လီဗာပူးလ်အသင်းရဲ့ နောက်ခံကစားသမားဟောင်းတစ်ယောက်ဖြစ်ပြီး လက်ရှိအချိန်မှာ အားကစားရုပ်သံကြီးတစ်ခုဖြစ်တဲ့ Sky Sports မှာ ဘောလုံးပွဲသုံးသပ်သူအဖြစ် တာဝန်ယူဆောင်ရွှက်လို့နေတဲ့ ဂျင်မီကာရေဂါက မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အသင်းမှာ အနာဂတ်အခြေအနေတွေ မကြာခဏ လှုပ်ခတ်လို့နေတဲ့ အသင်းရဲ့ ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာကို အသင်းကနေ ရောင်းထုတ်လိုက်သင့်ပြီလို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၇)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမား ပေါ့ဘာဟာ ဒီနှစ်ဘောလုံးရာသီအတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုနဲ့ ဒဏ်ရာပြသာနာတွေကြောင့် သူရဲ့ပုံမှန်ခြေစွမ်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရတဲ့အပြင် ပွဲထွက်ကစားခွင့်တွေလည်း နည်းပါးနေရပါတယ်။ ဒါပေမယ့် ပေါ့ဘာဟာ ဝက်စ်ဟမ်းနဲ့ ယူနိုက်တက်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပွဲထွက်ကစားသမားအဖြစ် ပြန်လည်ပါဝင်ခွင့်ရခဲ့တဲ့အပြင် အသင်းအတွက် အရေးပါတဲ့ ချေပသွင်းဂိုးကိုပါ သွင်းယူနိုင်ခဲ့ပြီး အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြန်လည်ပြသနိုင်ခဲ့ပါတယ်။

Photo Credit : Daily Express

ဒီလို အသင်းနဲ့ ပြန်လည်အဆင်ပြေနေတဲ့အချိန်မှာ ပေါ့ဘာရဲ့အေးဂျင့်ဖြစ်တဲ့ ရွိုင်အိုလာက သူရဲ့ကစားသမားအနေနဲ့ ယူနိုက်တက်ကစားသမားဘဝကို အဆုံးသတ်တော့မယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့တဲ့အပြင် တစ်ဆက်တည်းမှာလည်း ပေါ့ဘာက အသင်းဟောင်းဂျုဗင်တပ်စ်ကို ပြန်သွားနိုင်တယ်လို့ပါ ပြောဆိုလိုက်ပြီး ပေါ့ဘာရဲ့အနာဂတ်ကို ထပ်ပြီးလှုပ်ခတ်အောင် ဆွလိုက်ပါတယ်။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ကာရေဂါက “ထုတ်လိုက်စမ်းပါ။ ကျွန်တော် ဒါတွေကို ပြောခဲ့တာ လွန်ခဲ့တဲ့(၁၂)လကတည်းကပါ။ ဘုရားရေ ပေါ့ဘာက ကျွန်တော့်ဘဝထဲမှာ မြင်ဖူးသမျှ ကစားသမားတွေအားလုံးထဲမှာ လိုတာထက်ပိုပြီး တန်ဖိုးကြီးမားလွန်းနေတဲ့ ကစားသမားပါပဲ။ ကျွန်တော်ကတော့ သူတို့နှစ်ယောက်လုံး(ပေါ့ဘာနဲ့ ရွိုင်အိုလာ)ကို သိက္ခာမရှိသူတွေလို့ပဲ မြင်မိပါတယ်။ ဒီဘက်ခတ်မှာ အေးဂျင့်တွေက အေးဂျင့်အလုပ်ကိုပဲ လုပ်နေကြတော့တာ မဟုတ်ပါဘူး။ ကစားသမားတွေရဲ့ မိဘတွေလို သူငယ်ချင်းတွေလို စီးပွားရေးအကြံပေးသူတွေလို လုပ်ဆောင်တယ်။ နားလပ်ရက်တွေအတွက် လက်မှတ်ဖြတ်ပေးထားတယ်။ နေရာတစ်ခုကို အတူတူထွက်ခွာတတ်တယ်။ ရွိုင်အိုလာက ပေါ့ဘာရဲ့ အကောင်းဆုံးမိတ်ဆွေ ဖြစ်နေလိမ့်မယ်။ ဒါကြောင့် ပေါ့ဘာအနေနဲ့ကလည်း ဒီလူရဲ့ပါးစပ်ကနေ ထွက်လာသမျှ စကားလုံးတွေကို သတိပေးဖို့လိုလိမ့်မယ်။ ဒါကို အဲ့ဒီလူဘက်ကနေ မလိုက်နာနိုင်ဘူးဆိုရင်တော့ ဒီလူကို အေးဂျင့်ရာထူးကနေ ထုတ်ပယ်လိုက်သင့်ပါတယ်” လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။