ပရီးမီးယားလိဂ်ရဲ့ အင်အားကြီး အသင်းတစ်သင်းဖြစ်တဲ့ လီဗာပူး အသင်းရဲ့ နောက်ခံလူဟောင်းဖြစ်သူ ဂျင်မီ ကာရေဂါ က အသင်းရဲ့ အဓိက တိုက်စစ်ကစားသမားဖြစ်သူ အီဂျစ်လက်ရွေးစင် ကစားသမား မိုဟာမက် ဆာလက် အနေနဲ့ စပိန်နိုင်ငံရဲ့ အသင်းကြီးတွေ ဖြစ်ကြတဲ့ ရီးရဲလ်မက်ဒရစ် ဒါမှမဟုတ် ဘာစီလိုနာ ကို ပြောင်းရွှေ့ဖို့ရာ အတွက် စိတ်အားထက်သန်နေကြောင်းနဲ့ စပိန်ကလပ်တွေဘက်က ကမ်းလှမ်းထားတဲ့ ပေါင်သန်း ၁၀၀ က ဆာလက်ကို စွဲဆောင်နေတာကို သတိထားမိကြောင်း ပြောဆိုခဲ့ပါတယ်။ ဆာလက် အနေနဲ့ အခုချိန်ထိတော့ သူ့ရဲ့ အနာဂါတ် နဲ့ ပတ်သက်ပြီး ဘာမှထုတ်ပြောခြင်း မရှိသေးပါဘူး။

Photo Credit: Goolfm

ဆာလက် အနေနဲ့ ချန်ပီယံလိဂ်ဖလား၊ ကလပ်ကမ္ဘာ့ဖလားနဲ့ ပရီးမီးယားလိဂ် ဖလားတို့ကို လီဗာပူး နဲ့ အတူ ရယူထားနိုင်ခဲ့ပေမယ့်လည်း အင်္ဂလန်မှာ အောင်မြင်ဖို့ရာအတွက် အနည်းငယ် ကျန်ရှိသေးတာ ဖြစ်ပါတယ်။ အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ ဆာလက် ဟာ ၁၇၈ ပွဲပါဝင် ကစားရာမှာ ၁၁၁ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီးတော့ ရွှေဖိနပ်ဆု နဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆု စတာတွေကို ဆွ‌တ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။ လီဗာပူး အသင်းရဲ့ ဂန္တဝင်ဖြစ်သူ ကာရေဂါ ကတော့ ဆာလက် နဲ့ ပတ်သက်ပြီး အခုလိုပဲ ပြောဆိုထားပါတယ်။ “ မိုဟာမက် ဆာလက်က ကစားသမားဘဝ ကို ကြည့်တတ်တဲ့ သူတွေထဲက တစ်ဦးပါ၊ ပြီးတော့ ဘာစီလိုနာ ဒါမှမဟုတ် ရီးရဲလ်မက်ဒရစ် ကို သူ့ရဲ့ CV မှာ ရှိစေချင်နေပုံပါပဲ။ တစ်ချို့ ကစားသမားတွေက သူတို့ရဲ့ ကစားသမားဘဝ ကို အဲ့ဒီလိုပဲ ကြည့်တတ်ကြပါတယ် ”

Photo Credit: Goolfm

“ တစ်ချိန်တုန်းက အီဒင် ဟာဇက်လည်း ရီးရဲလ်မက်ဒရစ် ကို အမြဲတမ်း ပြောင်းရွှေ့ချင်နေခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်ကသာ မိုဟာမက် ဆာလက် အနေနဲ့ အခုလို သူလုပ်ချင်တာမျိုးကို လုပ်ချင်မယ်ဆိုရင် ကျွန်တော် အံ့ဩမိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အခုလက်ရှိ အခြေအနေ အရတော့ ငွေကြေးပိုင်ဆိုင်ရာကော၊ အသက်အရွယ်‌ကော အရ အသင်းတွေ အနေနဲ့ သူ့အတွက် အဲ့ဒီလောက်များတဲ့ ငွေကို သုံးစွဲမာ မဟုတ်ပါဘူး။ ရီးရဲလ်မက်ဒရစ် ဒါမှမဟုတ် ဘာစီလိုနာ အနေနဲ့ ဆာလက်ထက် အမ်ဘာပေး ဒါမှမဟုတ် ဟားလန်း ဒါမှမဟုတ် မာနေးကိုသာပိုပြီးတော့ ခေါ်ဖို့ စဉ်းစားလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်၊ ဘာလို့လဲဆိုရင် ဆာလက် ရဲ့ အသက်အရွယ်ကြောင့်ပါ။ အဲ့ဒီ အသင်းနှစ်သင်းလုံးက အခုချိန်မှာ ငွေကြေး မလုံလောက်တဲ့ အသင်တွေပါ၊ ပြီးတော့ ဆာလက် ရဲ့ လီဗာပူးမှာ စာချုပ်က ကုန်ဖို့ အတွက် အချိန်တစ်ခု ကြာအုန်းမှာပါ။ ဒါကြောင့်မို့ လီဗာပူး အသင်းပရိသတ် တစ်ယောက် အနေနဲ့ သူ မကြာခင် အသင်းကနေ ထွက်ခွာသွားမှာကို ကျွန်တော် မစိုးရိမ်မိပါဘူး ” လို့ ပြောဆိုခဲ့ပါတယ်။