လီဗာပူးလ် ဂန္တဝင် နောက်ခံ ကစားသမားဟောင်း ကာရေဂါကတော့ ရော်နယ်ဒိုဟာ လာလီဂါ ပြိုင်ပွဲ ကစားခဲ့စဉ်က သူ့ကိုယ်သူ မက်ဆီရဲ့ နောက်မှာ ရှိနေတယ်လို့ မြင်တာကြောင့် ရီးရဲလ်အသင်းကနေ ဂျုဗင်တပ်အသင်းကို ပြောင်းခဲ့တာ ဖြစ်တယ်လို့ အခိုင်အမာ ပြောသွားပါတယ်။ ဒါပေမဲ့လည်း တိုက်စစ်မှူး ရော်နယ်ဒိုကတော့ ဂျုဗင်တပ်အသင်းကို ပြောင်းသွားခဲ့တဲ့ အချိန်မှာ စိန်ခေါ်မှု အသစ်ကို ရရှိချင်တာကြောင့် အသင်း ပြောင်းခဲ့တာ ဖြစ်တယ်လို့ ပြောခဲ့တာ ဖြစ်ပြီး ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီကိုလည်း အသင်းပြောင်းဖို့အတွက် စိန်ခေါ်သွားခဲ့ဖူးပါတယ်။

Photo Credit: Goal

မက်ဆီကတော့ ဘာစီလိုနာအသင်းရဲ့ လာမာစီယာ အကယ်ဒမီထွက် ကစားသမား ဖြစ်ပြီး ဘာစီလိုနာ (စီ) အသင်း၊ ဘာစီလိုနာ (ဘီ) အသင်း နဲ့ ဘာစီလိုနာ ပထမအသင်းမှာ ကစားခဲ့တာကြောင့် ဘာစီလိုနာအသင်းမှာ (၂၀၀၃) ခုနှစ်က လက်ရှိအချိန်အထိ (၁၇) နှစ်ခန့် ရှိနေပြီ ဖြစ်ပါတယ်။ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီလိုပဲ နောက်ခံလူ ကာရေဂါလည်း လီဗာပူးလ်အသင်းမှာ (၁၇) နှစ်ခန့်ကြာ ကစားခဲ့ပြီး ကာရေဂါကတော့ တိုက်စစ်မှူး ရော်နယ်ဒိုဟာ သူ့ကိုယ်သူ မက်ဆီရဲ့ နောက်မှာ ရှိနေတယ်လို့ မြင်တာကြောင့် အသင်း ပြောင်းခဲ့တာ ဖြစ်ပါတယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

ကာရေဂါက “ဘာလို့ ရော်နယ်ဒို အသင်း ပြောင်းခဲ့တာလဲ ဆိုတာကို ကျွန်တော် တွေးမိတယ်။ ကျွန်တော် တွေးမိတာကတော့ ရော်နယ်ဒိုက သူ့ကိုယ်သူ မက်ဆီရဲ့ နောက်မှာ ရှိနေတယ်လို့ မြင်တာကြောင့် ဖြစ်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါကြောင့် ကျွန်တော်တော့ ရော်နယ်ဒိုကို သိပ် ပါးနပ်တယ်လို့ မထင်ပါဘူး။ ကျွန်တော် ကိုယ့်ကိုကိုယ် ဒီနိုင်ငံတွေ အားလုံးမှာ ဆုဖလား ရရှိခဲ့တယ်၊ ဒီနိုင်ငံတွေ အားလုံးမှာ ဂိုး အများဆုံး သွင်းတဲ့ သူ ဖြစ်ခဲ့တယ်လို့ ပြောနိုင်ပါတယ်။ ဒါတွေထက် ပို ပြောနိုင်ပါတယ်။ ကျွန်တော် ထင်တာကတော့ ရော်နယ်ဒိုက မက်ဆီ ပြုလုပ်ဖို့ ကြိုးစားနေတာနဲ့ ဆန့်ကျင့်ဘက်ကို လုပ်နေတယ်လို့ ထင်ပါတယ်။ ရော်နယ်ဒိုက သူ့ကိုယ်သူ အနည်းငယ် ခြားနားအောင် ပြုလုပ်နေတယ်လို့ ကျွန်တော် ထင်ပါတယ်”လို့ ပြောသွားပါတယ်။