လီဗာပူးလ်အသင်းရဲ့ လက်ရှိ တိုက်စစ်ကစားသမား ဒီယိုဂို ဂျိုတာက လီဗာပူးလ် တိုက်စစ်ကစားသမားဟောင်းတွေဖြစ်တဲ့ မိုက်ကယ် အိုဝင် ၊ ဖာနန်ဒို တောရက်စ် နဲ့ လူးဝစ် ဆွာရက်ဇ်တို့ထက် အဆုံးသတ် ပိုကောင်းမွန်တယ်လို့ ဂျင်မီ ကာရေဂါက သုံးသပ် ပြောဆိုသွားခဲ့ပါတယ်။

မိုဟာမက် ဆာလာ အီဂျစ်အသင်းနဲ့အတူ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ ဝင်ရောက် ဆင်နွဲနေချိန် လီဗာပူးလ်အသင်းရဲ့ တိုက်စစ်က တစ်ပွဲကို ပျမ်းမျှ (၂)ဂိုးခန့် သွင်းယူလို့နေပြီး တိုက်စစ်ကစားသမား ဂျိုတာဟာလည်း အဲ့ဒီ (၃)ပွဲမှာ (၂)ဂိုးသွင်း (၂)ဂိုးဖန်တီးပေးထားနိုင်ခဲ့ပါတယ်။

Photo Credit : Sky Sports

ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်ကစားသမား ဂျိုတာဟာ ကြွက်သားဒဏ်ရာကြောင့် ဒီဇင်ဘာ တစ်လလုံးနီးပါး အနားယူနေရတာ ဖြစ်ပေမယ့် ဆာလာ အာဖရိကဖလားပြိုင်ပွဲ ဆင်နွဲရတော့မယ့် အချိန်မှာပဲ ဂျိုတာက ဒဏ်ရာကနေ အရှင်းသက်သာလာရင်း အသင်းအတွက် ပြန်လည် ကစားပေးခဲ့ရပါတယ်။

ညက ဘုန်းမောက်ကို (၄)ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာလည်း ဂျိုတာ လီဗာပူးလ်အသင်းအတွက် (၂)ဂိုး ဆက်တိုက် သွင်းယူပေးခဲ့ရင်း နူးညက်ဇ်ရဲ့ အဖွင့်ဂိုးကိုပါ ဖန်တီးပေးသွားနိုင်ခဲ့ပါတယ်။ ဒီလို ခြေစွမ်းပြနေတဲ့ ဂျိုတာနဲ့ ပတ်သက်ပြီး လီဗာပူးလ် ကစားသမားဟောင်း ကာရေဂါက “ဆာလာ မပါဝင်ပဲ နိုင်ပွဲရတဲ့ ပွဲတွေမှာ လီဗာပူးလ်ရဲ့တိုက်စစ် အခန်းကဏ္ဍထဲ ဘယ်ကစားသမားက အဓိကနေရာက ပါဝင်နေမလဲဆိုရင်”

Photo Credit : Sky Sports

“လက်ရှိ အနေအထားအရတော့ ဂျိုတာလို့ပဲ ပြောရမယ်။ ကျွန်တော်ဆိုရင် လီဗာပူးလ်မှာ မိုက်ကယ် အိုဝင် ၊ ဖာနန်ဒို တောရက်စ် ၊ လူးဝစ် ဆွာရက်ဇ် ၊ ရော်ဘီ ဖောင်လာ အစရှိတဲ့ ကစားသမားတွေနဲ့ တွဲဖက် ကစားဖူးပေမယ့် ဂျိုတာကိုတော့ အဆုံးသတ် အကောင်းဆုံးလို့ပဲ ကျွန်တော် ထင်မိပါတယ်။”

“သူက ဂိုးသွင်းဖို့ အခွင့်အရေးသာ ရလာခဲ့မယ်ဆိုရင် သူရဲ့အဆုံးသတ်က ကြောက်ခမန်းလိလိပဲ။ ဒီရာသီမှာဆို သူက ပွဲကစားချိန် (၈၄)မိနစ်တိုင်းမှာ ဂိုးတစ်ဂိုး ဒါမှမဟုတ် ဂိုးဖန်တီးမှုတစ်ကြိမ် လုပ်ဆောင်နိုင်တယ်။ သူရဲ့ ဒီလို စွမ်းဆောင်ရည်ဟာ တကယ် လေးစားလောက်စရာပါ။” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။