MySport Myanmar

စပါးက ဘယ်တော့မှ သာမန်ထက် ပိုပြီး လုပ်ပြနိုင်တာမျိုး မရှိဘူးလို့ ကာရေဂါ သုံးသပ်

မနေ့ညက အန်ဖီးလ်မှာ ကျင်းပခဲ့တဲ့ ခါရာဘောင် လိဂ်ဖလား ဆီမီးဖိုင်နယ် ဒုကျော့ပွဲစဉ်အတွင်း အိမ်ရှင် လီဗာပူးလ်က စပါးအသင်းကို (၄)ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီးလေီဗာပူးလ် ကစားသမားဟောင်းကြီး ကာရေဂါကို စပါးဟာ ဘယ်တုန်းကမှ big game တွေကို အနိုင်မယူနိုင်တဲ့ အသင်းလို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။

စပါးအသင်းဟာ ပထမအကျော့ အိမ်ကွင်းမှာ ဧည့်ခံကစားခဲ့တုန်းက လီဗာပူးလ်ကို တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပေမယ့် အခု ဒုတိယအကျော့မှာတော့ ဂက်ပို ဆာလာ ဆိုဘော့ဇ်ဆလိုင်း ဗန်ဒိုက်တို့ရဲ့ ဂိုးတွေနဲ့ အပြတ်အသတ်ကို ရှုံးနိမ့်ခဲ့ရတဲ့အပြင် တစ်ပွဲမှာလည်း ဂိုးပေါက်တည့်ကန်ချက် တစ်ကြိမ်လေးတောင် မရှိခဲ့တဲ့အထိ အခြေအနေဆိုးခဲ့ရပါတယ်။

Photo Credit : The Independent

ဒီရှုံးပွဲကြောင့် ပိုစတီကိုဂလူးရဲ့ စပါးအသင်းဟာ ဒီရာသီထဲ ဆုဖလားတစ်လုံးကို စတင် လက်လွတ်လိုက်ရပြီဖြစ်ပြီး အက်ဖ်အေဖလားမှာလည်း ဗီလာအသင်းနဲ့ ဆုံတွေ့နေရလို့ နောက်တစ်ဆင့် တက်လှမ်းနိုင်ဖို့က မသေချာ မရေရာ ဖြစ်နေရပါတယ်။ ပရီးမီးယားလိဂ်မှာလည်း စပါးက အဆင့်(၁၄)ထိ ရောက်ရှိနေရပါတယ်။

အခုလည်း လီဗာပူးလ်ကို ဂိုးပြတ်ရှုံးခဲ့တဲ့ ပွဲစဉ်မှာလည်း စပါးရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကာရေဂါက “ဒီပွဲမတိုင်ခင်ကတည်းက ဘယ်တုန်းကမှ သံသယဖြစ်စရာ မရှိခဲ့ဘူး။ ဒါက တော့တင်ဟမ်ပါ။ တော့တင်ဟမ်က ဘယ်တုန်းကမှ ကြီးမားတဲ့ပွဲတစ်ပွဲကို မနိုင်ခဲ့ဘူး။ တော့တင်ဟမ်က ဘယ်တုန်းကမှ သင်ကို အံ့အားသင့်စေခဲ့ပြီး မျှော်မှန်းထားတာထက် ပိုပြီး အနိုင်ရခဲ့ဘူးမလား။ လီဗာပူးလ်အတွက် အခွင့်အရေးက သိသိသာသာ ပိုများနေခဲ့တယ်။”

Photo Credit : Goal

“သူတို့က အိမ်ကွင်း အန်ဖီးလ်မှာ ကစားရတာ ဖြစ်နေတယ်။ သူတို့က နိုင်ငံတစ်ဝှမ်းမှာ အကောင်းဆုံးအသင်းဖြစ်ပြီး လောလောဆယ် ဥရောပမှာလည်း အကောင်းဆုံးဖြစ်နိုင်တယ်။ ဒါက ဒီစပါးအသင်းတစ်သင်းတည်းနဲ့ ပတ်သက်တာမဟုတ်ဘူး။ သူတို့က သင်ကို ဘယ်တုန်းကမှ အံ့အားသင့်စေခဲ့ဖူးတာ မရှိဘူး။ သာမန်ထက် ပိုပြီး တစ်ခုခုလုပ်ခဲ့ဖူးတာ မရှိဘူး။ သူတို့ နောက်ဆုံး ကြီးမားတဲ့ပွဲတစ်ပွဲကို အနိုင်ရခဲ့တာကို ပြန်စဉ်းစားကြည့်ဖို့ ကြိုးစားနေတယ်။”

“ငါထင်တာကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်က အေဂျက်စ်ပွဲကို ပြန်သွားရမယ်။ အဲဒီမှာ သူတို့က တော်တော်ကံကောင်းခဲ့တယ်။ ပွဲအများစုမှာ သူတို့က စုတ်ပြတ်သတ်ခံခဲ့ရပါတယ်။” မှတ်ချက်ပြု ပြောကြားသွားခဲ့ပါတယ်။ စပါးအသင်းကို ဂိုးပြတ်ရလဒ်နဲ့ အနိုင်ယူ ကျော်ဖြတ်သွားခဲ့တဲ့ လီဗာပူးလ်အသင်းက လိဂ်ဖလားပြိုင်ပွဲရဲ့ ဖိုင်နယ်အဆင့်ဆီကို နှစ်ကြိမ်ဆက်တိုက် တက်လှမ်းနိုင်ခဲ့ပြီး ဒီတစ်ကြိမ်မှာတော့ နယူးကာဆယ်အသင်းနဲ့ ရင်ဆိုင်သွားရမှာပဲ ဖြစ်ပါတယ်။

Exit mobile version