ျပင္သစ္လီဂူးရဲ့ အင္အားႀကီး အသင္းျဖစ္တဲ့ ပီအက္စ္ဂ်ီအသင္းဟာ သူတို႔အသင္းနဲ႔ စာခ်ဳပ္ သက္တမ္း ကုန္ဆုံးဖို႔ ၆လသာ လိုအပ္ေတာ့တဲ့ အသက္၃၂ႏွစ္အရြယ္ တိုက္စစ္မွူး ကာဗာနီကို ယခု ဇန္နဝါရီလအေျပာင္းအေရႊ႕မွာ ေခၚယူလိုတဲ့ အသင္းရွိပါက ေျပာင္းေရႊ႕ေၾကးအျဖစ္ ေပါင္ ၂၀သန္းေပးေခ်ရမယ္လို႔ ထုတ္ေဖာ္ေျပာဆိုလာခဲ့ပါတယ္။

Photo Credit: Standard.com

အသက္၃၂ႏွစ္အရြယ္ ရွိေနၿပီျဖစ္တဲ့ ကာဗာနီဟာ ပီအက္စ္ဂ်ီအသင္းရဲ့ ထာဝရဂိုးသြင္း အမ်ားဆုံး ကစားသမားျဖစ္ေပမယ့္ လက္ရွိ ေဘာလုံးရာသီမွာေတာ့ ေျခစြမ္းေကာင္း ျပသဖို႔ ႐ုန္းကန္ေနရသူျဖစ္ၿပီး ပီအက္စ္ဂ်ီအတြက္ လီဂူးဝမ္းမွာ သြင္းဂိုးႏွစ္ဂိုးသာ သြင္းယူေပးထားနိုင္သူပါ။ ဒါ့ေၾကာင့္လည္း ကာဗာနီဟာ လက္ရွိမွာ ပြဲထြက္လူစာရင္းနဲ႔ လြဲေခ်ာ္ကာ အရန္ခုံမွာသာ ထိုင္ေနရသူ ျဖစ္ပါတယ္။

Photo Credit: Standard.com

အင္တာမီလန္အသင္းကေန အငွားနဲ႔ ေျပာင္းေရႊ႕လာခဲ့တဲ့ အိုင္ကာဒီတစ္ေယာက္ ေျခစြမ္းျပသေနခဲ့တာကလည္း ပီအက္စ္ဂ်ီအသင္းရဲ့ ကာဗာနီအေပၚထားတဲ့ သေဘာထားကို ေျပာင္းလဲေစခဲ့ၿပီး ကာဗာနီဘက္ကလည္း အသင္းမွ ထြက္ခြာခြင့္ရဖို႔အတြက္ ေတာင္းဆိုထားတဲ့ အေၾကာင္းကို မၾကာမီကမွ ပီအက္စ္ဂ်ီအသင္းရဲ့ အားကစားဒါရိုက္တာ လီယိုနာဒိုက ဝန္ခံထားခဲ့တာလည္း ျဖစ္ပါတယ္။

Photo Credit: Standard.com

လက္ရွိမွာေတာ့ ကာဗာနီကို​ ေခၚယူဖို႔ စပါး ၊ ခ်ယ္လ္ဆီး ၊ ယူနိုက္တက္စတဲ့ ပရီးမီးယားလိဂ္ နာမည္ႀကီးအသင္းေတြက ေရပန္းစားေနၿပီး အဆိုပါအသင္းေတြထဲမွာ ခ်ယ္လ္ဆီးအသင္းဟာ ကာဗာနီကို ေခၚယူဖို႔ စိတ္အဝင္စားဆုံး အသင္းျဖစ္ကာ ခ်ယ္လ္ဆီးနည္းျပလမ္းပတ္ကလည္း ကာဗာနီရဲ့အေၾကာင္းကို ထုတ္ေဖာ္ ေျပာဆိုထားခဲ့တာေၾကာင့္ ကာဗာနီဟာ ခ်ယ္လ္ဆီးအသင္းထံ ေရာက္ရွိဖို႔အတြက္ အနီးစပ္ဆုံး အေနအထားမွာ ရွိေနပါတယ္။

ပြင်သစ်လီဂူးရဲ့ အင်အားကြီး အသင်းဖြစ်တဲ့ ပီအက်စ်ဂျီအသင်းဟာ သူတို့အသင်းနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးဖို့ ၆လသာ လိုအပ်တော့တဲ့ အသက်၃၂နှစ်အရွယ် တိုက်စစ်မှူး ကာဗာနီကို ယခု ဇန်နဝါရီလအပြောင်းအရွှေ့မှာ ခေါ်ယူလိုတဲ့ အသင်းရှိပါက ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၂၀သန်းပေးချေရမယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit: Standard.com

 

အသက်၃၂နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ကာဗာနီဟာ ပီအက်စ်ဂျီအသင်းရဲ့ ထာဝရဂိုးသွင်း အများဆုံး ကစားသမားဖြစ်ပေမယ့် လက်ရှိ ဘောလုံးရာသီမှာတော့ ခြေစွမ်းကောင်း ပြသဖို့ ရုန်းကန်နေရသူဖြစ်ပြီး ပီအက်စ်ဂျီအတွက် လီဂူးဝမ်းမှာ သွင်းဂိုးနှစ်ဂိုးသာ သွင်းယူပေးထားနိုင်သူပါ။ ဒါ့ကြောင့်လည်း ကာဗာနီဟာ လက်ရှိမှာ ပွဲထွက်လူစာရင်းနဲ့ လွဲချော်ကာ အရန်ခုံမှာသာ ထိုင်နေရသူ ဖြစ်ပါတယ်။

Photo Credit: Standard.com

အင်တာမီလန်အသင်းကနေ အငှားနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ အိုင်ကာဒီတစ်ယောက် ခြေစွမ်းပြသနေခဲ့တာကလည်း ပီအက်စ်ဂျီအသင်းရဲ့ ကာဗာနီအပေါ်ထားတဲ့ သဘောထားကို ပြောင်းလဲစေခဲ့ပြီး ကာဗာနီဘက်ကလည်း အသင်းမှ ထွက်ခွာခွင့်ရဖို့အတွက် တောင်းဆိုထားတဲ့ အကြောင်းကို မကြာမီကမှ ပီအက်စ်ဂျီအသင်းရဲ့ အားကစားဒါရိုက်တာ လီယိုနာဒိုက ဝန်ခံထားခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit: Standard.com

လက်ရှိမှာတော့ ကာဗာနီကို​ ခေါ်ယူဖို့ စပါး ၊ ချယ်လ်ဆီး ၊ ယူနိုက်တက်စတဲ့ ပရီးမီးယားလိဂ် နာမည်ကြီးအသင်းတွေက ရေပန်းစားနေပြီး အဆိုပါအသင်းတွေထဲမှာ ချယ်လ်ဆီးအသင်းဟာ ကာဗာနီကို ခေါ်ယူဖို့ စိတ်အဝင်စားဆုံး အသင်းဖြစ်ကာ ချယ်လ်ဆီးနည်းပြလမ်းပတ်ကလည်း ကာဗာနီရဲ့အကြောင်းကို ထုတ်ဖော် ပြောဆိုထားခဲ့တာကြောင့် ကာဗာနီဟာ ချယ်လ်ဆီးအသင်းထံ ရောက်ရှိဖို့အတွက် အနီးစပ်ဆုံး အနေအထားမှာ ရှိနေပါတယ်။