၅၀၀၀) တစ်နှစ်လုပ်ခ ပေါင်(၆)သန်းနဲ့ ကမ်းလှမ်းဖွယ်ရှိနေတယ်လို့ အီတလီသတင်းမီဒီယာကြီးတစ်ခုဖြစ်တဲ့ Tuttosport ကနေ ဖော်ပြလာခဲ့ပါတယ်။ ကာဗာနီကို နာပိုလီအပြင် အသက်လက်တီကိုမက်ဒရစ် ချယ်လ်ဆီး မန်ချက်စတာယူနိုက်တက်အသင်းတို့ကလည်း ခေါ်ယူဖို့အတွက် ပစ်မှတ်ထားလို့နေပါတယ်။