လီဗာပူး အသင်းရဲ့ ဂန္တဝင်ကစားသမားတစ်ဦးဖြစ်တဲ့ ဂျေမီကာရေဂါ ကတော့ လီဗာပူး ကစားသမားတွေ ဖြစ်ကြတဲ့ ရောဘတ်တို ဖာမီနို နဲ့ ဒီရိုဂို ဂျိုတာ ကြား ဖြစ်ပေါ်နေတဲ့ ဘယ်ကစားသမားက ပိုပြီးတော့ ကောင်းလဲဆိုတဲ့ ငြင်းခုံနေတဲ့ အပေါ်မှာ သူ့ရဲ့ သဘောထားကို ဖွင့်ဟပြောဆိုလာပါတယ်။ အသက် ၂၃ နှစ်အရွယ်သာရှိသေးတဲ့ ဂျိုတာ ဟာ လီဗာပူး အသင်းထံ ဝုဗ်စ်အသင်းကနေ စက်တင်ဘာလ ကမှ ရောက်ရှိလာတာ ဖြစ်ပါတယ်။ ဂျိုတာဟာ လီဗာပူး အသင်းကို ရောက်စတည်းက ခြေစွမ်းပြနေတဲ့ ကစားသမားတစ်ဦး ဖြစ်ကာ လီဗာပူး အသင်းရဲ့ ပြိုင်ပွဲစုံ ၁၁ ပွဲမှာ ပါဝင်ကစားထားပြီးတော့ ၇ ဂိုးအထိ သွင်းယူပေးထားနိုင်တဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။

Photo Credit: Standard

ဖာမီနို ကတော့ ဒီရာသီ လီဗာပူး အသင်းရဲ့ ပွဲစဉ် ၁၂ ပွဲမှာ ပါဝင် ကစားထားပေးပြီးတော့ ၁ ဂိုးတည်းသာ သွင်းယူထားနိုင်ပြီးတော့ နှစ်ကြိမ်သာဖန်တီး ပေးနိုင်ခဲ့တာကြောင့် ပရိသတ်အချို့ရဲ့ ဝေဖန်မှုကို အကြီးကျယ် ခံနေရတာလည်း ဖြစ်ပါတယ်။ ဂျိုတာအနေနဲ့ အသင်းအပေါ် လျှင်လျှင်မြန်မြန် နဲ့ လွှမ်းမိုးနိုင်ခဲ့တာကြောင့် ပရိသတ်အများစုက အသက် ၂၉ နှစ်အရွယ် ဘရာဇီးလ် ကစားသမား ဖာမီနို ထက်ကို ပိုပြီးတော့ ချီးကျူးမှုတွေ ရှိနေတာ ဖြစ်ပါတယ်။ လီဗာပူး အသင်းရဲ့ ဂန္တဝင်ကစားသမားတစ်ဦးဖြစ်တဲ့ ဂျေမီကာရေဂါ ကတော့ ဂျိုတာနဲ့ ဖာမီနိုကြား ယှဉ်ပြီးတော့ ပြောဆိုမှုတွေ အပေါ် သူ့ရဲ့ အမြင်ကို အခုလိုပဲ ပြောဆိုခဲ့ကာ လီဗာပူး အသင်းရဲ့ အတောင့်တင်းဆုံးရှေ့တန်းသုံးယောက် က ဘယ်သူတွေလဲလို့ မေးတဲ့ အခါမှာတော့ “ မာနေး၊ ဂျိုတာ၊ ဆာလက် ” လို့‌ဖြေခဲ့ပါတယ်။

Photo Credit: Standard

“ ဖာမီနို အနေနဲ့ အခုချိန်မှာ အကောင်းဆုံး ပုံစံမှာ ရှိမနေတာ သေချာပါတယ်။ ဒါပေမယ့် အဲ့ဒါက လီဗာပူး အသင်း ဖိုင်နယ်ရောက်ရင် ပြောင်းလဲကောင်း ပြောင်းလဲသွားနိုင်ပါတယ်။ ဒါပေမယ့် မနှစ်က ရာသီတုန်းကလည်း သူ အကောင်းဆုံးပုံစံမှာ ရှိမနေခဲ့ဘူးလို့ ကျွန်တော် ထင်ပါတယ်။ လီဗာပူး အနေနဲ့ အမှတ်ပေးဖလားကို ရရှိခဲ့ရင်တောင် တစ်ချို့အရာတွေက ဖုံးကွယ်နေပါလိမ့်မယ်။ ဖာမီနို အနေနဲ့ ချယ်လ်ဆီးနဲ့ ကစားမယ့် နောက်ဆုံး ပရီးမီးယားလိဂ်ပွဲစဉ်အထိ အိမ်ကွင်းမှာ တစ်ဂိုးတောင် မသွင်းနိုင်ခဲ့ဘူး ဆိုတာမျိုးပါ။ လီဗာပူး ပရိသတ်တွေ အနေနဲ့ ဖာမီနိုရဲ့ နေရာက ဂိုးသွင်းဖို့ တာဝန်မဟုတ်ဘူးဆိုတာကို သိလောက်ကြပါတယ်။ သူက ဖန်တီးပေးပြီးတော့ တစ်ဖက် ကစားသမားကို ဖိအားပေးပြီး ကစားတတ်တဲ့ ကစားသမားမျိုးပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ အပတ်က ပွဲစဉ်ကို ပြန်ကြည့်လိုက်ရင်လည်း သူ ကောင်းကောင်း ဖိအားပေး မကစားနိုင်ခဲ့ဘူးဆိုတာ အသေချာပါပဲ။ သူသာ ကစားသမား စာရင်းက ထွက်ရပြီး ဂျိုတာ သာ ဝင်လာရင် သူ့ရဲ့ ကစားသမားဘဝ က ပြီးဆုံးသွားမယ်လို့ ကျွန်တော် မဆိုလိုပါဘူး။ သူ အရံခုံမှာ သုံးလေးပွဲလောက် ထိုင်နေသင့်တယ် ” လို့ ပြောခဲ့ပါတယ်။