ရီးရဲလ် ကွင်းလယ်လူ ကာစီမဲရိုကတော့ သူနဲ့ တစ်နိုင်ငံသားချင်း ဖြစ်တဲ့ ဘရာဇီး လက်ရွေးစင် တိုက်စစ်မှူး နေမာကို ရီးရဲလ်မက်ဒရစ်အသင်းမှာ လာကစားစေချင်တယ်လို့ ပြောသွားပါတယ်။ ဘရာဇီး တိုက်စစ်မှူး နေမာဟာ ဘာစီလိုနာအသင်းမှာ (၂၀၁၃-၁၄) ရာသီကနေ (၂၀၁၆-၁၇) ရာသီအထိ ကစားခဲ့ဖူးတာကြောင့် လာလီဂါ ပြိုင်ပွဲနဲ့တော့ အကျွမ်းဝင်ပြီးသား ဖြစ်နေပါတယ်။ နေမာဟာ ဘာစီလိုနာအသင်းမှာ (၃) နှစ်ခန့်ကြာ ကစားပြီးနောက် ပီအက်စ်ဂျီအသင်းကို ယူရို (၂၂၂) သန်းနဲ့ ပြောင်းရွှေ့သွားခဲ့ပြီး အခုနောက်ပိုင်း ဘာစီလိုနာအသင်းကို ပြန်လာဖို့ ချိတ်ဆက်လာခဲ့ပါတယ်။

Photo Credit: Goal

ဘာစီလိုနာအသင်း နဲ့ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ အသင်းဖော်ဟောင်း တိုက်စစ်မှူး နေမာကို (၂၀၁၉) ခုနှစ် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ ပြန်ခေါ်ဖို့ ကြိုးစားခဲ့ပါတယ်။ ရီးရဲလ်အသင်းဟာလည်း တိုက်စစ်မှူး နေမာကို ပီအက်စ်ဂျီအသင်းကနေ ခေါ်ယူဖို့ ကြိုးစားခဲ့ ပေမဲ့လည်း ပီအက်စ်ဂျီအသင်းကနေ တိုက်စစ်မှူး နေမာကို ထွက်ခွင့် မပေးခဲ့တာ ဖြစ်ပါတယ်။ ရီးရဲလ် ကွင်းလယ်လူ ကာစီမဲရိုဟာ ဘရာဇီး လက်ရွေးစင်အသင်းမှာ တိုက်စစ်မှူး နေမာနဲ့ အတူ ကစားနေပြီး နေမာကို ရီးရဲလ်အသင်းမှာ လာရောက် ကစားစေချင်တယ်လို့ ပြောသွားခဲ့ပါတယ်။

Photo Credit: Goal

ကွင်းလယ်လူ ကာစီမဲရိုက “ကျွန်တော် နေမာကို ရီးရဲလ်အသင်းမှာ လာကစားစေချင်မိပါတယ်။ ကျွန်တော် သူနဲ့ နေ့တိုင်းနီးပါး စကားပြောပြီး သူက ကစားသမားကောင်းပါ”လို့ ပြောခဲ့ပါတယ်။ ကာစီမဲရိုဟာ (၂၀၂၀) ခုနှစ်မှာ ရီးရဲလ်အသင်းရဲ့ ရည်ရွယ်ချက်က ဘာလဲလို့ အမေးခံလိုက်ရတဲ့ အချိန်မှာ သူက “လိဂ်ပြိုင်ပွဲမှာ တစ်နှစ်လုံး ခြေစွမ်းတည်ငြိမ်မှု ရှိ၊မရှိကို သိရှိနိုင်ပြီး အပတ်တိုင်းသိနိုင်ပါတယ်။ ဒါပေမဲ့ ရီးရဲလ်ကွင်းမှာ ချန်ပီယံလိဂ် သီးချင်းသံ ရှိနေပြီဆိုရင် ရီးရဲလ်အသင်းက ခြားနားသွားပါတယ်။ ကျွန်တော် ချန်ပီယံလိဂ်ကို ပိုကြိုက်ပါတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။ ရီးရဲလ်အသင်းဟာ ယခုအပတ် စနေနေ့ည၊ တနင်္ဂနွေနေ့ နံနက် (၂း၃၀) အချိန်မှာ လီဗန်တေးအသင်းနဲ့ လာလီဂါ ပွဲစဉ် ကစားပြီးရင် မန်စီးတီးအသင်းနဲ့ ချန်ပီယံလိဂ် ပွဲစဉ် ကစားသွားရမှာပါ။