မနေ့ညက ဘာနေဗျူးကွင်းမှာ ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ ရီးယဲလ်မက်ဒရစ်နဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဘာပေရဲ့ အဖွင့်ဂိုးနဲ့ ပီအက်စ်ဂျီတို့ အခြေအနေကောင်းတစ်ခုကို ပိုင်ဆိုင်ခဲ့ရပေမယ့်လည်း ဒုတိယပိုင်းမှာ မမျှော်လင့်ပဲ ပီအက်စ်ဂျီ ခံစစ်ကနေ သွင်းဂိုးတွေ ဆက်တိုက်ခွင့်ပြုခဲ့ပြီးနောက် နှစ်ကျော့ပေါင်းရလဒ် (၃)ဂိုး (၂)ဂိုးနဲ့ ရီးယဲလ်က ကွာတားကို တတ်လှမ်းခဲ့ရပါတယ်။ ဒီပွဲစဉ်မှာ ပီအက်စ်ဂျီဘက်က ချေပဂိုး စတင်ခွင့်ပြုပြီးနောက်ပိုင်း ခံစစ်ပိုင်း ယိုယွင်းသွားခဲ့ရသလို ရီးယဲလ်အသင်းရဲ့ ပွဲသိမ်းအနိုင်ဂိုးကိုပါ ဒုတိယဂိုး ခွင့်ပြုပြီး အချိန်ပိုင်းလေးအတွင်းမှာ ဆက်တိုက် ခွင့်ပြုခဲ့ရတဲ့အထိ ဆိုးရွှားခဲ့ရပါတယ်။

Photo Credit : Daily Mail

ပထမအကျော့မှာကတည်းက ရလဒ်ကောင်းတစ်ခုကို ပိုင်ဆိုင်ထားခဲ့သလို ဒုတိယအကျော့မှာလည်း ပွဲကို စတင်ဦးဆောင်နိုင်ခဲ့တဲ့ ပီအက်စ်ဂျီအသင်းဟာ ပိုင်ဆိုင်ထားရတဲ့ အခြေအနေကို အသုံးမချနိုင်ခဲ့ပဲ ရီးယဲလ်အသင်းကို ဒုတိယပိုင်းအတွင်း သွင်းဂိုးတွေ ခွင့်ပြုခဲ့ရာကနေ အဆုံးသတ်မှာတော့ နှစ်ကျော့ပေါင်းရလဒ်မှာ ရီးယဲလ်က အနိုင်ရသွားတာကြောင့် ကွာတားကို တတ်လှမ်းသွားခဲ့ရပါတယ်။ ပီအက်စ်ဂျီအတွက် ပိုအထိနာစေခဲ့တာက ရီးယဲလ်ကို ဒုတိယဂိုး ခွင့်ပြုလို့အပြီး (၁၁)စက္ကန့်လေးအတွင်းမှာ နောက်ထပ် တတိယဂိုးကိုပါ ထပ်မံခွင့်ပြုခဲ့ရသလို အဲ့ဒီတတိယဂိုးကြောင့် ပီအက်စ်ဂျီတို့ (၁၆)သင်းအဆင့်နဲ့ ကျေနပ်သွားခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit : Daily Mail

ဒီအခြေအနေနဲ့ ပတ်သက်ပြီး လီဗာပူးလ် နောက်ခံကစားသမားဟောင်းကြီး ဂျင်မီကာရေဂါက “ဒါက ရှက်စရာပဲ။ (၁၁)စက္ကန့်လေးဆိုတော့။ တကယ်လို့ ရီးယဲလ်မက်ဒရစ်အသင်းက (၁၅)နှစ်အောက် ဒါမှမဟုတ် ကလေးအသင်းနဲ့ မကစားခဲ့မယ်ဆိုရင်တောင် ဒီလို အခြေအနေမျိုးက မဖြစ်လာသင့်ပါဘူး။ ဒါက လုံးဝကြီးကို ရှက်စရာကောင်းပါတယ်။ တကယ်ကို ရှက်စရာပါ။ ကစားသမားတွေအနေနဲ့ ဒီလိုအဆင့်မျိုးမှာ ကစားနေရချိန် အသင်းအတွက် အစွမ်းကုန် တိုက်ပွဲဝင်ပေးသွားရမှာ။ သူတို့အသင်းအတွက် ပေးဂိုး(၂)ဂိုး ခွင့်ပြုလိုက်ရတဲ့အချိန်မှာ ခက်ခဲသွားရတဲ့ အနေအထားမျိုးကို ရောက်သွားနိုင်တယ် ဆိုပေမယ့်လည်း ဂိုးပေးပြီး စပေးဘော ပေးတဲ့နေရာကနေ နောက်ထပ်သွင်းဂိုးကိုပါ ထပ်ပြီး ခွင့်ပြုပေးလိုက်ရတာက တကယ်ကို ရှက်စရာကောင်းပါတယ်” လို့ ဝေဖန်သွားခဲပါတယ်။ ကာရေဂါနည်းတူ အာဆင်နယ်ရဲ့ ဂန္တဝင် တိုက်စစ်ကစားသမားဟောင်းကြီး သီယာရီအွန်နရီကလည်း ပီအက်စ်ဂျီ ခံစစ်ကစားသမား အသင်းခေါင်းဆောင် မာကွင်ဟို့စ်က ဘောလုံးကို ကောင်းမွန်စွာ ရှင်းထုတ်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက် ဘန်ဇီမာ ဂိုးသွင်းယူဖို့ အခြေအနေပေးသလို ဖြစ်သွားခဲ့ရတယ်လို့ပါ ထောက်ပြဝေဖန်သွားခဲ့ပါတယ်။