မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဂန္တဝင်ကွင်းလယ်ကစားသမားတစ်ဦးဖြစ်သလိုလက်ရှိမှာအသင်းရဲ့နည်းပြအဖွဲ့ဝင်တွေထဲကတစ်ဦးအဖြစ်လုပ်ကိုင်နေတဲ့ကာရစ်ကတော့လက်ရှိဘောလုံးရာသီမှာအသင်းအတွက်အကောင်းဆုံးကြိုးစားကစားပေးနေတဲ့ကွင်းလယ်လူဖရက်ဒ်ကိုချီးကျူးပြောဆိုခဲ့ပါတယ်။

Photo Credit: Express.com

     မန်ချက်စတာယူနိုက်တက်အသင်းထံကို၂၀၁၈ခုနှစ်မှာရှက်တာဒိုးနက်အသင်းထံကနေပြောင်းရွှေ့ကြေးပေါင်၅၂သန်းနဲ့ပြောင်းရွှေ့ခဲ့တဲ့ဘရာဇီးလ်ကွင်းလယ်လူဖရက်ဒ်ဟာအသင်းကိုရောက်ခါစမှာခြေစွမ်းမပြနိုင်တာကြောင့်ဝေဖန်မှုတွေခံနေရပေမယ့်လက်ရှိမှာတော့တော်မီနေးပေါ့ဘာစတဲ့အဓိကကွင်းလယ်လူတွေဒဏ်ရာပြဿနာနဲ့ကြုံတွေ့နေရတဲ့အချိန်မှာယူနိုက်တက်ရဲ့ကွင်းလယ်ကိုအကောင်းဆုံးထိန်းကျောင်းပြနေသူပါ။

Photo Credit: Express.com

     ဒါ့ကြောင့်လဲဘောလုံးပရိသတ်တွေကရောဘောလုံးကျွမ်းကျင်သူတွေကပါလက်ရှိရာသီမှာ  ယူနိုက်တက်အသင်းရဲ့အကောင်းဆုံးကစားသမားတစ်ဦးဖြစ်တယ်လို့လက်ခံထားကြတာဖြစ်ပါတယ်။ယူနိုက်တက်ရဲ့နည်းပြအဖွဲ့ဝင်တစ်ဦးဖြစ်သူကာရစ်ကလဲဖရက်ဒ်ရဲ့ခြေစွမ်းအပေါ်သူ့ရဲ့အမြင်ကိုအခုလိုပဲပြောကြားသွားခဲ့ပါတယ်။

Photo Credit: Express.com

     ဖရက်ဒ်ရဲ့ခြေစွမ်းအပေါ်ကာရစ်ကသူဟာအတော်လေးကိုကောင်းအောင်လုပ်နိုင်ခဲ့တယ်လို့ကျွန်တော်ထင်တယ်။ဒီလိုမျိုးလုပ်ဆောင်ပြဖို့ကအမြဲတမ်းတော့မလွယ်ကူပါဘူး။သမိုင်းကိုပြန်ကြည့်မယ်ဆိုရင်အသင်းကိုရောက်လာတဲ့ကစားသမားတိုင်းကလွယ်ကူတဲ့အနေအထားနဲ့ကြုံတွေ့ရတာမဟုတ်ပါဘူး။အသင်းမှာအသားကျဖို့အတွက်အချိန်အနည်းငယ်ပေးဖို့လိုအပ်ပါတယ်။ခင်ဗျားတို့သိပါတယ်။အသင်းကိုစရောက်လာတဲ့ကစားသမားတစ်ဦးခြေစွမ်းမပြနိုင်တာကသူ့ရဲ့အရည်အသွေးနဲ့သိပ်ပြီးမပတ်သတ်ပါဘူး။အသားကျဖို့ပဲလိုအပ်တာပါလို့ပြောပြသွားခဲ့တာပါ။