မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံကစားသမားဟောင်း ရီယိုဖာဒီနန်က နွေစျေးကွက်နောက်ဆုံးနေ့ရက်မှ ယူနိုက်တက်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တဲ့ ဝါရင့်တိုက်စစ်မှူးကြီး အက်ဒီဆင်ကာဗာနီကြောင့် အသင်းအတွက် အကျိုးရှိတဲ့ ပြောင်းလဲမှုတွေ ဖြစ်လာစေနိုင်ပြီး အသင်းရဲ့ လူငယ်ကစားသမားလေးတွေဖြစ်တဲ့ မေဆန်ဂရင်းဝုဒ်တို့မှာလည်း သူ့ဆီကနေ ဘောလုံးပညာကောင်းတွေ အတွေ့အကြုံကောင်းတွေကို သင်ယူကာ ပိုမိုတိုးတတ်ကောင်းမွန်လာနိုင်တယ်လို့ သုံသပ်ပြောဆိုလိုက်ပါတယ်။

Photo Credit : BeSoccer

အသက်(၃၃)နှစ်အရွှယ်ရှိ ဝါရင့်ဥရုဂွေးတိုက်စစ်ကစားသမားကြီး ကာဗာနီဟာ ပီအက်စ်ဂျီအသင်းရဲ့သမိုင်းတလျှောက် ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပေမယ့်လည်း သူရဲ့အသက်အရွှယ်ကြောင့် အသင်းမှာ ပွဲထွက်ခွင့်တွေ နည်းပါးလာခဲ့ရလို့ စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ အသင်းနဲ့ လမ်းခွဲခဲ့ပြီး အသင်းပေါင်းစုံနဲ့လည်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့် အပြောင်းအရွေ့နောက်ဆုံးနေ့မှာတော့ ကာဗာနီဟာ ယူနိုက်တက်အသင်းဆီကိုပဲ ရောက်ရှိလာခဲ့ပြီး ယူနိုက်တက်မှာ လိုအပ်လို့နေတဲ့ အထောင်တိုက်စစ်နေရာအတွက် ကျေနပ်လောက်စရာ အားဖြည့်တင်းမှု ဖြစ်လာနိုင်တယ်လို့ ဖာဒီနန်က သုံးသပ်လာခဲ့ပါတယ်။

Photo Credit : Daily Mirror

ဖာဒီနန်က “ကျွန်တော်ကတော့ ပြီးခဲ့တဲ့စျေးကွက်ကတည်းက သူ့ကို ခေါ်ယူသင့်တယ်လို့ မီးမောင်းထိုးပြခဲ့ဖူးပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့အသင်းမှာ ရှိနေကြတဲ့ အရည်အသွေးမြင့် တိုက်စစ်ကစားသမားလေး (၃)ယောက်လုံးမှာက သူတို့ကို တည်ငြိမ်အောင် လုပ်ပေးနိုင်မယ့် အကူအညီတွေ လိုအပ်နေကြလို့ပါ။ သူတို့တွေက ထောက်ပံ့မှုတွေ လိုအပ်နေတာ။ မာစီယဲလ်ကိုပဲ အရင်ဆုံးဥပမာပေးရမှာပေါ့ ကာဗာနီရဲ့ကစားတဲ့ပုံစံ သူကိုယ်တိုင် ကျင့်သုံးနေတဲ့ အရာတွေ သူရဲ့လေ့ကျင့်တဲ့ပုံစံတွေ သူရဲ့အတွေ့အကြုံတွေ ဒါတွေက မေဆန်ဂရင်းဝုဒ်လို တတ်သစ်စ လူငယ်ခြေတတ်လေးအတွက် သင်ယူရမယ့် အရာတွေပါ။ ကာဗာနီက သူရဲ့ကစားသမားဘဝမှာ သွင်းဂိုးတွေများစွာ ရယူခဲ့သလို ဆုဖလားများစွာကိုလည်း ပိုင်ဆိုင်ခဲ့သူပါ။ ဂရင်းဝုဒ်အတွက်တော့ ကာဗာနီဆီကနေ နေ့စဉ်တိုင်းလိုလို သင်ခန်းစာကောင်းတွေ ရနိုင်တာမို့ အရမ်းကို အကျိုးရှိစေမှာပါ။ ဒါပေမယ့် ကာဗာနီက ဒီမှာရေတိုပဲ ရှိနိုင်မှာပါ။ ဒါပေမယ့် ကျွန်တော်ယူနိုက်တက်မှာ ကစားခဲ့စဉ်တုန်းကလည်း အသင်းက လာဆင်လို ကစားသမားမျိုးကို ခေါ်ယူခဲ့သေးတယ်။ ဒီကစားသမားက ရူနီလိုမျိုး အသင်းအတွက် တန်ဖိုးရှိခဲ့လို့လားလို့မေးရင် ကျွန်တော်ကတော့ ဟုတ်တယ်လို့ပဲ ပြန်ဖြေရမှာပါ။ ကာဗာနီလည်း ဒီအတိုင်းပဲ ဖြစ်လာမှာပါ” လို့ သုံးသပ်လိုက်ပါတယ်။