MySport Myanmar

ဘရာဇီးလ်အတွက် ကစားပေးရင်း ခြေကျင်းဝတ်ဒဏ်ရာ ရခဲ့တဲ့ ကတ်စ်မဲရိုး

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ကွင်းလယ်ခံစစ် ကစားသမား ဖြစ်သူ ကတ်စ်မဲရိုးက ယမန်နေ့မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘရာဇီးလ် ၁-၁ ဗင်နီဇွဲလား ပွဲစဉ်မှာ ဝင်ကစားပေးရင်း ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရပါတယ်။

အသက် ၃၁နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုးက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် အတွက် မရှိမဖြစ် ကစားသမား တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သလို ဒီရာသီမှာလည်း အသင်းအတွက် သွင်းဂိုးများစွာ သွင်းယူပေးထားပါတယ်။

Photo Credit: Standard

ကွင်းလယ်ခံစစ်မှာ ကစားနေရပေမယ့် ဒီရာသီမှာ ကတ်စ်မဲရိုးက မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲဲဲဲဲစုံမှာ ၁၁ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၅ဂိုး သွင်းယူပေးထားသလို ဂိုးဖန်တီးမှု ၁ကြိမ်ပါ လုပ်ဆောင်ထားနိုင်ပါတယ်။

ကတ်စ်မဲရိုးက မန်ချက်စတာ ယူနိုက်တက် အတွက် အရေးပါတဲ့ ကစားသမား တဦး ဖြစ်သလို ဘရာဇီးလ်အတွက် မရှိမဖြစ် ကစားသမား တဦး ဖြစ်ပြီး သူက ယမန်နေ့မှာ ကစားခဲ့တဲ့ ဘရာဇီးလ် ၁-၁ ဗင်နီဇွဲလား ပွဲစဉ်မှာလည်း ပွဲထွက်လူစာရင်းမှာတင် ပါဝင် ကစားခွင့် ရခဲ့ပါတယ်။

Photo Credit: 90 Min

အဆိုပါပွဲမှာ ကတ်စ်မဲရိုးက ဂွီမာရေးစ်နဲ့ တွဲဖက်ကာ ဘရာဇီးလ်ရဲ့ ကွင်းလယ်ကို အကောင်းဆုံး ထိန်းကျောင်းနိုင်ခဲ့ပေမယ့် ပွဲချိန် ၇၉မိနစ်မှာ လူစားလဲခံခဲ့ရပြီး ဘရာဇီးလ်နည်းပြ ဒီနစ်ဇ်ကတော့ ကတ်စ်မဲရိုးဟာ ခြေကျင်းဝတ်မှာ ဒဏ်ရာ တခု ရခဲ့တာကြောင့် သူ့ကို လူစားလဲခဲ့တာပါလို့ ရှင်းပြလာပါတယ်။

ဒီနစ်််ဇ်က – “ကျွန်တော်တို့က ပွဲခဏနားတဲ့ အချိန်ကို အသုံးချပြီး ကစားသမား ၃ဦး အထိ လူစားလဲခဲ့ပါတယ်။ ဒါကလည်း ကစားသမားသစ်တွေကို သုံးပြီး ပွဲကို ထိန်းချုပ် ကစားချင်တာကြောင့်ပါ။ ကတ်စ်မဲရိုးကတော့ ခြေကျင်းဝတ်မှာ ဒဏ်ရာ တခု ရခဲ့တာကြောင့် သူ့ကို လူစားလဲပေးဖို့ အချက်​ပြခဲ့ပါတယ်” လို့ ကတ်စ်မဲရိုးရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သတ်ပြီး ပြောကြားသွားခဲ့တာပါ။

Exit mobile version