ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုဟာ ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် သီးသန့်နေထိုင်ကြရတဲ့ အချိန်မှာ အခြား ဘောလုံးကစားသမားတွေ နဲ့ လူတွေ အားလုံးကို စိန်ခေါ်မှု တစ်ခု ပြုလုပ်ခဲ့ပြီး အဲဒီ စိန်ခေါ်မှုရဲ့ နာမည်ကတော့ “Core Crusher Challenge”လို့ အမည်ရတာပဲ ဖြစ်ပါတယ်။ “Core Crusher Challenge” ကတော့ နောက်ကျောကို ကြမ်းပြင်နဲ့ ထိပြီး ပက်လက် အိပ်ရတဲ့ အချိန်မှာ ခြေထောက် နှစ်ဖက်ကိုတော့ အပေါ်ထောင်ရမှာ ဖြစ်ပြီး အပေါ်ကို ထောင်းထားတဲ့ ခြေချောင်းတွေကို လက်ချောင်းနဲဲ့ ဘယ်နှစ်ကြိမ် ထိနိုင်သလဲ ဆိုတဲ့ စိန်ခေါ်မှုသာ ဖြစ်ပါတယ်။

Photo Credit: Dailymail

ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုဟာ ပက်လက် အိပ်ပြီး အပေါ်ထောင်ထားတဲ့ ခြေချောင်းကို လက်ချောင်းနဲ့ ထိတဲ့ အချိန်မှာ (၄၅) စက္ကန့်အတွင်း အကြိမ်ရေ (၁၄၂) ကြိမ်အထိ ထိနိုင်ခဲ့တာ ဖြစ်ပြီး အခြားသူတွေ လိုက်လုပ်လို့ မရလောက်အောင် ခက်ခဲတဲ့ စိန်ခေါ်မှု ဖြစ်သွားခဲ့ပါတယ်။ ဒါပေမဲ့လည်း တောင်အာဖရိက တာတို အပြေးမယ် အမျိုးသမီး ကာစတာ ဆီမန်ညာ (Caster Semenya) ကတော့ ရေ်ာနယ်ဒိုရဲ့ စိန်ခေါ်မှုကို လိုက်လုပ်ဖို့ လက်ခံခဲ့ပြီး လိုက်လုပ်တဲ့ အခါမှာ ရော်နယ်ဒိုရဲ့ မှုလ စံချိန်ကို မယုံနိုင်စရာ ကောင်းလောက်အောင် အပြတ်သတ် ချိုးခဲ့ပါတယ်။

Photo Credit: Dailymail

အသက် (၂၉) နှစ်အရွယ် တောင်အာဖရိက တာတို အပြေးမယ် ဆီမန်ညာကတော့ ပက်လက် အိပ်ပြီး အပေါ်ကို ထောင်ထားတဲ့ သူမရဲ့ ခြေချောင်းတွေကို လက်ချောင်းတွေနဲ့ ထိတဲ့ အခါမှာ (၄၅) စက္ကန့်အတွင်း (၁၇၆) ကြိမ် ပြုလုပ်နိုင်ခဲ့တာကြောင့် ရော်နယ်ဒိုရဲ့ စံချိန် ပျက်ခဲ့ရပါတယ်။ ပက်လက်အိပ်ပြီး ခြေချောင်းကို လက်ချောင်းနဲ့ ထိကြတဲ့ အခါမှာ ရော်နယ်ဒိုက (၄၅) စက္ကန့်မှာ (၁၄၂) ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပြီး ဆီမန်ညာကတော့ အချိန်တူ (၄၅) စက္ကန့်မှာ (၁၇၆) ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တာကြောင့် ရော်နယ်ဒိုရဲ့ စံချိန်ကို အပြတ်အသတ်ကြီး ရိုက်ချိုးခဲ့တာပဲ ဖြစ်ပါတယ်။ တာတိုအပြေးမယ် ဆီမန်ညာဟာ (၄၅) စက္ကန့်အတွင်းမှာ ပေါ်တူဂီ တိုက်စစ်မှူး ရော်နယ်ဒိုထက် အကြိမ်ရေ (၃၄) ကြိမ်အထိ ပို လုပ်နိုင်ခဲ့တာကြောင့် အပြတ်အသတ်ကြီး ရိုက်ချိုးပစ်ခဲ့တာပါပဲ။